မန္တလေး၊ ဧပြီ ၂၃ ။ ။ မန္တလေးမြို့ဧရာဝတီမြစ်ကမ်း တစ်လျှောက်
ဧရာဝတီမြစ်ကို အမှီပြု၍ ကျဘမ်း လုပ်ကိုင် ရှာဖွေ စားသောက်နေ သူများနေ
ထိုင်ရန် အငှားအိမ်ရာများကို စက်တင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်မောင်တင့် ကပြောသည်။

"ဖေါင်ဒေးရှင်းတွေ စလုပ်နေပါတယ်။ ဘယ်လိုနှုန်းထားနဲ့ ဌားရမ်းရမယ် ဆိုတာဈေးနှုန်း မသတ်မှတ်ရသေးပါဘူး။" ဟု ဦးခင်မောင်တင့် ကပြောသည်။
အငှားအိမ်ရာစီမံကိန်းအား အောင်မြေသာစံမြို့နယ်၊ ၁၄လမ်းနှင့် ၁၅လမ်းကြား မြို့ရှောင်လမ်း၏ အရှေ့ဘက်တွင် Myanmar V-Pile Co.,Ltd မှ တာဝန်ယူ ကာ ဧပြီလ ၁၈ ရက်မှ စတင် အကောင် အထည်ဖော် တည်ဆောက်နေပြီး ၁၂ ခန်းတွဲ ၆ ထပ် အဆောက် အဦးပေါင်း ၂၀ တည်ဆောက်သွား မည်ဖြစ်ရာ အခန်းပေါင်း ၁၄၄၀ ခန်း ပါရှိမည်ဟု ဦးခင်မောင်တင့် ကပြော သည်။
အငှားအိမ်ရာ တည်ဆောက်ပြီးပါက ဧရာဝတီမြစ်အား အမှန်တကယ် အမှီပြု လုပ်ကိုင်စားသောက်နေသူများနှင့် အဆိုပါမြစ်ဘေးတွင် တဲထိုးနေထိုင် လုပ်ကိုင် စားသောက်နေ သူများအား အငှားချသွားမည်ဖြစ်သည်။ ထိုသို့ ကျဘမ်း အလုမ်းကြမ်းသမားများ နေထိုင်ရန် အငှားအိမ်ယာများ တည်ဆောက်ပေးခြင်းသည် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပထမဆုံးဆောင် ရွက်ပေးခြင်း လည်းဖြစ်သည်။
"မြစ်ဘေးနေပြီး ကျဘမ်းလုပ်စားလာတာ အနှစ်၂၀ရှိပြီ ဟိုနားတဲ ထိုးနေလိုက်။ ဒီနားတဲ ထိုးနေလိုက် လုပ်ပြီးနေ လာတာ ဒီနေ့ အချိန်ထိပဲ။ အဝေးကြီး သွားပြီး လည်း ငှားမနေနိုင်ဘူး။ မြို့သစ် ဘက်သွားဌားနေလည်း လမ်းစရိတ်နဲ့ရတာနဲ့ မကာမိဘူး။ အခုလို စီစဉ်ပေးတော့ ကောင်းတာပေါ့။"ဟု သင်္ဘော ကုန်တင် ကုန် ချ လုပ်သူ ဦးခင်မောင်ထွေးကပြောသည်။
အဆိုပါမြစ်ကမ်းဘေးတွင် နေထိုင်လုပ်ကိုင်သူ အများစုသည် ကျဘမ်းလုပ်ကိုင်သူများနှင့် ကုန်တင်ကုန်ချ လုပ်သား အများစု နေထိုင်သည်။
"ကျွန်မတို့ကတော့ အငှားပေးလည်း တတ်နိုင်မှ ဌားနေနိုင်မှာပဲ။ဈေးများရင်တော့ နေနိုင်မှာမဟုတ်ဘူး။ အခုလိုပဲ လွတ်တဲ့နေရာ တဲထိုးပြီးနေရဦးမှာပဲ။"ဟု ဝါးထရံယက်သူ မအေးအေး ကပြောသည်။
ဧရာဝတီမြစ်ဘေးရှိ ကျဘမ်းလုပ်ကိုင်နေထိုင်သူများ၏ စာရင်းကို စည်ပင်သာယာရေးကော်မတီ ကကောက်ယူနေပြီး အဆောက်အဦးများပြီးပါ စာရင်းအတိ အကျဖေါ်ပြပေးသွား မည်ဖြစ်ကာ လက်ရှိတွင် ကျဘမ်းလုပ်ကိုင်၍ တဲထိုင်းနေထိုင်သူ ၂၀၀ကျော် ရှိနေသည်။
Credit - Mizzima News
No comments:
Post a Comment