Wednesday, April 22, 2015

အခြေခံ အဆောက်အအုံများ ပြည့်စုံမှသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးလာမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံ အဆောက်အအုံများ ပြည့်စုံမှသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုဖွံ့ဖြိုးလာမည်ဟု
အိမ်ခြံမြေဈေးကွက် အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။

Building-2



မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် အခြေခံ အဆောက်အအုံများ ပိုမိုပြည့်စုံလျက် ရှိခြင်းကြောင့် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းသည် ဈေးကွက်တောင်းဆိုမှုများ ပြားခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်စေသည်။

သို့ဖြစ်ရာ လမ်းတံတား၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ဆေးရုံ၊ ကျောင်းစသည့် အခြေခံ အဆောက်အအုံများကို ရန်ကုန်မြို့အပြင် အခြားသော နေရာဒေသများတွင် အဆင့်မြှင့်တင်ရန် လိုအပ်နေပြီး လက်ရှိတွင် အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေသော်လည်း နေရာ အသီးသီးတွင် လိုအပ်မှုများ ရှိနေဆဲဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

"အခြေခံ အဆောက်အအုံ ကောင်းမွန်တာဟာ အိမ်ခြံမြေဈေးကွက် တိုးတက်ဖို့အတွက် အဓိကအ ကြောင်းအရာပါပဲ။ အခြေခံ အဆောက်အအုံ ကောင်းမွန်နေတော့ ဘယ်နေရာမှာပဲနေနေ စီးပွားရေး အခွင့်အလမ်းအတွက် အဆင်ပြေနေတာပါပဲ" ဟု House.com.mm အွန်လိုင်း အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ Jan Sommerfeld က သုံးသပ်သည်။

မြန်မာနိုင်ငံတွင်း အခြားသော နေရာဒေသများတွင် အခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင် လာပါက ရန်ကုန်မြို့အတွင်း ဈေးကွက်တောင်းဆိုမှုများသည် အဆိုပါဒေသများသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုများ တည်ငြိမ်လာနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လိုအပ်နေသည့် အခြေခံအဆောက် အအုံများ တိုးချဲ့အဆင့်မြှင့်တင်မှုများကို
ဦးစားပေးလုပ်ဆောင်ရန် အာရှဖွံ့ဖြိုးဘဏ် (ADB) မှ ထုတ်ပြန်ခဲ့သည့် Asia Development Outlook 2015 တွင် ထည့်သွင်းအကြံပြုထားသည်။

Credit - Mizzima News

No comments:

Post a Comment