Tuesday, October 21, 2014

ကာတာအသင်းကို ရှုံး၍ မြန်မာ အသင်း ပူးတွဲ တတိယဆု ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၂၀ရက်နေ့ ည ၇ နာရီကကျင်းပသည့် အာရှ U 19 အကြိုဗိုလ်လုပွဲတွင် မြန်မာ အသင်းသည် အာရှဘောလုံးဆင့် ၁၁ ရှိသည့် ကာတာအသင်းကို မိနစ် ၉၀ အထိ သာရေကစား နိုင်ခဲ့သောလည်း အချိန်ပို မိနစ် ၃၀ တွင် သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးခဲု့သောကြောင့်ဥဇဘက်ကစ္စတန် အသင်းနှင့် အတူ ပူးတွဲတတိယဆုရရှိခဲ့သည်။

အကြိုဗိုလ်လုပွဲဖြစ်သည်နှင့်အညီနှစ်သင်းလုံးခြေကုန်ထုတ် ကစားခဲ့ရာ ပထမပိုင်း ပွဲကစားချိန်၌ မြန်မာအသင်းသည် ကာတာအသင်းကိုခြေစွမ်းပိုင်း
ယှဉ်မကစားနိုင်သောကြောင့် ပွဲကစားချိန် ၄၄ မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ ရ သော်လည်းဒုတိယပိုင်းတွင် မြန်မာအသင်းကတန်ပြန်တိုက်စစ်များက
တစ်ဆင့် ပွဲကစားချိန် ၆၂မိနစ်တွင် ခြေပဂိုးနှင့် ၆၄မိနစ်တွင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။


သို့သော်ပွဲကစားချိန် ၇၅ မိနစ်တွင် ကာတာ အသင်းကခြေပဂိုးပြန်သွင်း ခဲ့ သောကြောင့် အချိန်ပိုမိနစ် ၃၀ ဆက် လက်ယှဉ်ပြိုင်ခဲ့ရာပွဲအစနှစ်မိနစ်မှာပင် ကာတာအသင်းကဦးဆောင်ဂိုးသွင်းယူခဲ့သည်။

အကြိုဗိုလ်လုပွဲဖြစ်သောကြောင့် နှစ်သင်းလုံးခြေကုန်ထုတ် ကစားခဲ့သောကြောင့် ပရိသတ်အကြိုက်တွေ့ခဲ့ပြီးကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက် အားနည်းမှုများကြောင့် ပွဲဆူခဲ့သည်အထိဖြစ်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပွဲစဉ် တစ်လျောက် ယီမင်အသင်းကိုဂိုးမရှိသရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ်နိုင်ခဲ့ပြီးအီရန်အသင်းကိုနှစ်ဂိုးပြတ် ရှုံးခဲ့သောကြောင့် ရမှတ်လေးမှတ်ရရှိကာအုပ်စုဒုတိယနေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ကာရှုံးထွက်အဆင့်တွင်လည်းအာရှဘောလုံးထိပ်သည်းယူအေအီး(အာရပ်စောဘွားများပြည် ထောင်စု) အသင်းကိုတစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ကာတာအသင်းမှာလည်းအုပ်စုတွင်းပွဲစဉ်များတွင် မြောက်ကိုရီးယားအသင်းကိုသုံးဂိုးတစ်ဂိုး၊ အီရတ်အသင်းကိုတစ်ဂိုးစီသရေ၊ အိုမန်အသင်းကိုနှစ်ဂိုးပြတ်တို့ဖြင့် အနိုင်ရခဲ့ပြီးကွာတားဖိုင်နယ်( ရှုံးထွက်) အဆင့်တွင် တရုတ်အသင်းကိုလေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးအကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် အကြိုဗိုလ်ပွဲတွင် မြောက်ကိုရီးယားအသင်းကငါးဂိုးပြတ်အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲတွင် ကာတာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှယူ ၁၉ ဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာအသင်းသည် ၁၉၆၁၊ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၈၊ ၁၉၆၉ နှင့် ၁၉၇၀ ခုနှစ်တို့တွင် ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဒုတိယ၊ ၁၉၆၇နှင့် ၁၉၇၁ ခုနှစ်တို့တွင် တတိယရထားသောကြောင့် အာရှတွင် ဒုတိယမြောက် အောင်မြင်မှုအရှိဆုံးအသင်းဖြစ်သည်။

Credit - The Voice Weekly

 
 

No comments:

Post a Comment