ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်းရင်းသား သတင်းဌာန ၁၁ ခုဖြင့်
ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံတကာ မြန်မာ့ သတင်း BNI (အင်္ဂလိပ်ပိုင်း)
အင်တာနက် စာမျက်နှာသည် ဧပြီ ၂၂ ရက် နံနက်ပိုင်းမှ စတင်ကာ
တိုက်ခိုက်ခံနေရသည်ကို တွေ့ရှိသည်။

BNI (အင်္ဂလိပ်ပိုင်း) ကို ဝင်ရောက်ကြည့်ရှုမည်ဆိုပါက "မြန်မာနိုင်ငံအား ကျူးကျော်ရန်စခဲ့သည့် ကိုးကန့် သောင်းကျန်းသူများကို အားပေး အားမြှောက်ပြုနေသော ပြည်ပသြဇာခံ သူပုန်တပ်ပေါင်းစု UNFC အား ၎င်းင်းတို့၏ မီဒီယာ ဝဘ်ဆိုဒ်ဖြစ်သည့် Burma News International မှတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟက်ကာများ သမဂ္ဂမှ ပြင်းထန်စွာ သတိပေးအပ်သည်" ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။
UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment