ရန်ကုန်−
လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သံသယ တရားခံမြန်မာလုပ်သား နှစ်ဦးကို ရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းခဲ့ သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လူ့ အခွင့်အရေးကော်မရှင်က စုံစမ်း စစ်ဆေးမှုပြုလုပ်တော့မည်ဟု အောက်တိုဘာ ၂၀ ရက်တွင်ပြော ကြောင်း ဘန်ကောက်အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြ သည်။
မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေးစဉ်အတွင်း မရိုးသားမမျှတသည့် အပြုအမူများရှိနိုင်ခဲ့သည်ဆိုသော စိုးရိမ် ပူပန်မှုများမြင့်တက်နေချိန်တွင် အဆိုပါသတင်းထွက်ပေါ်လာ ခြင်းဖြစ်သည်။ ထိုင်းရဲချုပ်ကမူ ၎င်းတို့အပေါ် စွပ်စွဲမှုများကို ငြင်း ဆိုထားပြီးဖြစ်သည်။
‘‘ရဲတပ်ဖွဲ့က နိုင်ထက်က လူအင်အားသုံးခဲ့တယ်။ ဒါမှမ ဟုတ် သံသယတရားခံတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတာကို မသင်္ကာစရာအကြောင်းရှိရင် သိနိုင်ဖို့ ရှေ့အပတ်မှာ တွေ့ရအောင်လို့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို ကော်မရှင်က ဖိတ်ကြားထားပါတယ်’’ ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Niran Pitakwacha-ra က ပြောကြားသည်။
‘‘သူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့ တယ်လို့ သူတို့က ကျွန်တော်တို့ ကိုပြောတယ်။ ဒါပေမဲ့ အဲဒါကို ခုထိကျွန်တော်တို့ အတည်မပြု နိုင်သေးပါဘူး’’ ဟု (သံသယ တရားခံများကို ရည်ညွှန်းပြီး) ၎င်း ကထပ်လောင်းပြောကြားသည်။
အမှုကို မြန်မြန်ဆန်ဆန် ဖြေရှင်းရန် ရဲတပ်ဖွဲ့သည် ဖိအား ပေးခံနေရပြီး စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့က ကပြက်ကချော် လုပ် သည်ဟုလည်း ဝေဖန်သူများက စွပ်စွဲထားကြသည်။ သံသယ တရားခံနှစ်ဦးကို အတင်းအကျပ်စေခိုင်းသည့်နည်းဖြင့် လူသတ်မှု အား ၀န်ခံစေခဲ့ခြင်းဖြစ်နိုင်သည် ဆိုသော စိုးရိမ်မှုများ ပေါ်ထွက်ခဲ့ သည်။
နှိပ်စက် ညှဉ်းပန်းခြင်းနှင့် ပတ်သက်သည့် စွပ်စွဲမှုများအ တွက် လွတ်လပ်သည့် စုံစမ်းစစ် ဆေးရေးတစ်ရပ်ဆောင်ရွက်ရန် ထိုင်းအစိုးရကို လူ့အခွင့်အရေး အဖွဲ့ကြီးဖြစ်သော Amnesty International က တိုက်တွန်း ထားသည်။
‘‘သံသယ တရားခံတွေကို ကျွန်တော်တို့ ကနဦး စုံစမ်းစစ် ဆေးတုန်းက ဒဏ်ရာတွေ မတွေ့ ခဲ့ပါဘူး။ ဒါပေမဲ့ သံသယတရား ခံတစ်ယောက်ရဲ့ ရင်ဘတ်မှာ အတွင်းကြေဒဏ်ရာအမှတ်တစ်ခု ကျွန်တော်တို့ တွေ့တယ်။ အဲဒါ ကြောင့် သံသယတရားခံရဲ့ ရင် ဘတ်ကို ဓာတ်မှန်ရိုက်ဖို့ ထောင် တာဝန်ရှိသူတွေကို ကျွန်တော်တို့ ပြောမှာပါ’’ဟု ကော်မရှင်နာမင်း ကြီး Niran ကပြောသည်။
—Ref:Reuters
Credit - 7DAY DAILY

No comments:
Post a Comment