Monday, April 20, 2015

အပြာရောင် ဝတ်စုံဝတ်ကာ ဦးဝင်းတင်ကို ဂုဏ်ပြုကြရန် နှိုးဆော်

ရန်ကုန် (မဇ္ဈိမ)။ ။ ဝါရင့် နိုင်ငံရေးသမား၊ သတင်းစာ ဆရာကြီးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့သော ဧပြီလ ၂၁ ရက်တွင် သူအမြဲတမ်း ဝတ်ဆင်ခဲ့သည့် ထောင်ဝတ်စုံ အရောင်ဖြစ်သော အပြာရောင်များ ဝတ်ဆင်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြသဂုဏ်ပြုကြရန် နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အပါအဝင် အဖွဲ့အစည်း ၁၇ ဖွဲ့က နှိုးဆော်ထားသည်။


U-Wiin-Tin
Burma Action Ireland, Burma Campaign UK, Burma Link, Burma Partnership, Christian Solidarity Worldwide, Forum for Democracy in Burma အစရှိသည့် အဖွဲ့အစည်းများက တိုက်တွန်းထားခြင်း ဖြစ်သည်။


အဆိုပါ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၇၃ ဦး အကျဉ်းကျခံနေရကာ ၃၆၁ ဦးမှာ တရားရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment