ရဲမေများကို သင်တန်းပေးနေစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့)
ဥရောပသမဂ္ဂ (EU)၏ အကူအညီဖြင့် အကောင်အထည် ဖော်နေသည့် မြန်မာနိုင်ငံရဲတပ်
ဖွဲ့ပြုပြင်ပြောင်းလဲရေးစီမံချက် တွင် ပထမဆုံးအကြိမ်အဖြစ် ရဲမေ ၆၅ ဦးအား
သင်တန်းပေးနေ ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ အမျိုးသမီးရဲအရာရှိ ၁၄ ဦးနှင့် အခြားအဆင့် ၅၁ ဦး အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးစီမံချက်၏ တစ် စိတ်တစ်ပိုင်းဖြစ်သော လူစုလူ ဝေး စနစ်တကျကိုင်တွယ် ထိန်း သိမ်းခြင်းသင်တန်းပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
‘‘တကယ့်တကယ် ကိုင် တွယ်ဖြေရှင်းတဲ့အခါမျိုးမှာလည်း မိန်းကလေးတွေပါတယ်လေ။ ဒါ ကြောင့် အခုတစ်ကြိမ်ကစပြီး ပထမဆုံးအကြိမ် သင်တန်းပေး နေတာပါ။ ရဲတပ်ရင်း(၈)မှာပါ’’ ဟုအထက်ပါရဲအရာရှိက ပြောသည်။ယခုအကြိမ်မှာ သင်တန်း အပတ်စဉ် (၁၄) ဖြစ်ပြီး ပျဉ်းမပင် လုံခြုံရေးတပ်ဖွဲ့ခွဲ (၈)တွင် အောက်တိုဘာ ၂၇ ရက် မှ စတင်သင်တန်းပေးနေခြင်းဖြစ် သည်။ တစ်ကြိမ်လျှင် ရဲတပ်ဖွဲ့ ဝင် ၂၄၀ ဦးအား သင်တန်းပေးနေ သောကြောင့် ရဲတပ်ဖွဲ့ဝင်အင် အား ၃,၁၉၀ ဦး သင်တန်းပေးပြီး ဖြစ်သည်ဟု ဆိုသည်။
Credit - 7DAY DAILY

No comments:
Post a Comment