ဗြိတိန်ရဲတွေအနေနဲ့ လိပ်ကျွန်းမှာ သေဆုံးခဲ့သူ
ဗြိတိန် နိုင်ငံသား ဒေးဗစ် မီလာနဲ့ ဟန်နာ ၀စ် သရစ်ခ်ျတို့နဲ့ ပတ်သက်ပြီး
ထိုင်းရဲက လူသတ်သမားတွေလို့ ပြောဆိုထားတဲ့ မြန်မာ ၂ ဦးဟာ နှိပ်စက်
ညှင်းပန်းပြီးခံ ၀န်ချက်ပေးခဲ့ တာ ဟုတ်၊ မဟုတ်နဲ့ သူတို့ ၂ ဦးရဲ့ DNA
တွေကိုလည်း သီးခြား လွတ်လပ်စွာ ရယူစစ်ဆေးသွားဖို့ရှိတယ်လို့ ဗြိတိန်
အခြေစိုက် ဘီဘီစီ သတင်းတပုဒ်က ရေးပါတယ်။
ဒီအကြောင်းကို ဧရာဝတီအွန်လိုင်း သတင်းတပုဒ်မှာလည်း British Police to Join
Thai Investigation Into Koh Tao Murders ဆိုတဲ့ ခေါင်းစဉ်နဲ့
တွေ့နိုင်ပါတယ်။ http://www.irrawaddy.org/asia/british-police-join-thai-investigation-koh-tao-murders.html မှာ ဖတ်နိုင်ပါတယ်။
လိပ်ကျွန်း
လူသတ်မှုကိစ္စ ဗြိတိန် စကော့တလန်ယာဒ် ရဲအဖွဲ့က စုံစမ်းရေး ကိစ္စမှာ ထိုင်း
ဘုရင့် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ကူညီပေးဖို့ ကိစ္စကို ထိုင်းဝန်ကြီးက
ခွင့်ပြုခဲ့တယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ရုံးက ကြေညာချက်
ထုတ်ပြန်ခဲ့ပေမယ့် အခုတော့ ဒါဟာ လေ့လာသူတွေအဖြစ်နဲ့
ခွင့်ပြုခဲ့တာဖြစ်တယ် လို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက
သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
အီတလီနိုင်ငံ မီလန်မြို့မှာ
ကျင့်ပတဲ့ ၁၀ ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ASEM မှာ ဗြိတိန်
ဝန် ကြီး ချုပ် ဒေးဗစ်ကင်မရွမ်းက ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး
ပရာယုဒ်နဲ့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေးမှာ ဗြိတိန်ရဲတွေက
ကူညီပေးဖို့ တောင်းဆိုခဲ့တာကို ၀န်ကြီးချုပ်က ခွင့်ပြုခဲ့တယ်လို့ ဆိုထား
ခဲ့တာပါ။
ဒါပေမယ့် အီတလီနိုင်ငံက ပြန်ရောက်လာပြီး ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်ရဲတွေရဲ့ ပါဝင်မှုဟာ လေ့လာသူ အဖြစ်သာလို့ ပြောဆိုပါတယ်။
Credit - ဧရာဝတီ ဘလော့ဂ်
No comments:
Post a Comment