Friday, October 24, 2014

မြန်မာလုပ်သားနှစ်ဦးက ဗြိတိန်စုံတွဲကို မသတ်ခဲ့ဘဲ ထိုင်းရဲတပ်ဖွဲ့ခြိမ်းခြောက်မှုကြောင့် သတ်ခဲ့ဟု ထွက်ဆိုခဲ့ကြောင်း မိဘများကို ဖွင့်ပြော

 


ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ဗြိတိန်စုံတွဲကို ၎င်းတို့သတ်ခြင်းမဟုတ်ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး အဆိုပါပြောကြားချက်ကို မိဘများက အစိုးရခရိုင် ရှေ့နေရုံးသို့ ချက်ချင်းသွားရောက် စာပို့တင်ပြခဲ့ကြောင်း အဆိုပါသတင်းကို လိုက်ပါသတင်းရယူနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။

အစိုးရခရိုင်ရှေ့နေရုံးမှ အရာရှိကလည်း တင်ပြမှုစာကို လက်ခံလိုက်ပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု မြန်မာလုပ်သားနှစ်ဦး၏ မိဘများကို ကတိပေးခဲ့သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သတ်ပါသည်ဟု ၀န်ခံခိုင်းသောကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ပြီး ၀န်ခံခြင်းမရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်မည်ဟု ခြိမ်းခြောက်ခံရခြင်းကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ၎င်းတို့၏ မိဘများကို ပြောခဲ့သည်။
Credit - 7DAY DAILY

No comments:

Post a Comment