လွှတ်တော်တွင်း ဆန္ဒမဲပေး ဆုံးဖြတ်မှုများတွင် လွှတ်တော် ကိုယ်စားလှယ်များက ကိုယ်စားမဲပေးသည့် လုပ်ရပ်များကို ဖြေရှင်းမှုများ မပြုလုပ်ပါက လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများ ပျက်ပြား သွားနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဧပြီလ ၉ ရက်တွင် မြန်မာသံတော်ဆင့် မှတဆင့် ဝေဖန် ပြောကြား လိုက်သည်။
အပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်၊
““လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ ကျင့်ဝတ်ဆိုတာရှိပြီးသား။ လူတစ်ယောက်ရဲ့မဲကို လူတစ်ယောက်က ကိုယ်စားပေးတယ် ဆိုတည်းက ဒါယုံကြည်စရာ မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ အချုပ်အခြာအာဏာ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုတာ ရှိပြီးသား။ ဒါကို ဖောက်ဖျက်တဲ့အတွက် လွှတ်တော် အခွင့်အရေး ကော်မတီက ဖြေရှင်းပေးရမယ်။ လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌတွေက ဒုဥက္ကဋ္ဌတွေပဲ။ သူတို့မှာ တာဝန်ကြီးကြီးမားမား ရှိသွားပြီ။ တိုင်းပြည်ပျက်သွားမှာပေါ့။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရက တင်ပြထားသည့် ဘဏ္ဍာငွေရသုံး စာရင်းများကို တစ်ပိုဒ်ချင်း ဆွေးနွေးကာ စက်ခလုတ် အသုံးပြု၍ လျှို့ဝှက်စွာ မဲပေးခဲ့ကြစဉ် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက မိမိဆန္ဒမဲအပြင် ဘေးနားမှလွတ်နေသော ထိုင်ခုံမှ စက်ခလုတ်ကိုပါနှိပ်၍ ဆန္ဒမဲပေးနေပုံကို ဓာတ်ပုံနှင့်တကွ ဧပြီလ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
““အဲဒီလို ကိုယ်စားလှယ်တွေက ကိုယ်စားမဲပေးတဲ့အပေါ် အရေးယူမှု ပြု လုပ်ဖို့ ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ တချို့ကိုယ်စားလှယ်တွေဆို လုံးဝမဲမပေးတာရှိတယ်။ ဒီလိုမဲပေးတဲ့အပေါ် စိစစ်ဆောင်ရွက်ဖို့လည်း မရှိသေးဘူး။ အခုချိန်ထိက ထောက်ခံမဲနဲ့ ကန့်ကွက်မဲက ပြတ်တာများတယ်။ အဲဒါကြောင့် အခုချိန်ထိ မရှိဘူး””ဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်အတွင်း ကိုယ်စားမဲပေးခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူး ဦးလွင်ဦးထံ ဆက်သွယ် မေးမြန်းရာ ““ဒီကိစ္စ ကျွန်တော်တို့တောင် မသိဘူး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လွှတ်တော်အခွင့်အရေး ကော်မတီကို မေးလည်း ဒါကပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အတွက်ပဲ ဖွဲ့ထားတာ၊ ပြည်ထောင်စုမပါဘူး””ဟု ပြန်လည် ဖြေကြားသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment