Thursday, April 23, 2015

လေပြင်းများ တိုက်ခတ်ပြီး သဗ္ဗာန်များ ထွက်မရ၍ ရန်ကုန်-ဒလ ကူးမည့်သူများ အခက်အခဲ ကြုံခဲ့ရ

ရန်ကုန်၊ ဧပြီ ၂၃။      ။ ဧပြီ ၂၃ ရက်ညနေ ၅ နာရီခန့်မှစတင်၍ ရန်ကုန်မြို့တွင်း လေပြင်းများ တိုက်ခတ်ခဲ့ပြီး မိုးရွာသွန်း ခဲ့သဖြင့် ရန်ကုန်-ဒလပြေးဆွဲနေ သည့် သဗ္ဗာန်များ မပြေးဆွဲနိုင်တော့၍ ခရီးသည်များ အခက်အခဲ ကြုံတွေ့ ခဲ့ရသည်။

vsinfivosv
ဒလသင်္ဘောဆိပ်တွင် သင်္ဘောစောင့်ဆိုင်းနေသူများကို ဧပြီ ၂၃ရက် ည ၈နာရီခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်သိင်္ခ)



"ကျွန်မတို့ ရန်ကုန် မှာအလုပ် လာလုပ်တဲ့ သူတွေပါ၊ ခါတိုင်း သဗ္ဗာန်စီး ပြီးပြန် ပါတယ်၊ ဒီနေ့လေပြင်းတွေ တိုက်ပြီး မိုးတွေလဲ ရွာတော့ သဗ္ဗာန်မထွက်နိုင် ဘဲဖြစ်နေတော့ သင်္ဘောဘက်မှာ ခရီးသည်တွေ တိုးကြိတ်နေပါတယ်၊ ကျွန်မတို့စောင့်နေတာ မိနစ်နှစ် ဆယ်လောက် ရှိပါပြီ။" ဟု ဒလမြို့နယ် အတွင်းနေထိုင် သည့် အမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

သဗ္ဗာန်ပြေးဆွဲခြင်းကို လေပြင်းများ စတင်တိုက်ခတ်သည့် ညနေ ၆ နာရီခွဲခန့်ကပင် စတင်ရပ်ဆိုင်းခဲ့ပြီး သဘောင်္ သုံးစီး အသုံးပြု၍ ရန်ကုန်-ဒလ အစုန် အဆန်ပြေး ဆွဲနေခြင်းဖြစ်သည်ဟု ပန်းဆိုးတန်းဆိပ်ကမ်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

"ခါတိုင်း ရန်ကုန်-ဒလ သင်္ဘောနှစ်စီးနဲ့ အစုန်အဆန် ပြေးဆွဲနေတာပါ၊ အခု သဗ္ဗာန်ပြေးဆွဲမှု ရပ်လိုက်တဲ့အချိန်ကစပြီး သင်္ဘောသုံးစီး အသုံးပြုပြီးပြေး ဆွဲနေ ပါတယ်၊ ဒီလိုလေပြင်းတိုက်ပြီး မိုးရွာနေတဲ့ပုံစံနဲ့ဆိုရင် သဗ္ဗာန်ပြေးဆွဲရင် အရမ်းအန္တရာယ်များပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်" ဟုပြောသည်။

ယခုကဲ့သို့ လေပြင်းများတိုက်ခတ်ပြီး မိုးရွာခြင်းကြောင့် သဗ္ဗာန်များမပြေးဆွဲဘဲ သင်္ဘောများသာ ပြေးဆွဲခဲ့သဖြင့် ပန်းဆိုးတန်းဆိပ်ကမ်းတွင် ည ၆ နာရီခွဲခန့် မှ စတင်ကာ ခရီးသည်များဖြင့်ပိတ်ဆို့နေခဲ့ပြီး ည ၈ နာရီခန့်တွင် ပုံမှန်အနေအထား ပြန်လည်ရောက်ရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment