ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ အမေရိကားမှ လှုပ်ရှားနိုင်သော လက်အတုများကို ဆင်းရဲနွမ်းပါး သူများအား အခမဲ့ တပ်ဆင် ပေးမှု များ ပြုလုပ်ပေးလျက် ရှိနေကြောင်းကို ဧပြီ ၂၂ ရက်တွင် ထိုဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ဦးတိုးဘရှမ်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်အတု တပ်ဆင်ပေးမည့် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း အဖွဲ့သည် ၂၀၁၅ ဇန်န၀ါရီတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၄ ဒီဇင်ဘာတွင် တစ်ကြိမ် ရခိုင်ပြည်နယ်တွင် အခမဲ့ ဆေးကုသပေးခဲ့ရာတွင် လက်အတုများ တပ်ဆင်ပေးခဲ့သည်။
ပထမအကြိမ်တွင် လက်အတု ၅၀ ကို အမေရိကန်မှ အကူအညီ ပေးနိုင် ခဲ့ပြီး နောက်ထပ် ၅၀ တပ်ဆင် ပေးမည် ဖြစ်ကြောင်း ရန်ကုန်တွင် လက်အတု ၅၀ တပ်ဆင်ပြီးပါက အမေရိကန်ရှိ လက်တု ထုတ်ပေးသည့် အဖွဲ့ထံသို့ စာရင်းပြန်ပြီး ထပ်မံ တပ်ဆင်လိုသူများအတွက် တောင်းခံပေး ရမည် ဖြစ်ကြောင်း ဦးတိုးဘရှမ်းက ပြောသည်။
““လက်နှစ်ဖက် ပြတ်နေတဲ့လူကို ပထမဦးစားပေး အနေနဲ့ နောက်ပြီးတော့ ဆင်းရဲတဲ့လူတွေပါ အလုပ်လေး ပြန်လုပ်လို့ ရအောင်လို့ လက်နှစ် ဖက်ပြတ်နေတော့ သူတို့အတွက် လူတစ်ယောက်က လိုနေတယ်လေ။ အဲဒါကြောင့် ဒါလေး တပ်ပေးလိုက်တော့ အဆင်ပြေသွားမယ်လေ””ဟု ဦးတိုးဘရှမ်းက ပြောသည်။
ယင်းလက်တုဖြင့် စာရေးသားနိုင်ခြင်း၊ ဇွန်း၊ ပန်းကန်၊ ဖန်ခွက်များ ကိုင်နိုင်ခြင်းအပြင် မီးဖိုချောင် အလုပ်များ ကိုပါ လုပ်ဆောင်နိုင် မည် ဖြစ်ကြောင်း တပ်ဆင်လိုသူများ အနေဖြင့် အမည်၊ အသက်၊ နေရပ်လိပ်စာ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ အဘယ့်ကြောင့် ပြတ်သွားရသည့် အကြောင်းရင်းတို့ကို ဖော်ပြ လျှောက် ထားရမည်ဖြစ်ကြောင်း ၎င်းတို့သည် မည်သည့်ဘက်မဆို လက်တံတောင် ဆစ်မှ ၅ လက်မရှည်သော လက်ဖျံရှိရမည်ဖြစ်ပြီး လက်တစ်ဖက်တည်းသာ တပ်ဆင်ပေးမည်ဖြစ်သည်။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment