ဦးဆန်းဆင့်အတွက်သမ္မတကို မေတ္တာရပ်ခံစာ။ အဲဒီစာကို ဗန်းမော်ဆရာတော်ရယ် မဟနဆရာတော်ရယ် လက်မှတ်ထိုးပြီးတော့၊ ဆင်မင်းဆရာတော် ပို့တော့မယ့် အခါကျတော့ ဦးစိုးဝင်း(လက်ရှိသာသနာရေး ၀န်ကြီး)က ကြားတဲ့အခါကျတော့ အရှင်ဘုရား၊ ဒါမလုပ်ပါနဲ့ဘုရား . . . ဆိုပြီးတော့ ရပ်သွားတယ်ဒါပဲ . . .
ဘွဲ့တံဆိပ်ပေးတာ . . .အရေးအကြောင်းဆိုရင် ဆရာတော်ဘုရား သြ၀ါဒပေးပါ၊ ဆရာတော်မိန့်ရင် ငြိမ်သွားရမယ် ဒီသံဃာတွေ။ အဲဒါမျိုးကို ရဋ္ဌဂုရုပေးရတာ။ ရဋ္ဌဂုရုဆိုတာ ပြည်နယ်တိုင်းတစ်ခုကို အနည်းဆုံး သံဃာ ၅၀၀၊ ၁၀၀၀ လောက်ကို သြဇာရှိနေမှ ပေးလို့ရမယ်။ ၁၀၀၊ ၂၀၀ လောက်ကိုပေးနေတာ။ ဒါမျိုးတွေ အများကြီး။ ငါ့ကိုအစည်းအဝေး မခေါ်တော့ဘူး။ မတက်တော့ဘူးလေ။ မပါတော့ ငါတာဝန်ကင်းတာပေါ့။ S1 (ဗိုလ်ချုပ်ကြီးခင်ညွန့်)ပြုတ်တော့ ဦးမြင့်မောင်က ၂၀၀၄၊ ၂၀၀၅ ကနေ ၂၀၁၀ မခေါ်တော့ဘူး။ သူ့ဘာသာ သူ့တပည့်တွေနဲ့လုပ်တာ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာသံတော်ဆင့် အတွဲ(၄)၊ အမှတ် (၃) မှ အဆက်
● သန္တိသုခကျောင်းကိစ္စ အစိုးရနှင့် မဟနဆရာတော်တွေကြားမှာ သာသနာရေး ကလူကြီးတွေ လုပ်ဆောင်ခဲ့ရတဲ့ အခြေအနေက ဘာတွေဖြစ်ခဲ့တာလဲခင်ဗျာ။
ဦးဆန်းဆင့်က အမှန်အတိုင်း ရပ်တည်တာ။ ဦးဆန်းဆင့်က ကျွန်တော်ပြောတာ လက်ခံတယ်။ ဦးဆန်းဆင့်က နဂိုတည်းက ဒုတိုင်းမှူး။ ဒုတိုင်းမှူးဆိုတော့ လုပ်တာတွေက ပူးတွဲပြီး လုပ်နေရတာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွဲနေရတာဆိုတော့ ဒါကြီးကို သံဃိက ဖြစ်တာဦးဆန်းဆင့်ကသိတယ်။ မသိတာက ဦးသိန်းစိန်က မသိတာ။ မသိတဲ့အခါ ကျတော့ ဦးသိန်းစိန်က အရှေ့တောင်တိုင်းလေ၊ ရှမ်းပြည်။ တြိဂံတိုင်းကို ရောက်နေတာဆိုတော့ သူက ဒီဟာတွေ လုပ်တော့ သူမသိဘူး။ တို့ဒီမှာလုပ်နေတာကို။ သူ့ကို ချဉ်းကပ်တဲ့လူတွေက တစ်မျိုးချဉ်းကပ် တဲ့အခါကျတော့ ဒီဘုန်းကြီးပိုင်တယ်ပဲ ဦးသိန်းစိန်က မှတ်နေတာ။ အဲဒါကြောင့်မို့ ဦးသိန်းစိန်ကနေပြီးတော့ သူ့တပည့် တစ်ယောက်ကို လွှတ်ပြီးတော့ ဒေသအစိုးရနာမည် ဘယ်သူလဲတော့ မသိဘူး သူ့ကိုလွှတ်ပြီး ပြောခိုင်းတာ။ သူကနေပြီးတော့ လာလျှောက်တာ ဦးပညာဝံသကို။
အရှင်ဘုရားကိုသမ္မတကြီးက ပေးလိုက်ပြီ ဆိုပြီးတော့ ဦးပညာဝံသက ၀မ်းသာအားရ သတင်းစာထဲမှာ ထည့်တာ။ အဲဒါသမ္မတကနေ လူလွှတ်ပြီး လျှောက်ခိုင်းလို့ဖြစ်တာ။ သမ္မတကလည်း မသိဘူး။ ဒါတွေအစအဆုံး သိတာက ငါသိတာ။ သမ္မတက ငါ့ကိုခေါ်ပြီးမေးတယ်။ မသိတဲ့သူတွေကို မေးတာ။ အနားမှာရှိတဲ့ ဗိုလ်ချုပ်ကြီး စိုးသိန်း။ ၃-၄ ယောက်ရှိတယ်။ သူတို့က ဒါတွေမသိဘူး။ ဒီကိစ္စသိတာ ငါနဲ့ S1 နဲ့ ဗိုလ်ချုပ်မှူးကြီး သိတယ်။ အဲဒီတော့ ဦးသိန်းစိန်က ဘာလုပ်သွားလဲ ဆိုတော့ ပုသိမ်သွားရင်းနဲ့ ဗိုလ်ချုပ်မြင့်ဆွေကို မှာထားခဲ့တာ။ ဒီကိစ္စဆိုင်းထားလိုက်၊ ငါမသိဘဲ ဘာမှမလုပ်နဲ့ဦးဆိုပြီးတော့ မှာထားခဲ့တာ။ အဲဒီသတင်းက ထွက်လာတယ်။ ထွက်ရုံတင် မဟုတ်ဘူး စာတောင် ထုတ်လိုက်တယ်။ သမ္မတကနေပြီးတော့ ပေးဖို့ အဲဒီထွက်လာတယ်။ အဲဒီစာကတော့ သက်သေပြစရာ မရှိဘူး။ ဒါပေမဲ့ ဒါတွေကို သိတာကရုံးမှာ ရှိနေတဲ့ ထွန်းညွန့်ရယ်၊ ၀န်ကြီး ဖြစ်သွားတဲ့ ဦးစိုးဝင်းရယ် သူတို့တွေက သိတယ်။ သိတဲ့အခါကျတော့ သမ္မတက အဲလိုမှာသွားတယ်တဲ့၊ ဒီဟာကြီးကို ဘာမှ မလုပ်နဲ့ဦး၊ အမိန့်ရမှ လုပ်ဆိုပြီးတော့ မှာသွားတယ်။ အဲဒီသတင်းကို ဆရာတော်ကြီးက ကြားတယ်။ ကြားတဲ့ အခါကျတော့ ဦးဆန်းဆင့် ဘာမှမသိရဘူး။ အဲဒီအချိန်ကစပြီးတော့ ဦးဆန်းဆင့်ကို သမ္မတက အရေးယူတော့မယ်ဆိုတော့ နေပြည်တော်ကနေ သွားမယ်ဆိုရင် အမိန့်ရမှသွားတယ်။ အမိန့်မရဘဲ မသွားရဘူး။ အဲဒီတော့ ဒီရန်ကုန်ကို သူဆင်းလာလို့မရဘူး။ သူကနေ ဒီသတင်း ကြားတဲ့အခါကျတော့ လှမ်းမေးတယ်။ သမ္မတကြီးက သူ့အမိန့်ရမှ လုပ်ဆိုတာ ဟုတ်လား။ နောက်စာလည်း ထွက်တယ်ပေါ့။ အဲဒီ စာပို့ဆိုတော့ သူ့တပည့်တွေက ဖက်စ်နဲ့ ဦးဆန်းဆင့်ကို ပို့လိုက်တာ။ အဲဒီတော့ ဦးဆန်းဆင့်လျှောက်လို့ သိတာ မဟုတ်ဘူး။ မဟာနာယကက ဒီမှာရှိတဲ့ ဦးစိုးဝင်းနဲ့ ဗိုလ်မှူးထွန်းညွန့်တို့က လျှောက်လို့သိတာ။ ဆရာတော်ကြီးတွေက စိတ်ဆိုးတာပေါ့။ တို့တစ်လျှောက်လုံး ဦးနေ၀င်းလက်ထက်ရော၊ န၀တ လက်ထက်ရော လုပ်လာခဲ့တာ။ ဆရာတော်ကြီး ဆုံးဖြတ်တာဆိုရင် သမ္မတက ဘာမှစွက်ဖက်မှု မရှိဘူး။ နိုင်ငံတော်အစိုးရနဲ့ ဘာမှမဆိုင်ဘူး။ မဟာနာယက ဆုံးဖြတ်လိုက်တယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ဟိုတုန်းကတော့ တိုင်းမှူးပေါ့။ ခုတော့တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ သာသနာရေးမှူးကို စာထုတ်လိုက်တာ။ အဲဒီစာအရ ဆက်လုပ်ရတာ။ ဒီလိုသမ္မတ၀င်ပါတာ တစ်ခါမှမရှိဘူး။ ဆရာတော်ကြီးတွေက ရေးတာ။ အဲဒီတုန်းက အလှည့်ကျ ဒုတိယဥက္ကဋ္ဌက ဆင်မင်းဆရာတော်။ တွဲဘက် အတွင်းရေးမှူးက ဦးအဂ္ဂဓမ္မ။ သူတို့ ဦးဆောင်ပြီးတော့ ၁၅ ပါးလုံး လက်မှတ်ထိုးပြီးတော့ စာထုတ်လိုက်တာ။ ဒါတင် မဟုတ် သေးဘူး ဂိုဏ်းပေါင်းစုံ အစည်းအဝေးတွေ လုပ်တဲ့အခါကျတော့ သံဃာတော် ၂၅၅၈ ပါးရှိတယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆိုသလို တောရွာလေးတွေ ကအစ၊ နယ်စပ်ကအစ အကုန်ပါတယ်။ မြို့နယ် နာယက တိုင်းနာယက အကုန်ပါတယ်။ ၂၅၅၈ ပါး။ ရွှေသံလွင်က အဲဒါကို သိန်းပေါင်း နှစ်သောင်းကျော် အကုန်ခံပြီး လုပ်တာ။ အဲဒါလုပ်တာကို သူကမတက်ဘူး။ သူမတက်ချင်နေ ဒုသမ္မတတက်၊ တစ်ယောက်မှ မလာဘူး။ ဘုန်းကြီးတွေက ဘယ်လို ခံစားရမလဲ တွက်ကြည့်။ ဘာမဟုတ်တဲ့ ပြင်ဦးလွင်မှာ ကင်းထောက် ဦးထုပ်ကြီး ဆောင်းပြီးတော့ သွားတက်တယ်။ ဒီမှာကျတော့ မတက်ဘူး။ လာနိုးလာနိုးနဲ့ ဘယ်သူမှမလာဘူး။ အဲဒါမင်းတို့ သတင်းစာက ရေးလိုက်တော့။ ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကိုကျတော့ မတက်ဘဲနဲ့ သန္တိသုခ ကိစ္စကိုကျတော့ ၀င်စွက်ဖက်တယ်။ အဲဒါကြောင့် ဒီဟာကို ၀မ်းနည်းကြောင်း မှတ်တမ်းတင် လိုက်တယ်။ နောက်တစ်ချက်က ဒီကိစ္စကို သူတို့ ကန့်သတ်ပေးလိုက်တယ် ၀ါမဆိုမီလား မသိဘူး။ အကောင်အထည် ဖော်ဖြစ်အောင် လုပ်ပေးပါ။ အဲဒီစာထွက်တာနဲ့ သမ္မတကလည်း —-။ အဲဒါကို ဆရာတော်တွေ နားလည်အောင် ပြန်ဖြေရှင်းဖို့ အခါကျတော့လည်း ဒီကိစ္စကို ဘုန်းကြီးတွေက စာထုတ်လိုက်တာ ၅ ရက် ၆ ရက်။ ၇ ရက်၊ ၈ ရက်ရောက်မှာပေါ့ကွာ။ ဒီမှာဘုန်းကြီးတွေကို အရေးယူတာ ၁၀ ရက်နေ့လေ။ ၁၁ ရက်နေ့ကျတော့ သစ်ပင် စိုက်ပျိုးပွဲရှိတယ်။ မဟာမြိုင်သစ်တောကြီး ပြန်လည် စိုက်ပျိုးရေးဆိုပြီးတော့။ ကြေးမုံထဲမှာ ငါရေးထားတယ်။ ရေးထားပြီးတော့ ရည်ရွယ်ချက် ရှိတာပေါ့ကွာ ရည်ရွယ်ချက်ရှိတော့ မုံရွာထွက်သွားတယ်။ ဟိုရောက်တော့ တရားဟောနေပြီ။ မုံရွာမှာ ဓမ္မာရုံထဲ ခေါ်ပြီးတော့။ ငါက မုံရွာ ရောက်နေတယ်။ ည ၉ နာရီခွဲကျတော့မှ ဦးမြင့်ဆွေက အဘကို ဖုန်းဆက်တယ် ဦးအံ့မောင် မနက်ဖြန်မနက် ၈ နာရီ —–ရှိတယ်။ အဲဒါ ဦးအံ့မောင် ကိုယ်တိုင် ရှင်းမှဖြစ်မယ်။ ပြန်လာခဲ့ပါတဲ့။ ညကိုးနာရီခွဲနေပြီလို့ လေယာဉ်ပျံလည်း မရှိဘူးလို့ ဘယ်လိုလာရ မလဲဆိုတော့ မုံရွာကနေ မန္တလေးရောက်အောင် လာခဲ့ပါ။ မန္တလေးကျတော့ ဗိုလ်ချုပ်ရဲမြင့်က ကားစီစဉ် ပေးမယ်။ နေပြည်တော် ရောက်တဲ့အခါကျတော့ သမ္မတရုံးက ကားစီစဉ်ပေးမယ်၊ ဖြစ်အောင် လာခဲ့ပါဆိုတော့ ၉ နာရီခွဲ နောက်ပိုင်းမှ ကိုယ်က မုံရွာက ထွက်လာရတယ်။ ၁၂ နာရီမှ တံတားဦး လေဆိပ်ရောက်တယ်။ ဗိုလ်ချုပ်ရဲမြင့်က ကားကြိုထားတယ်။ သူ့ကားနဲ့ နေပြည်တော်လာ နေပြည်တော် ရောက်တော့ ၄ နာရီ ထိုးနေပြီ။ နေပြည်တော်ကနေ သမ္မတရုံးက ကားနဲ့လာတယ်။ ကမ္ဘာအေးကို ၈ နာရီ မတ်တင်းမှ ကိုယ် ရောက်တာ။ ဆရာပဲ အခမ်းအနားမှူး လုပ်ပါတဲ့ လုပ်မယ်အစီအစဉ်ပြောဆိုတော့ အစီအစဉ်ကတော့ ငါးပါးသီလယူ၊ လှူဖွယ်ဝတ္ထုကပ်၊ ပြီးရင် သမ္မတကြီး လျှောက်ထားပါမယ်။ ဆရာတော်ကြီးများ သြ၀ါဒပေးပါ။ ဒါမျိုးကတော့ စာရွက် မလိုဘူးလေဗျာ။ အလွတ်ပြောနေတာဆိုတော့ ငါးပါးသီလ ယူပြီးတော့လှူဖွယ်ပစ္စည်း ကပ်တယ်။ ကပ်ပြီးတော့အနား ဘယ်သူမှ မရှိတော့ဘူး အကုန်ထွက်သွားတယ်။ ၀န်ကြီးမြင့်ဆွေရယ်၊ ဦးစိုးဝင်းရယ်၊ ကျွန်တော်ရယ်၊ သမ္မတရယ်၊ ၄ ယောက်ပဲရှိတယ်။ မဟာနာယကတော့ ၁၅ ပါးအပြင်ကို ဗန်းမော်ဆရာတော်ပါဆိုတော့ ၁၆ ပါးဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီးက သာသနာရေးကိစ္စ လျှောက်ထား လိုသည်များကို လျှောက်ထားခွင့်ပြုပါဘုရား လျှောက်တယ်။ သူ ပြောတာတွေကတော့ ကြားသလောက်တော့ မှတ်ထားတာပေါ့ကွာ။ တပည့်တော် က ဦးအံ့မောင်ကိုလည်း အကြံပေးအဖြစ်နဲ့ ခန့်ထားတာပဲ။ ဆရာတော်တို့ အချိန်မရွေး ပြောရင်ရတာပဲတဲ့။ သံဃာ့အဖွဲ့အစည်းဆိုတာ တပည့်တော်တို့ အစိုးရနဲ့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါတဲ့။ တပည့်တော်က ဆရာတော်ကြီးတွေ ကိစ္စကို တားမြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူမတားပါဘူး။ တပည့်တော်က ကိုမြင့်ဆွေကို သေချာပြောခဲ့ပါတယ်။ ဆရာတော်ကြီး စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးလိုက်။ မတရားနည်းတော့ မဖြစ်စေနဲ့ဒီိလိုတော့ မှာခဲ့ပါတယ် ဒါပဲပြောတာ။ ပြီးတော့ ဆရာတော်သြ၀ါဒ ပေးတယ်။ ဆရာတော်ကတော့ ဒီလိုကြားရတဲ့အတွက် ၀မ်းသာတယ် ပြောလိုက်တာပေါ့။ ဒါတကယ်ကတော့ မှတ်တမ်းရှိဖို့ ကောင်းတယ်။ ဦးဆန်းဆင့်ကိုလည်း မခေါ်ဘူး။
● အဘကို သမ္မတကြီးက အကြံပေးအနေနဲ့ အသိအမှတ် ပြုထားတာပဲ။ အဲဒါကို ဘာလို့ ဦးရဲထွဋ်တို့က မဟုတ်ဘူးလို့ ပြောရတာလဲ။
ဦးရဲထွဋ်ဆိုတဲ့လူက သူက ဒီနေရာရတာက သမ္မတပြောလို့ ဖြစ်သွားတာ။ ရွေးကောက်ပွဲ ပြီးတယ်ဆိုတည်းက အာဏာလွှဲပြီးတော့ ဧပြီလမှာ စာရောက်လာတယ် ဦးသိန်းစိန် လက်မှတ်နဲ့။ ငါ့မှာ စာရွက်ရှိပါတယ် ဦးအံ့မောင်ကို နိုင်ငံတော်သမ္မတ အကြံပေး ခန့်အပ်လိုက်သည်ဆိုပြီးတော့။ ကျွန်တော်ရယ်၊ ဒေါက်တာ မတင်ဝင်းရယ်၊ ဒေါက်တာဖေဉာဏ်ပါတယ်။
သူက နောက်မှဖြစ်တဲ့ အခါကျတော့ ကျွန်တော့်ရဲ့ ဟိုဘက်ပိုင်းကို သူမသိတာ။ မသိလည်းဗျာ ပြောရေးဆိုခွင့် ရှိသူဆိုတာ ဒီတာဝန်က အင်မတန်ကြီးတာပဲ။ ဖတ်ထားရမှာပေါ့ဗျာ။ သူများပြောမှ သိရမှာလား ကိုယ်တိုင် သိရမှာပေါ့။ အဲဒီတည်းက ကျွန်တော်က ဦးရဲထွဋ်ဆိုတာ အတော်ညံ့တာပဲ။
● အဘကို ဦးဆန်းဆင့်နဲ့ ပေါင်းနေတယ်လို့များထင်လို့ သမ္မတကြီးက မခေါ်တာလား။
မဟုတ်ပါဘူး။ တွေ့ရင်တော့ ခေါ်ပါတယ်။ နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့က ၀ါဆိုသင်္ကန်းကပ်ပွဲ ဆိုရင်သွားရတယ်၊ နောက်ကထိန်သင်္ကန်းကပ်ပွဲ၊ နောက်တစ်ခါ တပေါင်းလပြည့်မှာ ဘွဲ့တံဆိပ်ကပ်ပွဲရှိတယ်။
နောက်ပိုင်းမှာ ကျွန်တော်မပါတော့ဘူး။ ဦးဆန်းဆင့်ပြီးတော့ ကျွန်တော် မရှိတော့ဘူး။ ဟိုဘက်တုန်းက ကျွန်တော် အမြဲတမ်းပါတယ်။
● လခကျတော့ ဘယ်လောက်ပေးထားလဲ။
တစ်သိန်းရှစ်သောင်း။ နောက်ပင်စင်ကလည်း အဲလောက်ပါပဲ တစ်သိန်းရှစ်သောင်း။
သမ္မတက ၀န်ကြီးဦးစိုးဝင်းကို ပြောတယ်။ အကြံပေးတွေကို ရုံးမတက်စေနဲ့။ ကိုယ့်အိမ်ကိုယ် နေပါစေ။ အကြောင်းထူးရှိမှခေါ်။ အဲလိုဆိုတော့ ဒီစကားအရ ကျွန်တော်က နဂိုတုန်းက ပုံမှန်က သမ္မတဆိုတာ နာမည်ခံ။ ကျွန်တော်လုပ်ရတာက သံဃာ့ အဖွဲ့အစည်းရှိတယ်။ သံဃာ့အဖွဲ့အစည်းမှာ ရှိတာအကုန်လုံးက ကျွန်တော် လုပ်ပေးနေရတာ။ ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးဆိုလည်း ကျွန်တော်တို့က ဘယ်လိုပြင်၊ ဘယ်လိုပြင် အကုန်လုံး ကျွန်တော်က။ အဲဒါကို ဦးစိုးဝင်းကလည်း အောက်က တပည့်တွေက ကြိုက်ကြတယ်ဆိုတော့ ကျွန်တော်ဒီမှာ မရှိစေချင်ဘူး။ ရှိနေလို့ရှိရင် ကျွန်တော်ကနေပြီးတော့ ဆရာတော်တွေကို ကျွန်တော်ကနေ Guide လုပ်ပေးနေသလို ဖြစ်နေတယ်။ အဲလိုမဖြစ်အောင် ရုံးမလာနဲ့ဆိုတော့ ကျွန်တော် ရုံးမသွားဘူး။ ကျွန်တော် ဟိုတုန်းက ၇ ရက်တစ်ပတ် အစည်းအဝေး၊ ဗုဒ္ဓဟူးနေ့တိုင်း အစည်းအဝေး တက်တယ်။ နောက် ၄၇ ပါး ဆိုရင်လည်း တကယ်လုပ်တာက ၄၇ ပါးမှာ ၃ ရက် ၄ ရက် ညှိနှိုင်းတာရှိတယ်။ ညှိနှိုင်းတဲ့အခါမှာ ဆရာတော်ကြီးတွေက သူတို့ စိတ်တိုင်းကျ ပြောဆိုကြတယ်။ တစ်ခါတလေ ဆရာတော်ချင်း တင်းမာလို့ ကျွန်တော်က ကြားကဖြေရတာ ရှိတယ်။ ဒီလောက်ဆို တော်လောက်ပါပြီ၊ ပြဿနာခေါင်းစဉ် ပြောင်းပေး ရတာပေါ့ဗျာ။ အဲလို ကျွန်တော်က လုပ်လာခဲ့ရတာပါ။ ဒါကတော့ မတော်ဘူး အစိုးရပေါ်လစီနဲ့ ဘယ်လို ဖြစ်တယ်၊ ဒါကျတော့ ဘယ်လိုဖြစ်နိုင်တယ် ကျွန်တော်က လျှောက်ရဲတယ်။ အခုတော့ ဘယ်သူမှ မတက်ဘူး။ ညွှန်ချုပ်လည်း မလာဘူး။ မိုးဇော်ရွှေကလည်း မလာဘူး။ ခိုင်အောင်ကလည်း မလာဘူး။ တစ်ခုခု ဖြစ်တယ် ဆိုရင် ညွှန်ချုပ်ပြောလို့ ဖြစ်တယ် ဖြစ်မှာစိုးလို့။ ကျွန်တော်ကတော့ ခေါင်းခံရဲတယ်။ မှားသွား တာဝန်ယူတယ်။ ဘယ်သူ့ပြောခိုင်းလဲ ဆိုတော့ ဗိုလ်ကြီးထွန်းညွန့်ကို ဒါလေးနဲ့ပဲ အလုပ်လုပ်၊ အဲဒီတော့ဘုန်းကြီးတွေကို ပြောဖို့ လျှောက်ဖို့ တာဝန်ကျ ဘယ်သူမှ မလာဘူး။
တချို့ဘုန်းကြီးတွေက ဒကာကြီးကျုပ်တို့က သတိရတယ်။ ဒကာကြီးရှိလို့ရှိရင် ဆရာတော် ဒါတော့လုပ်လို့ မတော်ဘူးဘုရား၊ တော်တယ်ဘုရားဆိုတာ ဒကာကြီးက လျှောက်ဖော်ရတယ်တဲ့။ သတိရပါတယ်တဲ့။
● ဦးဆန်းဆင့်နဲ့ ပတ်သက်လို့လည်း သမ္မတကို မေတ္တာရပ်ခံ တင်ပြစာမရေးပေးဖို့ သာသနာရေးဝန်ကြီး ဦးစိုးဝင်းက ဗန်းမော်ဆရာတော်ကို လျှောက်ထားတယ်ကြားတယ်။
အဲဒါဟုတ်တယ်။ ထောက်ခံစာ မဟုတ်ဘူးလေ ဦးဆန်းဆင့်အတွက် သမ္မတကို မေတ္တာရပ်ခံစာ။ အဲဒီစာကို ဗန်းမော်ဆရာတော်ရယ် မဟနဆရာတော်ရယ် လက်မှတ်ထိုးပြီးတော့၊ ဆင်မင်းဆရာတော် ပို့တော့မယ့် အခါကျတော့ ဦးစိုးဝင်း (လက်ရှိသာသနာရေးဝန်ကြီး)က ကြားတဲ့အခါကျတော့ အရှင်ဘုရား၊ ဒါမလုပ်ပါနဲ့ ဘုရား။ ဗန်းမော်ဆရာတော်က လှမ်းပြီးတော့ ဖုန်းဆက်လိုက်တယ်။ ဆင်မင်းဆရာတော်ကို ရပ်ထား လိုက်တော့ ဆိုပြီးတော့ ရပ်သွားတယ်ဒါပဲ။ မဟုတ်ရင် လက်မှတ်ထိုးပြီးတော့ ပို့လိုက်ရုံပဲ။
● အဘကိုလည်း ဆရာတော်တွေရဲ့ ဘွဲ့တံဆိပ်တွေနဲ့ ပတ်သက်လို့ လာဘ်ပေး လာဘ်ယူလုပ်တယ်လို့ ပြောကြတာ ရှိတယ်။
စဉ်းစားကြည့်ပေါ့။ အခုရှိတဲ့ ဆရာတော်တွေက ငါတို့ကို ခေါင်းခေါက် ခိုင်းလိုက်တာ။ ငါ့ကိုပေးစရာလား ငါက အကုန်လုံးကို ချုပ်ကိုင်ထားတာ မဟုတ်ဘူး။ ငါဘာမှ လုပ်နိုင်တာ မဟုတ်ဘူး။ ဒီဆရာတော်တွေဆို အကုန်လုံး။ ဟိုတုန်းကလည်း ဗိုလ်ချုပ်မြင့်မောင်ရှိတယ်။ S1 ပြုတ်သွားတဲ့နောက် တစ်နှစ်ပဲနောက်နှစ်တွေ မခေါ်ဘူး။ ဘွဲ့တံဆိပ်ပေးတာ။ အခုမှပြန်လုပ်တာ။ မဟုတ်ရင် အစည်းအဝေးတက်တဲ့ အခါကျ ငါကပြောတာ ဖြစ်တာ ပေါ့ကွာ။ ဟိုတုန်းကတော့ လုပ်တာ မတန်မရာနဲ့ပေါ့ကွာ။ အဘိဓဇမဟာရဌဂုရုဆိုတာ၊ အဘိဓဇအဋ္ဌဂုရုဆိုတာ တိုင်းပြည်ရဲ့ဆရာ။ အဋ္ဌဆိုတာတိုင်းပြည်။ တိုင်းပြည်ရဲ့ဆရာဆိုတာ အနည်းဆုံး မစိုးရိမ်ကျောင်းတိုက်က သံဃာတွေက ၂၀၀၀၊ ၃၀၀၀ ရှိတယ်။ သူက သက်တမ်းကလည်း ကြာလှပြီ။ အဲဒီတော့ မစိုးရိမ်ချင်းတူရင် မစိုးရိမ်ကတစ်ပါး ပေးလိုက်၊ နှစ်ပါးမပေးနဲ့။ အဲလိုမျိုးဖြစ်ရမယ်။ နောက်တစ်ခါပခုက္ကူဆိုရင် ပခုက္ကူကလည်း တစ်ပါးပေးလိုက်။ အဲလိုပြည်နယ် တိုင်းတစ်ခုလုံးမှာ သြဇာညောင်းနေတဲ့ ဆရာတော်တွေပေါ့ကွာ။ အရေး အကြောင်းဆိုရင် ဆရာတော်ဘုရား သြ၀ါဒပေးပါ၊ ဆရာတော်မိန့်ရင် ငြိမ်သွားရမယ် ဒီသံဃာတွေ။ အဲဒါမျိုးကို ရဋ္ဌဂုရုပေးရတာ။ ရဌဂုရုဆိုတာ ပြည်နယ်တိုင်းတစ်ခုကို အနည်းဆုံးသံဃာ ၅၀၀၊ ၁၀၀၀ လောက်ကို သြဇာ ရှိနေမှ ပေးလို့ရမယ်။ ၁၀၀၊ ၂၀၀ လောက်ကို ပေးနေတာ။ ဒါမျိုးတွေအများကြီး။ ငါ့ကို အစည်းအဝေး မခေါ်တော့ဘူး။ မတက်တော့ဘူးလေ။ မပါတော့ ငါတာဝန် ကင်းတာပေါ့။ မပါတာ မင်းတွက်ကြည့်။ S1 ပြုတ်တော့ ဦးမြင့်မောင်က ၂၀၀၄၊ ၂၀၀၅ ကနေ ၂၀၁၀ မခေါ်တော့ဘူး။ သူ့ဘာသာ သူ့တပည့်တွေနဲ့ လုပ်တာ။
ပြောရင်တော့ ရှင်းရှင်းပြောရင်တော့ ဦးဆန်းဆင့်က ၀န်ကြီးဌာန ရောက်တာ တစ်နှစ်ခွဲလောက်ရှိသွားပြီ။ အကုန်လုံးက ဗိုလ်ချုပ်မြင့်မောင်ခန့်ခဲ့တာ။ တစ်ယောက်မှ သူခန့်ခဲ့တာမရှိဘူး။ အရာရှိတွေ၊ လက်ထောက် ညွှန်ကြားရေးမှူးကအစ။ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပေါ့။ အဲဒီတော့ ကျွန်တော်က ၀င်ဆရာလုပ်တယ် ဖြစ်မှာစိုးလို့ သူပိုင်လို့ လုပ်တယ်ဆိုပြီး ကျွန်တော် ကြည့်နေလိုက်တာ။ ကျွန်တော်လုပ်ရင် အဲလိုမလုပ်ဘူး။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:
Post a Comment