Tuesday, October 21, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့် မိသားစုနှင့် တွေ့ခွင့်ရ

ရမည်းသင်းအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့်  သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်နှင့် တွေ့ဆုံ ခွင့်ရရန် ၎င်း၏ မိသားစုဝင်များနှင့်အကျိုးဆောင်ရှေ့နေတို့က တောင်းဆိုထားမှုကို အစိုးရက တွေ့ဆုံခွင့်ပြုကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင်ငွေအလွဲသုံးစားမှု၊နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ် ခံခဲ့ရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၏ အမှုအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် အယူခံလွှာတင်သွင်းရန်ဦးဆန်းဆင့်အား တွေ့ခွင့်ရရန် အစိုးရထံ တောင်းဆိုထားခြင်း ဖြစ်သည်။

‘‘မနက်ဖြန်တွေ့ခွင့်ရတယ်။ ညနေပိုင်းလောက်မှ တွေ့ဖြစ် မယ်။ အချိန်ဘယ်လောက်ထိ တွေ့ခွင့်ရမယ်ဆိုတာတော့ မသိရ ဘူး’’ဟု ဦးဆန်းဆင့်၏ အမှုကိုလိုက်ပါပေးသည့် ကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းကပြောသည်။

ဦးဆန်းဆင့်ကို နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ပုဒ်မ (၄၀၉) ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ရာ အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ် နှင့် ငွေဒဏ်ကျပ်တစ်သိန်း အမိန့်ချမှတ်ခဲ့သည်။
Credit - 7DAY DAILY

No comments:

Post a Comment