Saturday, November 1, 2014

ကြံ့ခိုင်ရေး ပါတီ အင်အား စာရွက်ပေါ်က စာရင်းမဖြစ်ရေး ဦးမြင့်ဆွေ သတိပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ပါတီဝင် အင်အားစာရင်းဟာ စာရွက်ပေါ်က စာရင်းမဟုတ်ဘဲ မြေပြင်မှာ အမှန်တကယ် ပါတီဝင်တွေရှိနေရေး သေချာစေဖို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ရန်ကုန်တိုင်း ပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးပြောဆိုလိုက်ကြောင်းသိရပါတယ်။
ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီရုံး အစည်းအဝေးခန်းမမှာ မနေ့က ပြုလုပ်တဲ့ ဗဟို၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ပါတီဝင်တွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲမှာ ခုလိုပြောဆိုလိုက်တာဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ
လုပ်ဆောင်ဖို့လိုအပ်ချက်တွေ၊ ရရှိပြီးသား ပါတီဝင်တွေကို ပါတီဝင်ကဒ်ပြားထုတ်ပေးနိုင်ရေးနဲ့ ပါတီက သင်တန်းတွေဖွင့်လှစ်ဖို့ ကိစ္စတွေကိုလည်း ပြောဆိုခဲ့တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီ Facebook

Credit - The Irrawaddy (Burmese Version)

 

 

 

No comments:

Post a Comment