ရန်ကုန်၊ ဧပြီ ၂၁။ ။ ရွှေပြည်သာစက်ရုံမှ လုပ်ခလစာ
တိုးမြှင့်ရရေးအတွက် ဆန္ဒပြ၍ အဖမ်းခံရပြီး အာမခံနှင့် ပြန်လွတ်လာသည့်
အလုပ်သာမား ၁၃ဦးက ၎င်းတို့အား တရားရုံးပြောင်းစစ်မည်ဆိုပါက
ပြောင်းရွှေ့သည့်တရားရုံးသို့ လာရန်ငွေကြေးမတတ်နိုင်၍ လမ်းလျှောက်လာ
မည်ဖြစ်ပြီးရောက်သည့် အချိန်မှသာ အမှုစစ်ပေးရန် တရားသူကြီးအား ပြောမည်ဟု
အလုပ်သမားခေါင်းဆောင် မအေးစန္ဒာဝင်းက မဇ္ဈိမကိုပြောသည်။

"ကျွန်မတို့ ရုံးချိန်းကို မနက်ဖြန် (ဧပြီ ၂၂ ရက်) မှာ ဘယ်ရုံး ကိုပြောင်းမယ် ဆိုတာကို ရန်ကုန် တရားရုံးချုပ်မှာ ကပ်မယ်။တောင် ဥက္ကလာနဲ့ ရန်ကင်း တရားရုံး ကိုပြောင်းမယ်လို့ကြားတယ်၊ တကယ်လို့ပြောင်းရင် ဒီကနေဆို ကားမ ရှိဘူး၊နောက် ကျွန်မ တို့ငွေကြေးအဆင် မပြေဘူး။ အဲဒါကြောင့် လမ်းလျှောက်ပြီး တရား ရင်ဆိုင်မယ် ရောက်တဲ့အချိန်မှာ အမှုစစ်ပေးဖို့ တရားသူကြီး ကိုပြောမယ်"ဟု ၎င်းကပြောသည်။
အာမခံဖြင့် ပြန်လည် လွတ်မြောက်လာသည့် အလုပ်သမား (၁၃) ဦးကို အင်းစိန် တရားရုံးတွင် ပုဒ်မ (၁၄၇)၊ ပုဒ်မ (၁၈) ဖြင့် စစ်ဆေးပြီး၊ရွှေပြည်သာ တရားရုံး တွင် ပုဒ်မ (၁၈)ဖြင့် စစ်ဆေး လျက်ရှိသည်။
အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရွှေပြည်သာမြို့နယ် ဒညင်းကုန်းလမ်းဆုံတွင် ထိုင်သပိတ် လုပ်ကာတောင်းဆို မှုကြောင့်ဖေဖော် ဝါရီ ၂၀ ရက်တွင် လုံထိန်း အင်းအား ၅၀၀ကျော်ဖြင့် သပိတ်ကို ဖြိုခွင်းခဲ့ရာမှ အလုပ်သမား ၁၅ဦးနှင့် အလုပ်သမား အရေးဆောင်ရွက်သူ ၃ဦးအား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် အလုပ်သမား ၁၃ဦးအား အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အလုပ်သမားခေါင်းဆောင်နှစ်ဦးနှင့် အလုပ်သမား အရေးဆောင်ရွက် သူ သုံးဦးအား ပုဒ်မ (၅၀၅) (ခ) နိုင်ငံတော် အကြည်ညှိ ပျက်စေမှု၊ ပုဒ်မ (၁၄၇) ရုန်းရင် ဆန်ခက်မှု၊ ငြိမ်းချမ်းစွာ စုဝေးခွင်နှင့် စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၈) တို့ ဖြင့် တရားစွဲဆိုကာ ဖမ်းဆီး ထားသည်။
Credit - Mizzima News
No comments:
Post a Comment