Friday, April 24, 2015

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရပြီ

 ရန်ကုန်၊ ဧပြီ ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ယခင်ကိုင်ဆောင်ထားသော မှတ်ပုံတင်အား ယခုကျင့်သုံးလျက် ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်သို့ ပြောင်းလဲကိုင်ဆောင်ရန် အတွက် လျှောက် ထားခဲ့ရာ ရရှိသွားပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ၂၃ရက် တွင် အတည်ပြုပြော ကြားသည်။

““နိုင်ငံသားစိစစ်ရေးကတ် ထုတ်တာပါ။ အခုမှထုတ်တာပါ။အဟောင်း အပ်လိုက်ပါတယ်။ အရင် မှတ်ပုံတင် ကတ်ကိုင်တယ်။ အပ်ပြီးတော့ နိုင်ငံသားစိစစ်ရေးကတ် ပြောင်းကိုင်ပါတယ်။ ၁၂ ရက်နေ့က လုပ်တာပါ။ ၁၂ ရက်နေ့ကတည်းကလုပ်တယ်၊ အိမ်မှာလာပေးပါတယ်””ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧပြီ လ ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်လ၀ကဦးစီးမှူး ဗိုလ်ကြီး ရဲစိုးမြင့်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ““ကာယကံရှင်ကိုသာ ဆက်သွယ်မေး မြန်းပါ””ဟုသာပြန်လည်ဖြေကြားခဲ့သည်။

ဝိုင်းမော်

ပုံ (၁) နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် လက်ဗွေရယူစဉ်

ပုံ (၂) နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ခံရယူနေသည့်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၃ ရက်က တွေ့ရစဉ်

Photo-1,000 Million Strong For Daw Aung San Suu Kyi in 2015 facebook

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

No comments:

Post a Comment