Thursday, April 23, 2015

မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင် တို့ကို ဗိုလ်တထောင် နှင့် ပန်းပဲတန်း ရဲစခန်းတို့က ပုဒ်မ ၁၈ဖြင့် စွဲဆိုရန် ပြင်ဆင်နေ

ရန်ကုန်၊ဧပြီ ၂၃။      ။ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြ မှုကြောင့်ကျောင်းသား များဖြစ်သည့် မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒ စစ်အောင် တို့ကို ပန်းပဲ တန်းမြို့နယ်ရဲစခန်းနှင့် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ဖြင့် ရုံးတင် တရားစွဲဆို ရန်ပြင်ဆင်နေသည်ဟု ပန်းပဲတန်း မြို့နယ်နှင့် ဗိုလ်တစ်ထောင် မြို့နယ် ရဲမှူးတို့က မဇ္ဈိမကို အတည်ပြုပြော ကြားသည်။

ဖေဖော်ဝါရီလ  အတွင်းက အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ ဆန္ဒပြရာတွင် ခွင့်ပြုချက် မယူဘဲ ဗိုလ်တစ်ထောင် မြို့နယ်နှင့် ပန်းပဲတန်း မြို့နယ်တို့ ကိုဖြတ်သန်း ဆန္ဒထုတ်ဖော်သဖြင့် ယင်းကဲ့သို့ တရားစွဲဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး စိန်ဝေက “ မနေ့က လက်ပံတန်းကို သွားပြီးတော့ စစ်ချက်ယူတာပါ။ အမှုဖွင့်ထားတာကတော့ ၂လပိုင်း ကတည်းကပါ။ ရဲလုပ်ငန်းအရ အမှုက တည်ဆောက်ရပါသေးတယ်။ သက်ဆိုင်ရာမြို့နယ် တရားရုံးကိုပဲ တင်သွားမှာပါ။” ဟုပြောသည်။

တရားစွဲဆိုခံရ သည့်ကျောင်းသား များအရေး လိုက်ပါဆောင် ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေ ဦးရော ဘက်စန်းအောင်က ယင်းဖြစ်ရပ်နှင့် ပတ် သက် ၍မဖြစ်သင့်သည့် အမှုများကို တည်ဆောက်နေသည်ဟု သုံးသပ်ပြော ကြားသည်။

ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ထွေးက “ ဒီအမှုက အမျိုးသား ပညာရေး ဥပဒေကြမ်းကို ဆန္ဒပြတဲ့ အချိန်တုန်းက မြို့နယ်ထဲမှာ ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့လို့ပါ။ တရားရုံးတင်ဖို့အတွက် စခန်းမှူးက သာယာဝတီထောင်ကို စစ်ချက်သွားယူတာပါ။ တရားမစွဲ ရသေးပါဘူး။”ဟု မဇ္ဈိမ ကိုပြောသည်။

မဖြိုးဖြိုးအောင် အပါအဝင် ဒီမိုကရေစီ ပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားနှင့် ထောက်ခံသူများသည် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့မှ ရန် ကုန်သို့ ချီတက်ရန် ကြိုးပမ်းစဉ် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းနောက ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဝန်းရံသူ ပြည်သူ စုစုပေါင်း ၆၉ဦးကို ဖမ်းဆီးခဲ့ပြီး လက်ပံတန်း မြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားလိုလုပ်ကာ ပုဒ်မ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုကာ လက်ရှိတွင် သာယာဝတီ အကျဉ်းထောင်၌ဖမ်း ဆီးထားသည်။ ၎င်းတို့ကို ဧပြီလ ၂၃ရက်တွင် စတုတ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ယခုလ ၃၀ရက်တွင်မူ သာယာဝတီခရိုင်တရားရုံးတွင် အမှုစစ်ရန် တရားရုံး က ဆုံးဖြတ်ခဲ့သည်။

ကိုနန္ဒာစစ်အောင် အပါအဝင် ဖမ်းဝရမ်းထုတ်ထားသည့် ကျောင်းသား သုံးဦးကိုလည်း မတ်လ ၂၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖမ်းဆီးရရှိခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကာအမှု ၃၈ မှုခန့် ရင်ဆိုင်နေရသည်။


Credit - Mizzima News

No comments:

Post a Comment