Wednesday, April 22, 2015

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး အဓိကကိုင်တွယ်မည့် အေဂျင်စီအဖွဲ့ကို လတ်တလော ဖွဲ့စည်းနိုင်မည် မဟုတ်သေးဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ SMEs များ တိုးတက်ရေးအတွက် အဓိက ဆက်စပ်လုပ်ကိုင်ရမည့်အေဂျင်စီအဖွဲ့ကို လတ်တလောတွင် ဖွဲ့စည်းနိုင်မည် မဟုတ်သေးဟု အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွဲ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဒ်ါအေးအေးဝင်းက ပြောသည်။

Worker-3



၎င်း အေဂျင်စီအဖွဲ့သည် ပြည်တွင်း SMEများ ဖွံ့ဖြိုးရေးအတွက် မှတ်ပုံတင်ခွင့်ပြုခြင်း၊ မူဝါဒချမှတ်ခြင်း နိုင်ငံခြား အဆက်အသွယ်ရှာဖွေခြင်း အပါအ၀င် အဓိကျသည့် လုပ်ငန်းများကို လုပ်ကိုင်ပေးမည့် အဖွဲ့အဖြစ် ဧပြီ ၉ ရက်က ပြဋ္ဌာန်းလိုက်သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ သို့ရာတွင် ၎င်း အဖွဲ့အား လတ်တလောတွင် ဖွဲ့စည်းရန်
မဖြစ်နိုင်သေးကြောင်း ဒေါ်အေးအေးဝင်းက ရှင်းလင်းပြောသည်။

ဒေါ်အေးအေးဝင်းက 'အေဂျင်စီက ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ဖွဲ့ပြီးတော့မှ ဆက်ပြီးဖွဲ့ရမှာပါ။ အခုတော့ အဲဒီအဖွဲ့တွေကိုတောင်
မဖွဲ့နိုင်သေးဘူး။ ပြီးတော့ ဗဟိုကော်မတီမှာဆိုရင် သမ္မတအဆင့်ထိ ပါတဲ့အတွက် ဘယ်တော့ဖွဲ့မယ်ဆိုတာမျိုးကို မှန်းဖို့မလွယ်ဘူး' ဟု ပြောသည်။

ပြည်တွင်း SME များသည် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ကိုင်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက် ချိတ်ဆက်မှုများအတွက် ၎င်းဥပဒေ တစ်ရပ် ထွက်ပေါ်လာရေး မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ သို့ သော် ဥပဒေပါ အချက်များအတိုင်း လုပ်ကိုင်ရန် အဖွဲ့အစည်းများကို ကနဦးဖွဲ့ရန် လိုအပ်နေလျက်ရှိသည်ဟု ပြည်တွင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဥပဒေသတ်မှတ်ချက်အရ အေဂျင်စီအဖွဲ့သည် ပြည်တွင်း SME များ၏ အချက်အလက်များကို ကိန်းဂဏန်း အချက်အလက်များကို မှတ်တမ်းတင်ထားမည့် အဖွဲ့အစည်း တစ်ခုအဖြစ် လုပ်ကိုင်မည်ဖြစ်ရာ အကူအညီပေး အဖွဲ့အစည်းများအတွက် အဓိကလိုအပ်သည့် အချက်ကိုလည်း အခြေခံလုပ်ဆောင်မည့် အဖွဲ့အစည်းအဖြစ်ရှိနေသည်ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး
ဦးနေလင်းဇင်က ပြောသည်။

လက်ရှိတွင် ငွေကြေးပံ့ပိုးသည့် အဖွဲ့အစည်းများသည် ပြည်တွင်းလုပ်ငန်းများ၏ စာရင်းများနှင့် အချက် အလက်များကို သိရှိနိုင်ရန်
အခက်အခဲများ ရှိနေသဖြင့် ကူညီဆောင်ရွက်မှုများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်ဟု ဘဏ်လုပ်ငန်း အသုံးအ၀ိုင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း နှစ်သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းထားကြသော်လည်း တရားဝင် မှတ်ပုံတင် လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းမှာ နှစ်သောင်းကျော်သာ ရှိနေခြင်း ဖြစ်သည်ဟု အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

Credit - Mizzima News

No comments:

Post a Comment