Tuesday, October 21, 2014

အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် ဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

အစိုး ရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်နေသော်လည်း တစ် ဖက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ထိုဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အောက်တိုဘာ ၂ဝရက် ပြည် သူ့လွှတ်တော်အစည်းအဝေးမကျင်း ပမီ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် ရေးနှင့်အပစ်အခတ်ရပ်စဲရေးဆောင် ရွက်နေစဉ် တစ်ဖက်တွင် တိုင်းရင်း

သားလက်နက်ကိုင်အဖွဲ့အစည်းအချို့ နှင့်တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် သ ဘောထားကို လွှတ်တော်သတင်း ထောက်များက မေးမြန်းရာတွင်ယင်း သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဒီမိုကရေစီလမ်းကြောင်းကို အမှန် သွားနေတယ်ဆိုရင် ၂ဝ၁၅ ရွေး ကောက်ပွဲကို တရားမျှတရုံ၊ လွတ် လပ်ရုံမကဘဲ အချိန်မီလုပ်ကို လုပ် ရမယ်။ ပထမရွေးကောက်ပွဲက လုပ် ချင်သလို လုပ်ခဲ့တယ်။ ဒါကြောင့် ဒုတိယရွေးကောက်ပွဲ ၂ဝ၁၅ ရွေး ကောက်ပွဲကို မဖြစ်မနေသတ်မှတ် ထားတဲ့အချိန်မှာ လုပ်ကိုလုပ်ပေးရ မယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင် အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့တို့၏ နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ရေးဆွဲ ရေးဆွေးနွေးမှုအပိုင်းသည် စတုတ္ထ မူကြမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော်လည်း အခြားတစ် ဖက်တွင် အောက်ခြေအဆင့်တပ်ဖွဲ့ ဝင်နှစ်ခုတို့အကြား တိုက်ပွဲများဖြစ် ပွားနေဆဲဖြစ်သည်။

အထူးသဖြင့် မြန်မာ့တပ်မတော် နှင့် ထိတွေ့မှုဖြစ်ပွားရာတွင် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ် မတော်(SSPP/SSA)နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း တပ်မတော်က စစ်ကြောင်းတိုးချဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက် ခိုက်နေသည်ဟု ပြောကြားသလို တပ်မတော်ဘက်ကလည်း ငြိမ်းချမ်း ရေးစာချုပ်ပါအချက်များကို မလိုက် နာမှုကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားထားမှုများရှိသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အောက်တိုဘာ လထဲတွင် ထပ်မံဆွေးနွေးမည်ဟု ပြောကြားထားသော်လည်း ယခု အချိန်အထိ ပြုလုပ်မည့်ရက်အတိ အကျကို နှစ်ဖက်တာဝန်ရှိသူများက မသတ်မှတ်နိုင်သေးကြောင်း သိရ သည်။

MP,NTDW

/ ဓါတ်ပုံ - လွှတ်တော်သို့ လာရောက်လေ့လာသော ပြင်ဦးလွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ /

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group




 

No comments:

Post a Comment