Tuesday, October 21, 2014

ဇော်လင်းနဲ့ ဝင်းဇော်ထွန်း ညှင်းပန်းနှိပ်စက် ခံထားရ

လိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း
နှိပ်စက်ထား သည့် လက္ခဏာများ တွေ့ရှိရတယ်လို့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရဲ့သတင်းရင်းမြစ် တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ 



ထိုင်း လူ့အခွင့်အရေး ကော်မရှင် ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့တဖွဲ့ဟာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကို 
အောက်တိုဘာလ ၂ဝ ရက်နေ့က သူတို့ကို ထိန်းသိမ်းထားတဲ့ ကော့စမွေ အကျဉ်းထာင်ကို သွား ရောက်
တွေ့ဆုံခွင့်ရခဲ့တာပါ။ 

အဲဒီလို သွားရောက်တွေ့ဆုံတဲ့အခါမှာ သူတို့ဟာ ကျန်းမာရေး ကောင်းမွန်တဲ့ ပုံစံမြင်တွေ့ခဲ့ရပေမယ့် သူတို့ မှာ ပလပ်စတစ် အိပ် ခေါင်း စွပ်ပြီး နှိပ်စက်တဲ့ လက္ခဏာအပါအဝင် ရင်ဘတ်အောင့်တဲ့ ဝေဒနာ၊ အတွင်း
ကြေတွေ ဟာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

“ကောင်လေး ၂ ယောက်လုံး ကျန်းမာရေးကောင်းတဲ့ ပုံစံပါဘဲ။ စိတ်ဖိစီးမှု ခံစားနေရတဲ့ပုံစံ၊ စိုး ရိမ်ကြောင့်
ကြနေတဲ့ပုံစံ ဖြစ် မနေပါဘူး။ ဒါပေမယ့် ခြေထောက် မှာ ခြေကျင်းခတ်ထားခံရတာကိုတော့ နေလို့ သိပ် အဆင်မပြေကြောင့်း ပြောနေကြပါတယ်” လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကွန်ရက်ရဲ့ အကြံပေး တဦး
ဖြစ်သူ မစ္စတာ အန်ဒီဟောက သူ့ဖေ့စ်ဘုတ် ကနေ မှတ်ချက်ရေးထားပါတယ်။ 

အန်ဒီဟောဟာ မနေ့တုန်းက ကော့စမွေ အကျဉ်းထောင်ကို သွားရောက်ကာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ကို တွေ့ခွင့်ရခဲ့ ကြတာပါ။ 

“ဒီကောင်လေးတွေ သူတို့ရင်ဆိုင်နေရတဲ့ အမှုကို နိုင်ငံတကာက စိတ်ဝင်တ စား စောင့်နေကြတာကို သိရှိ
ကြတယ်။ နောက် ပြီး သူတို့ကို ထောက်ခံအားပေးတဲ့အတွက် ကျေးဇူးတင်နေကြပါတယ်” လို့လည်း သူက ဆိုပါတယ်။ 

 ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ နိုင်ငံကူးလက်မှတ်ရနေပြီး မကြာခင် ထိုင်းကို လာပြီး သူတို့ ကို တွေ့ဖို့ ရှိတဲ့ အ ကြောင်း အန်ဒီဟောတို့က ဓာတ်ပုံတွေ ပြခဲ့တယ်လို့ သိရပါတယ်။ 

မိဘတွေကို သူတို့ သတိရကြောင်း၊ စိတ်မပူစေဖို့လည်း သူတို့က သတင်းစကား ပါးတယ်လို့ အန်ဒီဟော က ရေးထားပါတယ်။ 

ထိုင်းနိုင်ငံသာမက နိုင်ငံတကာကပါ လေးစားရတဲ့ အမှန်တရားချစ်မြတ်နိုးသူ ထိုင်း နိုင်ငံတော် မူခင်းသိပ္ပံ ဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ပွန်ထစ်ကလည်း မြန်မာ လူငယ် ၂ ဦးမှာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရပြီး အခုလည်း ရင် ဘတ်အောင့်နေတာ သိခဲ့ရတယ်လို့ ထိုင်း တီဗွီချယ်နယ်တခုနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။ 

ဒါကြောင့် ထိုင်းရဲတွေက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို နှိပ်စက်ခဲ့တယ်ဆိုတဲ့သတင်းတွေ စထွက်ပေါ်တုန်းက ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်မှန်ကိုလည်း ပြန်လည် စစ်ဆေးမယ်လို့ ဒေါက်တာ ပွန်ထစ်က ပြောသွားပါတယ်။ 

ထိုင်းရဲတွေက ဖမ်းထားတဲ့ မြန်မာ ၂ ဦးကို နှိပ်စက်ခြင်း မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုနေကြတာပါ။ 

Credit - ဧရာဝတီ ဘလော့ဂ်

No comments:

Post a Comment