Thursday, April 23, 2015

ခြစားမှုဖြင့် ပြည်ပသို့တိမ်းရှောင်နေသူ ထိပ်တန်းအရာရှိ ၁၀၀ ၏အမည်စာရင်းကို တရုတ်ထုတ်ပြန်

ပေကျင်း၊ ဧပြီ ၂၃။      ။ ခြစားမှုဖြင့်ပြည်ပတွင် တိမ်းရှောင်နေသူ ထိပ်တန်းအရာရှိ ၁၀၀ ၏ စာရင်းကို တရုတ်ကထုတ်ပြန်လိုက်ရာ ယင်းထုတ်ပြန်မှု တွင်ဒေသ ခံအစိုးရ အရာရှိဟောင်းများ၊ ရဲအရာရှိများ၊ စာရင်းကိုင်များနှင့် အခြားအရာရှိများစွာတို့၏ ဓါတ်ပုံများ၊ မည်သူမည် ၀ါဖြစ်ကြောင်း အထောက် အထားများပါဝင် သည်။ ယင်းအရာရှိတို့သည် လာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားလုပ်ခြင်းနှင့် ငွေကြေးခ၀ါချခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်ဟု သံသယရှိသည်။

အခြားပြစ်မှုများတွင် ကန်ထရိုက်လိမ်ညာမှုများ၊ အခွန်လက်ခံရရှိကြောင်းပြေစာအတုများပါဝင်သည်ဟု တရုတ်၏ စည်းကမ်း ထိန်းသိမ်းရေး ဗဟိုကော်မရှင်က ထုတ်ပြန်ခဲ့သော အသေးစိတ်အချက် အလက်များတွင် ပါဝင်သည်။

စာရင်းတွင် ပါဝင်သူများအနက် ၆၆ဦးမှာ အမေရိကန်နှင့် ကနေဒါတို့တွင်ရောက်ရှိနေသည်ဟု ယုံကြည်ရသည်။ကျန်လူများမှာ အဓိကအားဖြင့် အာရှတွင် ရှိနေ သည်ဟု ယူဆရသည်။ အနည်းငယ်မှာ ဆူဒန်၊ ဂါနာ၊ ဘီလိုက်ဇ်နှင့် စိန့်ကစ်၊နေဗစ်စ် တို့တွင်ပြန့်ကျဲနေ မည်ဟု ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၄င်းအာဏာ  ရကတည်းက ကြီးမားသည့် ခြစားမှု တိုက်ဖျက်ရေး စစ်ဆင်ရေး တစ်ခုဆင်နွှဲ ခဲ့ပြီး အစိုးရ အရာရှိ များနှင့် ကုမ္ပဏီ အမှုဆောင်များကို အရေးယူခဲ့သည်။ ယင်းသို့ပြုလုပ်ခြင်းမှာနိုင်ငံရေး အရသာဖြစ်ပြီးရှီသည် ၄င်း၏ပြိုင်ဘက်များကိုဖယ်ရှားနေသည်ဟုဝေဖန်သူ အချို့ကပြော ကြားလျက် ရှိသည်။ သို့သော်လည်း ခြစားမှုနှိမ်နင်းရေး ဆက်လက် ကျယ်ပြန့် လျက်ရှိသည်။

လွန်ခဲ့ သည့်နှစ် အတွင်း တရုတ် အစိုးရသည် Operation Foxhunt ၊ Operation Skynet ဟု အမည်ပေး ထားသော စစ်ဆင်ရေး များဖြင့် စီးပွားရေးပြစ်မှုကျူး လွန်သည်ဟု သံသယရှိသူ ချမ်းသာသူများကို ပစ်မှတ်ထားနှိမ်နင်းခဲ့သည်။ မကြာသေးခင်က အားထုတ်မှုများ တွင်ပြည်ပ တွင်တိမ်းရှောင် သူများတရုတ်သို့ပြန် လည်ရောက်ရေးကို ရည်ရွယ်ကာ ပိုင်ဆိုင် မှုများကိုဖော်ထုတ် ရန်ကြိုးပမ်း လျက်ရှိသည်။


Credit - Mizzima News

No comments:

Post a Comment