အဂတိလိုက်စားမှု ပြစ်မှုထင်ရှားတဲ့အတွက် ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်ကို စစ်ကိုင်းတိုင်း တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်က အောက်တိုဘာလ ၂၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁၀နှစ်နဲ့၊ ငွေဒဏ် ငါးသောင်း ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။
ပြစ်ဒဏ်ချရာမှာ ဒဏ်ငွေငါးသောင်းကို မပေးဆောင်ရင် ထောင်ဒဏ် သုံးလ ကျခံရမယ် ဆိုတဲ့အချက် ပါရှိပါတယ်။ ထောင်ဒဏ်မှ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့် ပြုတယ်လို့လည်း ပါရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် မြို့နယ်တရားသူကြီး ဦးတင်စိန်ကို အဂတိလိုက်စားမှု ပေါ်ပေါက်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၆ အရ ဟုမ္မလင်းမြို့မ ရဲ စခန်းက စက်တင်ဘာလ(၁၅) ရက်နေ့မှာ အမှုဖွင့်ခဲ့တာပါ။
အဲဒီကိစ္စကို စစ်ကိုင်းတိုင်း တရားလွှတ်တော်မှာ စက်တင်ဘာလ(၁၆)ရက်မှ စတင်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ရုံးချိန်း ၁၁ ချိန်းမြောက်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ အယူခံဝင်သွားမယ်လို့ ဟုမ္မလင်းတရားသူကြီး အမှုကို လိုက်ပါအကျိုးဆောင်ပေးနေတဲ့
ဟုမ္မလင်းမြို့နယ် တရားသူကြီးဟာ တာဝန်ထမ်းဆောင် နေစဉ်မှာ ပြစ်မှုကြီးအမှတ် ၁၃၄၉/၂၀၁၃ ၊ မူး/စိတ် ၁၅/
ပြစ်မှုကြီး အမှတ် ၁၆၁/၂၀၁၄ ၊ ပြစ်မှု ၃၀၄-က/၃၃၇ အမှုမှာ ဆိုရင်လည်း လဘ်ငွေ နှစ်ကြိမ်တိတိ ရယူခဲ့တယ်။ ပထမ တစ်ကြိမ် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ မှာ (၂)သိန်း ကျပ်တိတိ နဲ့ ၂၀၁၄ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ (၁၀)သိန်း ရယူပြီး အဲဒီ စားသောက်ဆိုင်မှာပဲ ငွေကျပ်(၄)သောင်းနီးပါဖိုး စားသောက်ခဲ့တယ်။ တစ်ဖက် တရားခံ ယာဉ်ပိုင်ရှင် ဦးဝင်းပို ကျွေးမွေးဧည့်ခံခဲ့တဲ့ ငွေ(၆) သောင်းနီးပါး ရှိတဲ့ အစားအသောက်တွေကို မှာယူစားသုံးခဲ့တယ် ဆိုတာတွေကို သက်သေ အထောက်အထားတွေ နဲ့တစ်ကွ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
--------------------------
ဆက်စပ်သတင်း - ►http://goo.gl/NzYcfU
လာဘ်စားတဲ့ ဟုမ္မလင်းတရားသူကြီးကို အမှုဖွင့်စစ်ဆေး
Credit - The Voice Weekly
No comments:
Post a Comment