Friday, April 24, 2015

ဖေ့ဘွတ်က Android ဖုန်းများတွင် အသုံးပြုနိုင်မည့် Hello App မိတ်ဆက်

(ကယ်လီဖိုးနီးယား)။ ။ ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘွတ်က ဖုန်းခေါ်ဆိုမှုများအတွက် အထောက်အပံ့ပေးသည့် Hello App အသစ်ကို ဧပြီ ၂၂ ရက်က မိတ်ဆက်လိုက်သည်ဟု CNET သတင်းတွင် ဖော်ပြထားသည်။
Facebook

Hello App သည် Caller ID အမျိုးအစား မိုဘိုင်း App ဖြစ်သည်ဟု CNET သတင်းက ဆိုသည်။

ယင်း App ကို Android ဖုန်းများအတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး App အသုံးပြုသူ၏ ဆက်သွယ်သည့် စာရင်းတွင် မပါဝင်သေးသည့် လူမှုကွန်ရက်ပေါ်မှ မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော်လည်း မလိုအပ်သည့် ဖုန်းအဝင်များကို ပိတ်ထားနိုင်မည် ဖြစ်သည်ဟုလည်း CNET က ဆိုသည်။

Hello App ကို Google Play Store တွင် အခမဲ့ဒေါင်းလုပ်ရယူနိုင်မည် ဖြစ်ပြီး Android OS သုံးဖုန်းများတွင် မရှိမဖြစ် App တစ်ခု ဖြစ်လာလိမ့်မည်ဟု CNET က ခန့်မှန်းထားသည်။

Hello App ကို Facebook Messenger အဖွဲ့က ဖန်တီးထားခြင်း ဖြစ်ပြီး အမည်မသိ ဖုန်းဝင်လာသည့် အခါများတွင် ယင်းဖုန်း၏ လူမှုကွန်ရက်ပေါ်မှ အချက်အလက်များကို ရယူပြီး မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ပြပေးသွားမည် ဖြစ်သည်။ သို့သော်လည်း ဖေ့ဘွတ်ပေါ်တွင် အချက်အလက်များကို မျှဝေထားသူများထံမှသာ ကိုယ်ရေးအချက်အလက်များ ရယူသွားမည်ဟုလည်း CNET သတင်းက ဆိုသည်။

ယင်း App ကို အင်တာနက်အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည့် App အဖြစ် အဆင့်မြှင့်တင်သွားရန် လည်း အစီအစဉ်ရှိသည်ဟု CNET က ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ယင်း App ကို အမေရိကန်၊ ဘရာဇီးနှင့် နိုင်ဂျီးရီးယား နိုင်ငံများတွင် အသုံးပြုနိုင်ပြီဖြစ်ပြီး စမ်းသပ်ဗားရှင်း အဖြစ် ဖြန့်ချိထားခြင်း ဖြစ်သည်။

Apple ၏ iOS ပေါ်တွင် အသုံးပြုနိုင်မည့် ဗားရှင်းကိုလည်း အသုံးပြုသူများ၏ တောင်းဆိုမှု အပေါ်မူတည်ပြီး ထုတ်လုပ်သွားရန်ရှိသည်ဟု ဖေ့ဘွတ်၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment