Thursday, April 23, 2015

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ တိုးတက်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော်ရှိပြီး စံချိန်တင်ကြောင်း Deal Street Asia သတင်းတွင် ဧပြီ ၂၂ ရက် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်မှစကာ သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်အထိ
ယင်းမတိုင်မီ နှစ်များကထက် နှစ်ဆနီးပါး တိုးတက်များပြားလာခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးနှင့် ကုမ္ပဏီစီမံခန့်ခွဲမှု အစီရင်ခံစာတွင် ဖေါ်ပြသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ရှိခဲ့သည်။

မတ် ၃၁ ရက်တွင် အဆုံးသတ်သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် ကဏ္ဍများတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍာသည် ဒေါ်လာ ၃ဒသမ၂ဘီလီယံရှိသည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ၇ ဘီလီယံ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာသန်း ၇၈၀ ရှိသည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ သန်း ၃၆၀ ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖေါ်ပြသည်။

မြန်မာနိုင်ငံသည် ၂၀၁၅-၁၆ လက်ရှိဘဏ္ဍနှစ်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံရှိရန် ရည်မှန်းထားသည်။

၁၉၈၈-၂၀၁၅ အထိ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၉၅ နိုင်ငံမှရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၄ ဒသမ ၂ ဘီလီယံရရှိခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အဓိကရင်းနှီမြှုပ်နှံသည့် ထိပ်တန်းနိုင်ငံဖြစ်သည်။

တရုတ်စီးပွားရေး လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများမှ ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံရရှိပြီး နောက်တွင် ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံနှင့် စင်ကာပူမှ ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရရှိခဲ့သည်။

လူဦးရေ ထိန်းချုပ်ရေး ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကြမ်း သို့မဟုတ် အခြားသော ဥပဒေချမှတ်မှုများသည် ဘာသာရေးနှင့် လိင်အခြေခံပေါ်တွင် ပိုင်းခြားမှုများ အမြစ်တွယ်စေခြင်း သို့မဟုတ် လွတ်လပ်စွာတွေးခေါ်မှု၊ သိရှိမှု၊ ကိုးကွယ်မှု၊ တစ်ဦးချင်းအခွင့်အရး၊ ကလေးသူငယ် အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များအပါအဝင် အခြားသော လူ့အခွင့်အရေးများကိုလည်း
ထိခိုက်စေမည်ဖြစ်၍ လက်မှတ်ရေးထိုးခြင်းမပြုရန် တောင်းဆိုပါသည်။


Credit - Mizzima News

No comments:

Post a Comment