Friday, April 24, 2015

လက်ပံတန်းဖြိုခွဲခံ ကျောင်းသားများအမှု ဧပြီ ၃၀ ရက်နေ့တွင် သာယာဝတီ တရားရုံး၌ ပြောင်းလဲစစ်ဆေးမည်

 ရန်ကုန်၊ ဧပြီ ၂၃

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား လက်ပံတန်းမြို့ တွင် အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံသူများကို ဧပြီလ ၃၀ ရက်နေ့တွင် လက်ပံတန်းမြို့နယ်တရား ရုံးတွင် ရုံးထုတ်ရာ၌ သာယာဝတီ တရားရုံး၌ ပြောင်းလဲစစ်ဆေးမည် ဟုအမိန့်ချခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧပြီ ၂၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံသူများကို မတ်လ၂၅ ရက်နေ့ လက်ပံ တန်းတရားရုံးတွင် အမှုစတင် စစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက် ၎င်းတို့၏ ၅ ကြိမ်မြောက်ရုံး ချိန်းတွင်
သာယာဝတီ မြို့နယ်တရားရုံးသို့ အမှုပြောင်းလဲစစ်ဆေးရန် အမိန့်ချမှတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ပြောကြား ခြင်းဖြစ် သည်။

““သာယာဝတီ မြို့နယ်တရားရုံးကို ရုံးပြောင်းဖို့ မနေ့က အမိန့်ချထားတာကို ဒီနေ့တရားသူကြီးက ဖတ်ပြတာပါ။ ဧပြီ ၃၀ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ မိသားစုတွေနဲ့တော့ တွေ့ခွင့်ရကြပါ တယ်။ ကျောင်းသားတွေ ကတော့ ထောင်ထဲမှာ အလွန်ဆိုးရွားတဲ့ အခြေအနေအောက် မှာ နေနေကြရပါတယ်။ ခြင်ကိုက်တာ၊ ရေမသန့်လို့ ၀ဲပေါက်တာ၊ အစားအသောက် ညံ့ဖျင်းတာတွေနဲ့ သူတို့ဘ၀တွေကို ဖြတ်သန်းနေရ ပါတယ်။ ထောင်ဆေးရုံက လည်း ဘာဖြစ်ဖြစ်ပါရာ စီတမောပဲပေးတာ။ အခုက အနုနည်းနဲ့ ညှဉ်းပန်းသလိုဖြစ်နေတယ်””ဟု တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့် သို့ပြောသည်။…

လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ)နှင့် သပိတ်စစ်ကြောင်း ဖြတ်သန်းရာ မြို့နယ်များမှလည်း ပုဒ်မ၁၈ဖြင့်တရားစွဲဆိုထားသည်။

““မိသားစုနဲ့ ၁၀ မိနစ်လောက် တွေ့ခွင့်ရကြပါ တယ်။ ထောင် ထဲမှာ ခေါင်းကွဲထားတဲ့ ကလေး၂ယောက်က ညဘက်ခေါင်းကိုက်လို့ မအိပ်ရ ဘဲလမ်းလျှောက်နေရတယ်။မျက်စိ ထိထားတဲ့ ကလေးတွေကလည်း သိပ်မ သက်သာကြဘူး။ ခြင်ထောင်တွေ မပေးရတော့ ဒီတစ်ခေါက် တော့ ခြင်ထောင်ပေးဖို့ပြောရမယ်။ ယားနာတွေ ပေါက်နေလို့ ဆပ်ပြာတွေတော့ ပေးထားတယ်။ ပြီးခဲ့တဲ့ အပတ်က ပြောထားလို့လား မသိဘူး။ ဒီတစ် ခါတော့ အေးအေးဆေး ဆေးနဲ့တွေ့ခွင့်ရပါတယ်””ဟု တရားရုံးတွင် တွေ့ဆုံခွင့်ရသည့် ဖမ်းဆီးခံကျောင်း သား ခေါင်းဆောင် ကိုမင်းသွေးသစ်၏မိခင် ဒေါ်ခင်ခင်ယုက ဧပြီ ၂၃ရက်တွင် မြန်မာသံတော် ဆင့်သို့ပြောသည်။

ကျောင်းသားများနှင့် တွေ့ဆုံ ခွင့်ကိုလည်း ““ပထမ ယောက်ျားလေးတွေ အရင်တွေ့ရတယ်။ ပြီးတော့မှ မိန်းကလေးတွေကို ပေးတွေ့ရတယ်။ လက်ထိပ်တွေကတော့ မခတ်ထားဘူး။ စတွေ့တုန်းကကျပ် ညပ်နေ လို့ ပြန်တောင်းဆိုတော့မှ မိန်းကလေးတွေကို သစ်ပင်အောက်မှာ သီးခြားပေးတွေ့ပါတယ်။ မိဘ တွေေ ကာ မီဒီယာတွေကော တွေ့ခွင့်ရပါတယ်””ဟုမဖြိုးဖြိုးအောင် ဖခင် ဒေါက်တာနေ၀င်းက ပြောသည်။

ဧပြီ ၂၃ရက်ရုံးချိန်းတွင် ဖမ်း ဆီးခံကျောင်းသားများက တရားရုံး ၀င်းအတွင်း၌ကျောင်း သားသီချင်း များ သီဆိုခြင်း၊ ““သပိတ်-သပိတ် မှောက် မှောက်၊ တရားဥပဒေစိုးမိုး ရေး – ဒို့အရေး၊ ဒို့ကျောင်းသားတွေ ညီရဲ့ လားဟေ့ ညီတယ်ဟေ့၊ မီး တုတ် မီးတုတ် ရှို့ရှို့”” စသည့်ကြွေး ကြော်သံများကြွေးကြော်ကာ အချုပ် ကားပေါ်မ တက်ခင် ကြွေးကြော်ခဲ့ ကြသည်။

အစိုးရ၏ မတ်လ ၁၀ရက်က အကြမ်းဖက်ဖြိုခွင်းရာတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သော ကျောင်းသား များ၏ ဒဏ်ရာများမှာ ယခုအချိန် အထိမပျောက်ကင်းသေးဘဲ အတိ အကျ စစ်ဆေးကုသရန်လိုအပ်ပြီး အဆိုပါ ဖြစ်စဉ်၌ အစိုးရ၏ ဥပဒေ ချိုးဖောက်မှုများကို တိုင်ကြားတရား စွဲရန်အတွက် ရုံးထုတ်ချိန်တွင် ကျောင်းသား များက ဥပဒေပညာ ရှင်များနှင့် တိုင်ပင်မှုများ ပြုလုပ်လျက်ရှိသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

 

 

 

No comments:

Post a Comment