ကျန်းမာတော်မူကြပါစခင်ဗျာ။
မုန်တိုင်းတိုက်မယ်လို့သတင်းကတော့ အမြဲဖြစ်နေတာပါပဲဗျာ။
ရန်ကုန်မှာတော့ မိုးစလို့ရွာပါပြီ။
၂၄-၄-၂၀၁၅
နံနက် (၁း၅၂)နာရီ။
၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၂၃ -၄-၂၀၁၅)ရက် နံနက် (၁၀း၄၅) နာရီအချိန် KALPANA_1 ဂြိုဟ်တု မှ တိုင်းတာပေးချက်အရ
ကပ္ပလီပင်လယ်ပြင် နှင့်ဘင်္ဂလားပင်အော် မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ်အနည်း ငယ်ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသ တွေမှာ တိမ်ထူထပ် နေပြီး ၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နဲ့ကမ်းလွန်ပင်လယ်ပြင်တို့်မှာလှိုင်းအနည်း ငယ်မှ လှိုင်းအသင့်အတင့် ရှိနိုင်ပါတယ်။ ကမ်းရိုးတန်းနဲ့ ကမ်းလွန်မှာ လှိုင်းအမြင့်(၂)ပေ မှ(၃)ပေ ခန့်ရှိနိုင် ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရှမ်းပြည်နယ် တို့တွင် နေအပူချိန် 23°C-32°C ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) ၊ ရခိုင်ပြည်နယ် ကယားပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ 33°C-36°Cခန့်၊ ကျန်တိုင်းဒေသကြီးများ နဲ့ ပြည်နယ်ဒေသများတွင် နေ့အပူချိန်များဟာ 37°C-42°C ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။
ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့တွင် အလွန်မြင့်မားသော အခြေအနေတွင်ရှိနေပြီး၊ ကျန်တပြည်လုံးတွင် လွန်ကဲ အဆင့်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာနိုင်ငံမြောက်ပိုင်း၊အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ တွေမှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်းနိင်ပြီး၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဒေသတွေမှာ မိုးတိမ်တောင်များအနည်းငယ် ဖြစ်ထွန်းနိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ ၊ မွန်ပြည်နယ် မန္တလေးတိုင်း ဒေသကြီး နဲ့ တနင်္သာရီတိုင်း ဒေသကြီး တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင် ပါတယ်။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment