ရန်ကုန်၊ ဧပြီ ၂၃
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီလ ၁ရက်မှ စ၍ ပြည်တွင်းပြည်ပ လေဆိပ်ခွန်ခများ ကို တိုးမြှင့် ကောက်ခံရန် သတ်မှတ်ထားသော်လည်း ခရီးသည်များကို ကြိုတင် အသိပေးခြင်း မပြုလုပ် ခဲ့ကြောင်း လေဆိပ် ငွေစာရင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။
လေဆိပ်ခွန်များကို လေယာဉ် လက်မှတ်ဖြတ်စဉ် တစ်ပါတည်း ထည့်သွင်း ဖြတ်တောက်လေ့ရှိ သည့်အတွက် ခရီးသည်အချို့ အကြား အငြင်းပွားမှု မဖြစ်ပေါ်ခဲ့သော်လည်း အချို့သော ခရီးသည်များမှာမူ လက်မှတ်ဖြတ် စဉ် လေဆိပ်ခွန်များကို ဖြတ်တောက် မခံရဘဲ လေဆိပ်ရောက်မှသာ လေဆိပ်ခွန် ထပ်မံပေးဆောင်ရသည့် အတွက် ယင်းအချက်ကို မသိရှိသော ခရီးသည်အချို့မှာ အခက်အခဲ ကြုံတွေ့ရမှုများ ရှိနေသည်။
လေဆိပ်ခွန် ထပ်မံကောက်ခံမှုအပေါ်““ကျွန်မတို့ကလေကြောင်း လိုင်းအားလုံးကိုထွက်ခွာရင် တိုးကောက်ဖို့ တရားဝင် အကြောင်းကြားပြီးသား။ တချို့လေကြောင်း လိုင်းတွေက မူလအခွန်နှုန်းအတိုင်း ဖြတ်တော့ လက် မှတ်စစ်မှတွေ့ တော့ ထပ်ကောက်လိုက်တာ။ သီးသန့်ကြီးကောက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ခရီးသည်တွေကို တိုးကောက်မယ်လို့ ကြိုတင် အသိပေးထားတာ မရှိဘူး””ဟုလေဆိပ်ခွန် ငွေစာရင်းဌာနမှ တာဝန်ရှိသူကပြော သည်။…
ပြည်တွင်းပြည်ပ လေဆိပ်ခွန်များကို ဧပြီလ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံရန် သတ်မှတ် ထားပြီး ပြည် တွင်း လေဆိပ်ခွန်သည် မူလမြန်မာငွေကျပ်၁၀၀၀မှ၂၀၀၀ ကျပ် သို့လည်းကောင်း၊ ပြည်ပလေဆိပ် ခွန်သည် မူလအမေ ရိကန်ဒေါ်လာ ၁၀မှ ၁၅ ဒေါ်လာသို့လည်းကောင်း ပြောင်းလဲ တိုးမြှင့်ကောက်ခံနေ ခြင်းဖြစ်သည်။
““အစ်မတို့က ခရီးသည်တွေဆီက လက်မှတ်ဖိုးရော လေဆိပ်ခွန်ပါ ကြိုတင်ကောက်ထားပြီးသား။ လေဆိပ် ခွန်တိုးတာမသိတော့ လက်မှတ်ဖြတ်မှ သိရတော့ ထပ်တောင်းရတာ အဆင်မပြေဘူး။ ကျန်တာတော့ အခက အခဲမရှိပါဘူး။ သူတို့ မပြောတော့ကိုယ်က မေးရတာပေါ့”” ဟု Columbus Travel & Tours ကုမ္ပဏီမှ မ၀တ်ရည်က မြန်မာသံတော်ဆင့်သို့ပြောသည်။
လေကြောင်းလိုင်းများ အားလုံးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တိုးမြှင့်ကောက်ခံမည့် နှုန်းထားပါ အကြောင်း ကြားစာ ကြိုတင်ပေးပို့ခဲ့ကြောင်း၊ လက်မှတ်ဖြတ်စဉ် ခရီးသည်များ ကို လေကြောင်းလိုင်း တာဝန်ကျ ၀န်ထမ်း များကရှင်းပြပေးရကြောင်း စသည်ဖြင့် Air Bagan လေကြောင်းလိုင်း လက်မှတ်အရောင်းဌာန တာဝန်ကျ ၀န်ထမ်းတစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment