Saturday, November 1, 2014

ဇုန်မြေကွက်လွတ်များ ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်အထိ လုပ်ငန်းမစလျှင် နိုင်ငံတော်သို့ ပြန်အပ်ရမည်

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များတွင် မြေကွက်လွတ် ဧက လေးထောင့်လေးရာကျော် ကို ၂၀၁၅ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းအထိ လုပ်ငန်းများ အကောင်အထည်မဖော်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များစီမံခန့်ခွဲမှုကော်မတီ က အောက်တိုဘာ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

စက်မှုဇုန်များတွင် လုပ်ငန်း မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြေကွက်များဝယ်ယူပြီး လုပ်ငန်း မလုပ်ပါက အစိုးရစတင်ချပေး သော နှုန်းထားအတိုင်းငွေပြန်ပေး လျော်၍ သိမ်းယူသွားရန် ဒုသမ္မတဦးဆောင်သော စက်မှုဇုန်များ ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီက စီ စဉ်နေသည်ဟု
လှိုင်သာယာစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြော သည်။

လက်ရှိရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စက်မှုဇုန် ၂၉ဇုန်တွင် စက်မှုလက်မှု မြေကွက်လွတ် ၂,၃၃၉ ကွက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂိုဒေါင်၁,၂၉၉ လုံးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက ကြေညာချက်ထုတ်ပြန်ထားသည်။

‘‘တကယ်လုပ်နိုင်ပါ့မလား မေးခွန်းထုတ်ချင်တယ်။ မြေကွက် အများစုက အရင်အစိုးရလူကြီး တွေရဲ့ မိသားစုတွေပိုင်ကြတာ’’ ဟု ဒဂုံအရှေ့မြို့နယ်တွင် ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်နေသော လုပ်ငန်းရှင် တစ် ဦးကပြောကြားသည်။

စက်မှုဇုန်မြေကွက်များနှင့် ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသည် အ ဆောက်အအုံမဆောက်လျှင် ပြန် လည်သိမ်းယူမည်ဟု မကြာခဏ ကြေညာခဲ့သော်လည်း ယနေ့ အချိန်ထိ လုပ်ကိုင်နိုင်ခြင်းမရှိ သည်ကိုတွေ့ရသည်။ ယင်း ကြောင့် စက်မှုဇုန်အချို့တွင် မြေကွက်များကို တိုင်းဒေသကြီး အစိုးရက လေလံခေါ်ရာ  စပေါ်ငွေသိန်းရာနှင့်ချီ၍ အာမခံကြေး  တောင်းဆိုရမှုများပင်ရှိလာသည်။

စက်မှုဇုန်များတွင် မြေကွက် ၀ယ်ယူထားသူများသည် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်မှု လက်မှုလုပ်ငန်းအတွက် မြေအ သုံးပြုခွင့်အမိန့်ကို ထုတ်ယူစဉ်က အသုံးပြုခွင့်ရထားသော မြေကွက်တွင် ရရှိပြီးသည့် နေ့မှစ၍  သုံးလအတွင်း အဆောက်အအုံ ဆောက်မည်ဟု သဘောတူညီ လက်မှတ်ရေးထိုးထားသည်။ ထို့ အပြင်သတ်မှတ်ထားသော စည်း ကမ်းချက်များမလိုက်နာပါက ဆောက်လုပ်ထားသော   အ ဆောက်အအုံနှင့်တကွ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်လည်သိမ်းယူမည်ကိုလည်း  သဘောတူညီထားသည်။

ထိုသို့လက်မှတ်ထိုးထား သော်လည်း ပိုင်ဆိုင်ခွင့်ရှိသည့် နေ့မှစ၍ ယနေ့အချိန်ထိ စက်မှုလက်မှုလုပ်ငန်းကို လုပ်ကိုင် ခြင်းမရှိသဖြင့် နိုင်ငံတော်ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များကို အဟန့် အတားဖြစ်စေပြီး မြေဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စက်မှုဇုန်မြေများ၏ တန်ဖိုးသည် တစ်ကွက်လျှင် ကျပ်သိန်း ပေါင်း ထောင်ချီ၍ တန်ဖိုးရှိနေပြီး အမှန်တကယ်ပြန်သိမ်းယူပါက ဈေး နှုန်းများစွာ လျော့ကျသွားနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ခန့်မှန်းနေကြသည်။

ယင်းကြောင့် ဂိုဒေါင်နှင့် စက်မှုလက်မှုမြေကွက်ပိုင်ဆိုင်သူများ အနေဖြင့် မိမိတို့ လုပ်ကိုင်လိုသော လုပ်ငန်းအမျိုးစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ်စတင်လည် ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမည့် အရင်းအမြစ်များ စသောအသေးစိတ်စီးပွားရေး အစီအစဉ်များကို၂၀၁၄ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး  အစိုးရရုံးသို့ ပေးပို့တင်ပြရမည်ဟု ဖော်ပြထားသည်။

Credit - 7DAY DAILY

No comments:

Post a Comment