– မောင်မြား
မိမိတို့ သက်တမ်းတစ်လျှောက် အဖေနဲ့အမေတို့
ကတောက် ကဆဖြစ်သည်ကို အလွန်မြင်ရခဲ သည်။ ဦးသန့်၏ ကမ်းလှမ်းမှုအပေါ် အဖေ
မတုံ့ပြန်ခဲ့သည့်အတွက် အမေက အဖေ့ကို ခွန်းကြီး ခွန်းငယ် ဧည့်ထောက်ခံ
မြည်တွန် တောက်တီးခြင်း မပြုသော်လည်း အဖေ့ကွယ်ရာတွင် မတော့
မိမိတို့ညီအစ်ကိုအား “နင့်အဖေက ခွေးဖြူ လူတော မတိုး” ဟူ၍သာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှအဆက်
အဖေက ဦးသန့်အား ဂါရ၀ပြုသွား ရောက်တွေ့ဆုံသည့်အခါ မိမိတို့က ဦးသန့်ကို
မမြင်ဖူးလို့ တွေ့ချင်ပါသည် ဆိုသည့် တောင်းဆိုချက်ကို လိုက်လျောသည့်
အနေဖြင့် မိမိတို့
ညီအစ်ကိုနှစ်ယောက် (မောင် မောင်နှင့် အလင်း)ကို အဖေက
ခေါ်သွားသည်။
ဦးသန့်သည် အိမ်ရှေ့ဧည့်ခန်းတွင်
ဆရာကြီးဦးအေးမောင်နှင့်အတူ ထိုင်ပြီး စကားလက်ဆုံကျနေကြသည်။ သူတို့နံ
ဘေးတွင် အိမ်သားအချို့ရှိနေကြသော်လည်း မိမိမမှတ်မိချေ။ အဖေက ဦးသန့်ကို
မြင်သည်နှင့် ဧည့် ခန်းကြမ်းပြင်မှာ ထိုင်လျက်က လက်အုပ်ချီကန်တော့သည်။
ဦးသန့်၏ မျက်လုံးမျက်ဖန်နှင့် နှုတ်ခမ်း တို့သည် Prominent ဖြစ်သည်။ အဲဒီ
အချိန်က မိမိတွေ့ဖူးမြင်ဖူးသည့်လူကြီး (ဦးနုကဲ့သို့) မျိုးနှင့် မတူ။
ဦးနုသည် ၀ါး ခယ်မသားဖြစ်ပြီး ဦးသန့်က ပန်းတနော် သားဟုသိရသည်။… ဦးသန့်သည်
ကပြား စပ်ဟန်တူသည်။ အဖေက သူ့ဆရာတွေ၏ မိသားစုများအကြောင်း မိမိတို့ အတုခိုး
လိုက်နာရန် မကြာခဏ ဥပမာပေးဆုံးမလေ့ ရှိသည်။ ဒေါ်နန်းသောင်၊ ဦးသန့်၊
ဦးခန့်၊ ဦးတင်မောင်၊ ဦးသောင်း၊ (ဒေါ်)အေးအေး သန့်၊ (ဦး)တင်မောင်သန့်
(ဗမာပြည် ခေတ္တ ပြန်လာခိုက် မော်တော်ကား အက်ဆီးဒင့် ဖြင့်သေဆုံး သွားရှာသူ
ဦးသန့်၏ တစ်ဦး တည်းသောသား) စသည်တို့အကြောင်း အဖေအခါအားလျော်စွာ
ပြောပြလေ့ရှိရာ ဦးသန့်သည် မိဘကို အလွန်ရိုသေကိုင်း ရှိုင်းပြီး သေတစ်ပန်
သက်တစ်ဆုံး ကျွေးမွေး လုပ်ကျွေးခဲ့သူဖြစ်သည်ဟု အဖေက ပြော သည်။
ဦးသောင်းနှင့် ဦးတင် မောင် ကိုတော့ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင်
ရန်ကုန်တက္ကသိုလ်ကျောင်း ၀င်းရှိ တောင်ငူဆောင်တွင် တရားဟောစဉ် မိမိ
နားထောင်ဖူးသည်၊ မြင်ဖူးသည်။ ဦးခန့်ကား ပန်းဆိုးတန်း တွင် နေထိုင်သူဖြစ်ရာ
မိမိ ၃၂ လမ်းတွင်နေသည့်အခါ အဖေနှင့် အတူသွားရင်းလာရင်း ဦးခန့်နှင့်တကွ
သူ၏ သားကိုပါ မြင်ဖူးခဲ့သည်။
ပန်းတနော်ဦးအေးမောင်အိမ်တွင်
ဦးသန့်အား အဖေဂါရ၀ပြုသွားရောက် တွေ့ဆုံခဲ့ပုံကို ပြန်ပြောပါမည်။ အဖေ
ထိုင်ကန် တော့ပြီးသည်နှင့် ဦးသန့်က ““နိုင်ငံရေး သမားဟောင်းတွေနဲ့
ပူးပေါင်းပြီး အခမဲ့ ပညာသင်ကျောင်း တစ်ကျောင်းမှာ မင်းအင်္ဂလိပ်စာပြနေတယ်
ဆိုတာကို Nation သတင်းစာမှာလည်း ငါဖတ်လိုက်ရ တယ်။ အခု ကိုအေးမောင်ကလည်း
ငါ့ကိုပြောပြတယ်။ ၀မ်းသာတယ်ကွာ””။ အဖေ ဘာမှ ပြန်မပြော၊ အဖေနှင့် ဦးသန့်
အကြား ခေတ္တ စကားပြတ်သွားသည်။ ဦးသန့်ကပဲ စကား ပြန်ဆက်သည်။ ““မောင်ဖေအောင်
မင်း ငါနဲ့လိုက်ခဲ့ မလား၊ နောက်တော့ မင်းမိသားစုကို ခေါ်ပေါ့ကွာ””ဟူသော
ဦးသန့်၏ ဖိမန္တကအပေါ် မိမိတို့ညီအစ်ကိုနှစ် ယောက် အဖေ့မျက်နှာကို
ပြိုင်တူလှမ်း ကြည့်လိုက်သည်။ ““ကျွန်တော်စဉ်းစားပါ့ မယ်ဆရာ””ဆိုသည့် စကား
တစ်ခွန်းနောက်တွင် အလွန်နည်းပါးသည့် စကားခွန်းရေကို တုံ့ပြန်ပြောဆိုပြီး
ဦးသန့်အား မိမိတို့ပါ ကန်တော့နှုတ်ဆက်ပြီး ပြန်လာကြသည်။
ဦးသန့်ပေးသည့် offer ကို အဖေဘာ မှ မတုံ့ပြန်သည့်အတွက် အဖေ့သဘော ထားကို
ကာလအတန်ကြာ သည့်အခါ မိမိတို့ သဘောပေါက် လိုက်ကြရသော်လည်း ဦးသန့်ခေါ်သည်ကို
အဖေဘာကြောင့် မလိုက် ဆိုသည်ကို အဲဒီလို ပူပူနွေးနွေးကာလမှသည်
နောက်နှစ်ပေါင်းများစွာ တိုင်အောင် မိမိတို့ အဖေ့ကို မမေးခဲ့ကြ သလို အဖေက
လည်းဘာကြောင့် မလိုက်ဆိုသည်ကို အမေ အပါအ၀င် မိမိတို့ကို ပြောမပြခဲ့ချေ။
မိမိတို့ သက် တမ်းတစ်လျှောက် အဖေနဲ့အမေတို့ ကတောက်ကဆဖြစ်သည်ကို အလွန်မြင်ရ
ခဲသည်။ ဦးသန့်၏ ကမ်းလှမ်းမှု အပေါ် အဖေ မတုံ့ပြန်ခဲ့သည့်အတွက် အမေက အဖေ့ကို
ခွန်းကြီးခွန်းငယ် ဧည့်ထောက်ခံမြည်တွန် တောက်တီး ခြင်းမပြုသော် လည်း အဖေ့
ကွယ်ရာတွင်မတော့ မိမိတို့ညီအစ်ကိုအား ““နင့်အဖေက ခွေးဖြူလူတော မတိုး”” ဟူ၍
သာ ကောက် ချက်ချလိုက်သည်။ အဲဒီ အချိန်ကစပြီး အဖေ့ Subject လည်း နိဋ္ဌိတံ
သွားပြီး မိမိတို့လည်း ဘယ်တော့မှ အဲဒီ အကြောင်းမပြောဆိုကြတော့ချေ။
အဖေသည် နိုင်ငံရေးသမား သခင် ဘ၀ခံယူခဲ့သူတစ်ဦးဖြစ်သော်လည်း အတွင်း စွဲဘာဝ
(introverted) ဖြစ် သည်။ လောက ဓံကိုကြိတ်မှိတ် ခံစားတတ်သည်။ အမေသည်
ပုံပြောကောင်းသည်၊ သီချင်းဆို ကောင်းသည်၊ ဗိမိ္ဗသာရမင်းကြီးနှင့်
အဇာတသတ်ကိုဖွဲ့သည့် မိဘမေတ္တာဘွဲ့ သီချင်း၊ ဒေါ်လှရွှေရဲ့ မိုးဒေ၀ါ၊
စန္ဒကိန္နရီစသည့် သီချင်းများနှင့် ဒေါ်မေရှင်၏ သီချင်းများသည် သူ၏သားချော့
တေးများ ဖြစ်လာခဲ့သည်။ မိမိဆိုလိုချင်သည်မှာ အမေက ပုံပြောကောင်း၊
အဆိုကောင်း အပြော ကောင်းဖြစ်သည်။ အဖေက မိမိတို့အား များစွာသော အဖေ တို့၏
စရိုက်နည်းတူ မိမိတို့အား ပုံခဏခဏ ပြောပြလေ့ မရှိ။ သို့ရာတွင် အဖေပြောပြသော
ပုံတစ်ပုံရှိ သည်။ မိမိမှတ်မိသလောက် ပြန်လည်ပြော ပြပါမည်။ ဒီလိုပါ -
““တစ်ရံရောအခါ မြို့ကြီးတစ်မြို့၌ နေထိုင်သော လူတစ်ယောက်သည် စိတ်ဒုက္ခ
အလွန်ရောက်သောေ ကြာင့် ရေထဲသို့ ခုန်ချပြီး မိမိဘ၀ကို အဆုံးစီရင်ရန်
မြစ်တစ်စင်းအနားသို့ သွားရောက်ခဲ့လေသည်။ သူ သည် ငွေကြေး ချမ်းသာပြည့်စုံသော
သူတစ်ယောက်ဖြစ်၏။ သို့သော် ကိုယ်ကျိုး အတွက်သာလျှင် ထိုငွေများကို
သုံးဖြုန်း ခဲ့လေသည်။ အသက်ရှင်၍ နေရခြင်းသည် သူ့အဖို့
အဓိပ္ပာယ်ကင်းလျက်ရှိ၏။ သူ သည် ပျော်မွေ့ခြင်း အမှန် စင်စစ်ကို မသိရှာပေ။
တံတားပေါ်မှခုန်ချ၍ မိမိအသက်ကို အဆုံးစီရင်ရန်နေရာနှင့် မလှမ်းမကမ်း
တစ်နေရာ၌ ကူညီမစခြင်းကို လိုအပ်နေသည့် မိန်းကလေးတစ်ယောက်နှင့်
တွေ့ဆုံလေသည်။ တွေ့သည်နှင့်ပင် ထိုမိန်း ကလေး၏ မေတ္တာရပ်ခံချက်အရ ထိုသူသည်
အိမ်တစ်အိမ်၏ လှေကားမှနေ၍ အပေါ်ထပ်သို့ တက်သွားခဲ့ရာ မှောင်နေသော
အခန်းတစ်ခန်း၏ ခုတင်တစ်ခုပေါ်၌ ဖျားနေသည့် မိခင်တစ်ယောက် ကို တွေ့ရှိရလေသည်။
ဤအဖြစ်သနစ်ကို တွေ့မြင်ရသောသူ၏ စိတ်၌ အလွန်ထိခိုက်သွားရာ ချက်ချင်းဆိုသလို
ဖျားနာနေသည့် ထို မိခင်အား ဆေးဝါးကုသပေးရန် အစီအစဉ် များပြုလုပ်လေသည်။
ထိုအိမ်၌ လိုအပ် သော မရှိမဖြစ် ပစ္စည်းများကိုလည်း ၀ယ်ပေးရန်
အစီအစဉ်များပြုလုပ်လေသည်။ ထို့နောက် ဈေးသို့သွား၍ အစားအစာ မွေ့ရာနှင့်
အ၀တ်အစားများကို ၀ယ်ယူခဲ့ လေသည်။ သူတစ်ပါးကို မ, စရသော အလုပ်ကို
လုပ်ကိုင်ရသော သူ၏တစ် သက်တာ၌ အသစ်အသစ်သော ပျော်မွေ့ ခြင်း ကို
တွေ့ရှိလာခဲ့လေ သည်။ သူသည် တစ်စုံတစ် ယောက်ကို ကူညီမစနေ၏။ သူသည်
ဝယ်ခြမ်းပြီးသော ပစ္စည်းများကို ထိုအိမ်၏ အပေါ်ထပ်သို့ ယူဆောင်သွား သောအခါ
ထိုအိမ်နှင့်ထိုအိမ်တွင်ရှိသော မိသားစုဝင်များ စိတ်ဝမ်းနှလုံး တောက်ပ
ပြုံးရွှင်နေသည်ကို မြင်ရ သောအခါ မိမိ၏ စိတ်ထဲတွင် ပျော်ရွှင်သောစိတ်သဘော
အသစ်ဝင်ရောက်လာခဲ့လေ သည်။ သူ့အတွက် အသက်တာသည် အလွန်ကြီးသော
အခွင့်အရေးများရှိနေကြောင်း ကို တရေး ရေးတွေ့မြင်သိ နားလည်ခဲ့ လေသည်။ အိမ်
သူအိမ်သား များကို နှုတ်ဆက်ပြီးသည့်နောက် ပြန်လာဦးမည်ဟု ပြောဆိုခဲ့သော်လည်း
သူ၏အကြံအစည် အတိုင်း ပြန်လာနိုင်မည်၊ မနိုင်မည်ကို သူကိုယ်တိုင်မသေချာ။
ထိုသူသည် ယခင်မိန်းကလေး နှင့်တွေ့ ဆုံရာနေရာသို့ ရောက်သော အခါ ခေတ္တရပ်၍
မိမိကိုယ်ကိုယ်ပြန်မေးစမ်းမိသည်။ ““ငါဒီမိန်းကလေး ကိုမြင်တုန်းက ဘယ်ကို
သွားမလို့ ကြံစည်ခဲ့သလဲ””။ သို့သော်လည်း ထိုသူသည် မိမိ ကြံစည်ထားသော
နေရာသို့ မသွားပေ။ အသက်ရှင်နေဖို့ အကြောင်းသူတွေ့မြင်ခဲ့ပြီး သူတစ်ပါးကို
ကူညီ၍ သူတို့ အလိုရှိသော အရာများကို ပေးကမ်းခြင်းဖြင့် ပျော်မွေ့ခြင်းကို
တွေ့ခဲ့ပြီ””
အထက်ပါ အကြောင်းအရာသည် အဖေနိုင်ငံရေးကို
တစိုက်မတ်မတ်လုပ်ခဲ့ ရသည့် အကြောင်းများအနက် တစ်ကြောင်းဟု အဖေပြောဖူးသည်။
အဖေသည် သူ ဘာကြောင့် နိုင်ငံရေးလုပ်ခဲ့သည်ကို မိမိ တို့အား ရေးကြီး
ခွင်ကျယ်ပြောပြလေ့ မရှိ။ သူပြောတာတစ်ခုတော့ အထင်အရှားရှိသည်။ အဲဒါက
““ဖေဖေတို့ခေတ်၊ ဖေဖေ တို့အချိန်က နိုင်ငံရေးအလုပ် က နိုင်ငံသားတိုင်း
အတွက် မဖြစ်မနေလုပ်ရမည့် must ပဲကွ””ဟုဆိုခဲ့သည်။
အဖေတို့အမေတို့နှင့် မိမိတို့ဆွေမျိုး သားချင်းအချို့ ပြောပြချက်အရ မိမိအား
လမ်း ၃၀မှာမွေးသည်။ လမ်း ၃၀မှာနေခဲ့ သည်ဆိုသော်လည်း မိမိမှတ်မိသည်က
စကော့ဈေး (ဗိုလ်ချုပ်ဈေး)တွင် နေထိုင်ခဲ့ရစဉ်က အမှတ်ရ သည်။ အဖေက
ပန်းထိမ်လုပ်သည်။ မိမိတို့အိမ်သည် စကော့ဈေး မြောက်ဘက်
တန်းနှင့်မျက်နှာချင်းဆိုင် တွင် ဈေးရုံများရှိရာ
ဈေးရုံတစ်ရုံနှင့်တစ်ရုံ ကြား မြေကွက်လပ်ပေါ်မှာ အမိုးအကာ လုပ်ပြီး
အိမ်သဖွယ် နေ ထိုင်ကြ ခြင်းဖြစ်သည်။ ရန်ကုန်ကို စတင်ပြောင်းပြောင်းလာခြင်း
အဖေနှင့်အမေတို့ရဲ့ ဘ၀တိုက်ပွဲရဲ့ အစပိုင်းကာလဟု အမေပြောသည်။ အမေသည်
ဟိုခေတ်ဟိုအခါက သတ္တမတန်း အထိသာ ပညာသင်ကြား ခွင့်ရခဲ့သည်။ ပန်းထိမ် ဖိုပီပီ
မိမိတို့အိမ်တွင် တပည့် တပန်းများနှင့်တကွ ကျုံမငေး၊ ပန်းတနော် စသည့်
မြို့များမှ အဖေနဲ့အမေရဲ့ နိုင်ငံ ရေး မိတ်ဟောင်းဆွေဟောင်း၊ အပေါင်း
အသင်းများနှင့် အဖေနဲ့အမေတို့အိမ်သည် စည်ကားလျက်ရှိတော့သည်။
အဖေနဲ့အမေတို့အတွက် ပရိဒေ၀မီး ရိုက်ချက်သည် မကြာမတင်အတွင်းမှာ
ရောက်ရှိလာတော့သည်။ မိမိ၏ အစ်ကိုကြီး (ကိုကိုခင်မောင်မြင့်)နှင့်
မိမိ၏အစ်မကြီး မမခင်ဝင်း (အဖေ့ယခင် အိမ်ထောင်မှပါလာ သည့် အဖေ့ ရဲ့ သမီး)
တို့ စကော့ဈေးအိမ်သာသို့ အခင်းကြီးသွားရင်း ကိုကိုခင် မောင်မြင့်
လက်ညှိုးလက်မခွဆုံတွင် သံ စူးသွားသည်။ (မိမိတို့အိမ်တွင်
အိမ်သာမရှိသည့်အတွက် စကော့ဈေးအရှေ့ဘက် တန်းက အိမ်သာကိုပဲ နိစ္စဓူဝ
သုံးရသည်) ခပ်ပေါ့ပေါ့နေခဲ့ရာက သံဆိပ်တက်ပြီး အဖျားတက်၊ နောက်ဆုံး
မေးခိုင်ပိုးဝင်ပြီး ကိုကိုကွယ် လွန်သွားခဲ့ရာ အမေအရူးတစ်
ပိုင်းဖြစ်ခဲ့ရတော့သည်။ ကိုကိုဆုံးတော့ ၈ နှစ်သားပဲရှိသေးသည်ဟုဆိုသည်။
မပဋာမြေလူးဆိုသည်မှာ အမေ့အဖြစ် မျိုးဖြစ်မည်ထင်သည်။ အသုဘချမည့်နေ့
အသုဘယာဉ်အိမ် ရှေ့ရောက် လာပြီး ကိုကို့အလောင်းကို လာသယ်ချိန်တွင် အမေသည်
သူ့သားကြီးရဲ့ခေါင်းတလားကို ရင်ခွင်ထဲတွင် ပွေ့ ထားသည်။ ယူခွင့်မပေး၊
အဖေနှင့်အတူ ဆွေးမျိုးသားချင်း မောင် နှမအကြီးအကဲတွေက ၀ိုင်းဝန်းဖျောင်းဖျ
တော့မှ အမေအလျှော့ပေး လိုက်သည်။
ကိုကိုခင်မောင်မြင့် အလောင်း
မြေကျပြီး နောက်တစ်နေ့မှာပဲ အမေ့ထံပူးဝင်နေသည့် ပရိဒေ၀လောင်မီးသည် အမေ့ကို
ဆောက်တည်ရာမရအောင် လောင်မြိုက် စေတော့သည်။ အဲဒီအချိန်က မိမိသည် ညီအစ်ကို ၃
ယောက်ရှိသည့်အနက် အငယ်ဆုံးသားဖြစ်ရကား အမေသည် မနက်မိုးလင်းသည်နှင့် မိမိအား
ရေမိုးချိုး၊ သနပ် ခါးလိမ်း၊ အ၀တ်အစားလဲပြင်ဆင် ပေးပြီး
မျက်နှာသုတ်ပ၀ါလေးခေါင်းပေါ်တင် မိမိကို လက်ဆွဲပြီး နာ နတ် တော၊ တာမွေ၊
ကြံတောစသည့် ကုလား၊ တရုတ်၊ မဟာ မေဒင်သင်္ချိုင်းကုန်းပေါင်းစုံ အနှံ့
ခြေဆန့်ပြီး သူ့သားကြီး ရှိလိမ့်မယ်၊ ရောက်လာလိမ့် မယ်အထင်နဲ့
သင်္ချိုင်းကုန်းရှိ သစ်ပင်ကြီး ကြီး၊ ညို့ညို့အောက်တွင် ထိုင်၍လည်း ကောင်း၊
မတ်တတ်ရပ်၍ လည်းကောင်း သူ့သားကြီးကို အော်ခေါ်သည်။ ငိုပြီးခေါ်သည်။
““ခွေးညိုရေ (အဖေတို့ အမေတို့က ချစ်စနိုးပေးထားသည့် ကိုကိုခင်မောင်မြင့်
နာမည်) မေမေလာပြီလေသား၊ ဒီမှာမင်း ညီလေးလည်း ပါလာတယ်””လို့ ပြောပြီး
မိမိကိုကြည့်ရင်း အမေသည် သူ့ပါးပေါ်တွင် အရှိန်ကောင်းကောင်းနှင့် စီးဆင်းနေ
သည့် မျက်ရည်တွေကို လည်းကောင်း၊ မိမိပါးမှာ ရှိသည့်
မျက်ရည်တွေကိုလည်းကောင်း သုတ်ပေးရင်းက ““သားလေး ကိုကို့ကို ခေါ်လိုက်လေ၊
ကိုကိုရေလို့””။ မိမိလည်း အမေ့စကားဆုံးသည်နှင့် ကိုကိုရေ ကိုကို
ခင်မောင်မြင့်””လို့ သာခေါ်လိုက်ပါသည်။ ရှေ့ဆက်မခေါ် တတ်သလို ဘာပြောရမှန်း
လည်း မသိတော့ပါ။ အမေသည် မိမိကို သူ့ရင်ခွင်ထဲဆွဲသွင်းရင်းက သူ့သားကြီးရှိ
မည်ဟု သူထင်သည့်နေရာကိုမှန်းပြီး စကားလှမ်း ပြောသည်။ အဲဒီအချိန်က
အမေ့ရဲ့ရင်တွင်းဖြစ် သောကပရိဒေ၀ စကားအကုန်ကို မိမိမမှတ်မိတော့ေ သာ် လည်း
““သားကြီးရေ လူလေး၊ ခွေးညိုရေ၊ အညိုရေ””ဆိုသည့် သားခေါ်လွမ်းချင်းများက
နေ၀င်ရီ တရော အချိန် လောက်မှ ရပ်ရှာတော့သည်။
မိမိအမှတ်သညာအရဆိုလျှင်
၁၉၅၂ -၅၃ခန့်တွင် ကိုကို(ခင်မောင်မြင့်) ဆုံးသည်။ အဖေနဲ့အမေအပါဝင်
မိမိတို့ တစ်မိသားစုလုံးအား လောင်မြိုက်စေ သည့် ပထမဦးဆုံး
ပရိဒေ၀သောကမီးဖြစ်သည်။ အထူးသဖြင့် အမေအထူး ခံစားရရှာသည်။ အဲဒီအချိန်က
အမေ့အဖြစ်သည် မပဋာအဖြစ် ဆိုလျှင် မိမိသည် မပဋာကို ပထမဦးဆုံး
ကြုံတွေ့ရသူဖြစ်မည်။
အဲဒီအချိန်တွင် မိမိအသက်အရွယ်အရ
ဘိုးမင်းခေါင်နှင့် ရွှေတိဂုံဘုရားများမှအပ ဘုရားစုံမဖူး ဖူးသော်လည်း
ရန်ကုန် မြို့တွင်ရှိကြသည့် သင်္ချိုင်းကုန်းပေါင်းစုံ အနှံ့
အကုန်ရောက်ဖူးသည်။ မနက်မိုးလင်း ၉ နာရီခန့်ဆိုလျှင် သားအမိနှစ်ယောက်
သင်္ချိုင်းကုန်းတစ်ခုခုသို့ ရောက်နှင့်နေပြီး သားဖြစ်သည်။ အဲဒီအချိန်တွင်
““သားကြီး ရေ – အညိုရေ””ဆိုသည့် ငိုသံတစ်ဝက် ရောလျက် နီးစပ်ရာ
သစ်ပင်အောက်သို့ အပြေးရောက်သွားပြီး ခပ်လှမ်း လှမ်းတွင် ကျန်ခဲ့သည့်
မိမိကို လက်ရပ်လှမ်းခေါ် သည်။ ““သားလေး ကိုကိုရေလို့ လှမ်း ခေါ်လိုက်””။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald
No comments:
Post a Comment