Friday, October 31, 2014

ထူးချွန်ဆရာဆုအတွက် ကျောင်းအဆင့်ရွေးချယ်ရာတွင် ကျောင်းသားများဆန္ဒပြုနိုင်သော မဲစနစ်ဖြင့် ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ထူးချွန်ဆရာဆုအတွက် ကျောင်းအ ဆင့်ရွေးချယ်ရာတွင် ကျောင်းသား များ ဆန္ဒပြုနိုင်သော မဲစနစ်ဖြင့် ရွေး ချယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာတန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မြို့နယ်အဆင့် ထူးချွန်ဆရာ ရွေးချယ်ရေးအစီအစဉ် ကို အောက်တိုဘာ ၃ဝရက်က တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သို့ ရောက် ရှိလာသည့် ဆရာ၊ ဆရာမများမှာ ကျောင်းသားများ ဆန္ဒပြုမဲပေးရွေး ချယ်ပေးထားသည့် ဆရာများဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်ပညာရေးမှူးရုံးအချို့နှင့် အခြေခံ ပညာကျောင်းအချို့မှ သိရသည်။


''ဆရာ၊ ဆရာမတွေက အရည် အချင်းရှိပေမယ့် ကျန်တဲ့ တာဝန် တွေများတော့ ဒီဆုကို ပြိုင်ဖို့အ တွက် အားပေးပြီး ဖြေဖို့ပြောရတယ်။ ဆရာမကြီးတို့ ကျောင်းမှာတော့ မဲစနစ်နဲ့ ရွေးပါတယ်။ ကျောင်းမှာ ရှိတဲ့ ဆရာတွေကို သင်ပုန်းမှာရေး ပြီးတော့ ကျောင်းသားတွေကို မဲပေး ခိုင်းပါတယ်။ အဲဒီအထဲကမှ မဲအများ ဆုံးသုံးဦးကို ရွေးပါတယ်''ဟု အနောက် ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ အမက ကျောင်းအုပ်တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းပြ ဆရာ၊ ဆရာမများ၏ သင် ကြားမှုစွမ်းရည်မှ ဘက်စုံထူးချွန်သော ဆရာ၊ ဆရာမများ ပေါ်ထွန်းလာ စေရန်၊ ဆရာ၊ ဆရာမများအား စံပြ ပုဂ္ဂိုလ်များအဖြစ် အတုယူအားကျ စေရန်၊ နိုင်ငံတော်အတွက် စိတ် စေတနာကောင်းမွန်သည့် အရည်အ ချင်းမြင့်မားသော ဆရာ၊ ဆရာမများ တိုးပွားလာစေရန်နှင့် ပညာတန်ဆောင် နှင့် တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်း တို့၏ ဆောင်ရွက်ချက်များကို အား ဖြည့်ကူညီနိုင်ရန်အတွက် အဆိုပါ အစီအစဉ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ထူးချွန်ဆရာ ဆုရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီမှ သိရသည်။

''မြို့နယ်အဆင့်မှာ ရွေးချယ် ခံရတဲ့ဆရာတွေကို ဒီဇင်ဘာ ၁၁ ရက်မှာ ကြော်ငြာပေးသွားမှာပါ။တစ်မြို့နယ်ကို မူလတန်းပြတစ်ဦး၊ အလယ်တန်းပြ တစ်ဦး၊ အထက်တန်း ပြတစ်ဦးစီရွေးချယ်ပြီးတော့ နိုဝင် ဘာ ၂၁ရက်မှာ ကျင်းပမယ့် တိုင်းဒေ သကြီးပြည်နယ်အဆင့်ကို စေလွှတ် သွားမှာဖြစ်ပါတယ်'' ဟုမြို့နယ်အဆင့် ထူးချွန်ဆရာ ရွေးချယ်မှုကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်ပညာ ရေးမှူးတစ်ဦးက ပြောသည်။

ATK

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group



 

No comments:

Post a Comment