Friday, October 31, 2014

နောက်ဆုံး ၁၆ လ အစိုးရ – အဲးခိုး

ခေတ်အဆက်ဆက်က အနိုင်ကျင့်မှုနဲ့ အကျင့်ပါတဲ့ စစ်အစိုးရအသိုင်းအ၀ိုင်းဟာ အဂတိ တရားတွေနဲ့ ပဲ နိုင်ငံရေး ကို ဦးတည်ပြီး ကြီးစိုးကြလိမ့်ဦးမယ် … လွှတ်တော်နေရာ အများစုရထားတဲ့ အာဏာရပါတီထဲက ထိပ်ပိုင်း ပုဂ်္ဂိုလ် အချို့ဟာ နိုင်ငံရေးအာဏာကို လှည့်ကွက်၊ ဖျက်ကွက်တွေဆင်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်ဖို့ ကြိုးစား အားထုတ်နေကြတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

● စကားချီး

““လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်နိုင်ခွင့် ရှိသည်””


(လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ်မ ၁၃(၁))

““နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့် အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်””

(၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၅)၊



● နိဒါန်း

““မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ နစ်နာဆုံးရှုံးမှု မရှိစေရ”” ဆိုတဲ့ (၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ပုဒ်မ၃၅၃) ဥပဒေပြု စကားရပ်နဲ့ ဆောင်းပါးစာကို ဖွင့်လှစ်ပါတယ်။

● တင်ပြဆွေးနွေးပါရစေ

ဒီနေ့မြန်မာပြည်ဟာ ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့် ရှိကြတဲ့သူတွေ ဖြစ်နေကြပြီလား။ လွတ်လပ်စွာသွား လာခွင့်၊ ပြောင်းရွှေ့နိုင်ခွင့် ရှိနေကြပြီလားဆိုတဲ့ မေးခွန်းတွေကို မေးရတော့မှာဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံး ကို ခြုံငုံပြီးကြည့်လိုက်ရင် အခြေစိုက်နေထိုင်ကြတဲ့ ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် မနေထိုင်ကြရ ဘဲ ပြောင်းရွှေ့ (ရွှေ့ပြောင်း) နေကြရတာနဲ့ အချိန်တွေ ကုန်ဆုံးနေကြရတယ်။ သူတို့ တွေဘာကြောင့် ရွှေ့ပြောင်း (ပြောင်းရွှေ့) နေထိုင်ကြရပါသလဲလို့ မေးရင် မျက်မြင်ကိုယ်တွေ့မကြုံဖူးတဲ့သူတွေ ဆိုရင်တော့ ခံစားသိမြင်ကြ ရမှာမဟုတ်ပါ။ အရှင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ရှိခဲ့ပါတယ်။ ပြည် သူတွေကို တင်ပြဆွေးနွေးပါရစေလား။…

● မေတ္တာမပျက် ဆက်ဆံခဲ့

ယနေ့ အရှင်တို့နေထိုင်တဲ့ ရွာကလေးဟာ ၁၉၈၆/၈၇ခုနှစ်က အခြေစိုက်မယ့် စစ်တပ်တစ်တပ်ရဲ့အမိန့်ကြောင့် အပြစ်မဲ့ ပြည်သူတွေ အိမ်ခြေတစ်ရာနီးပါး (ပြောင်းရွှေ့အိမ်စာရင်း အတိအကျရှိသည်။) အတင်း အဓမ္မပြောင်း ရွှေ့ခံရတယ်။ အဲဒီတုန်းက မဆလအမိန့်နဲ့ပါ ပူးပြောင်းပြောင်းရွှေ့စေတာကြောင့် အိုးမဲ့အိမ်မဲ့ နေရာထိုင်ခင်းမဲ့ ကြရတဲ့ အရှင်တို့ရဲ့ပြည်သူတွေဟာ စိတ်ခံစားရမှုဝေဒနာတွေ အမျိုးမျိုးတွေ့ကြရ ပြီး ဘေးလွတ်ကင်းရာ အရပ် ဒေသသို့ (အဆင်ပြေသလို) ပြောင်းရွှေ့ နေကြရတဲ့ (မြင်ကွင်းကို) ယနေ့မြင်ယောင်၍ မဆုံးနိုင်အောင်ပါပဲ။ အဲဒီ တုန်းက ပြည်သူ့ကောင်စီလူကြီးတွေဟာ ပြည်သူဘက်ကိုမရပ်တည်ဘဲ စစ်ဝါဒီ ဘက်ကို ရပ်တည်နေတာ ကြောင့် အရှင်တို့ ကိုးကွယ်ဝတ်ပြုတဲ့ကျောင်း၊ စေတီနေရာတွေပါ သိမ်းဆည်းယူဖို့ အမိန့်စာပါထုတ်ပေးတယ်။ စေတီ၊ သိမ်၊ကျောင်းအရာတွေ ကိုးကွယ်ဆည်းကပ်ရာ နေရာတစ်ပါး (တစ်ခု) အဖျက်အဆီးခံရတော့မှာကို သိကြတဲ့အခါ ညှိုးငယ်အားနည်းစွာနဲ့ ၀မ်းနည်းကြရရှာတဲ့ အဖြစ် ကို ပြန်မြင်ယောင်လို့ ပြုသူတွေကို မေတ္တာ မပျက်ဆက်ဆံခဲ့တဲ့ စိတ်ထားတွေကို သတိရလို့မဆုံးအောင်ပါပဲ။

● ကြိုတင်ပြင်ဆင်ထား

အဲဒီတုန်းက အရှင်တို့ရဲ့ ရွာသူရွာသားတွေဟာ ဆင်းရဲကြလို့ အခက်အခဲတွေ အမျိုးစုံအောင် ခံစားနေကြရတဲ့ အချိန်ပါပဲ။ စားဖို့ခက်ခဲ၊ ဆက်ကြေးကူကြေးပေါ် တာကြေးနဲ့ အစိုးရက အမျိုးမျိုးကောက်ခံ ကြေးတွေ အမျိုးစုံ လင်အောင် ထည့်ကြရလို့ ဆိုရှယ်လစ်တွေရဲ့ ရက်စက်မှုတွေကို ဒဏ်အမျိုးမျိုးခံကြရတယ်။ ရွာကို စွန့်ခွာ ပြီး နေရာမဲ့ရောက်ချင်ရာရောက် ဦးတည်ရာမဲ့ကြရတဲ့ ရွာသူရွာသားတွေရဲ့အကြောင်းကို ပြန်တွေးမိတိုင်း ယနေ့ တိုင် စိတ်ခံစား ရမှုဝေဒနာတွေ အမှတ်သညာတွေ မကုန် ဆုံးနိုင်ဘဲရှိနေပါသေးတယ်။ ဒီဖြစ်စဉ်ဟာ မတရား မှုဖြစ်စဉ်ဖြစ်တာကြောင့် ပညတ်သဘောအရ ဖျောက်ဖျက်ဖျက်ဆီးလို့ မရနိုင်ပါ။ ပြုသူမေ့ပေမယ့် ခံစားရသူတွေ မမေ့နိုင်ပါဘူး။ မေ့နိုင်စရာအကြောင်း တရားလည်းမဟုတ်ပါဘူး။ ဒီဖြစ်စဉ်ဟာ အနာဂတ်ကာလ တစ်ခုတိုင် အောင် မုချသေချာ မှတ်တမ်းပြုရမယ့် သမိုင်းဖြစ်စဉ်ပါပဲ။ ဒီလိုမတော်မတရားမှုနဲ့ ပြုမူဆက်ဆံခဲ့တဲ့ ဆိုရှယ်လစ် ၀ါဒီတွေ၊ စစ်ဝါဒီသမားတွေရဲ့ အပြုအမူမျိုးလို အရှင်တို့ မြန်မာပြည်မှာ ဘယ်တော့မှမရှိ(မဖြစ်)တော့အောင် ပြည်သူတွေ သတိကြီးစွာထားရမယ်။ လက်ခံထားတဲ့ သူတွေရှိနေသေးရင်တော့ အဲဒီသူ တွေရဲ့ အပြုအမူတွေ ကို ခုခံကာကွယ်ရမယ့် နည်းစနစ်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

● လူမှုပစ်ပယ်မှု ထားသင့်ပါသလား

အခုဆိုရင် ပြည်နယ်နဲ့တိုင်းအရပ် ဒေသတွေမှာ မြေမှုကိစ္စတွေ ပြဿနာမျိုး စုံဖြစ်ပေါ်နေတယ်။ ဒီပြဿနာဟာ ခေတ် အစဉ်အဆက်က ဖြစ်လာ တဲ့ ပြဿနာဖြစ်လို့ ဖြေရှင်းလို့မကုန်နိုင်အောင်ပါပဲ။ ဖမ်းဆီးထောင် ချ ခံရတဲ့ သူတွေလည်း ရေတွက်လို့ မကုန်နိုင်အောင်ပါပဲ။ ပြဿနာဖြစ်တဲ့ အရင်းအမြစ်ကို လေ့လာကြည့်ရင် လက်ရှိ နိုင်ငံရေးကို ဦးဆောင်တဲ့သူတွေရဲ့ အပြုအမူတွေပါဝင်သ လို နိုင်ငံရေးကစားတဲ့ သူတွေရဲ့ လှည့်ကွက်တွေ လည်း ပါဝင်နေတာ ကိုတွေ့ရတယ်။ ဒီကိစ္စကို ရိုးသားတဲ့ ပြည်သူတွေကတော့ ဘာမှနားလည်ကြမှာ မဟုတ်ပါ။ (နားလည်ကြမယ် မထင်ဘူး) ပြဿနာမွေး၊ လူမွေးတဲ့နိုင်ငံရေးလှည့် ပြောင်းမှုဟာ အရှင်တို့ တိုင်းပြည်အတွက် အထိနာစေပါတယ်။ တိုင်းပြည်အရေးကိစ္စ အတွက်နဲ့ အကျိုးပျက်စီးမှု ခံစားလာကြရတဲ့ ပြည်သူတွေဟာ ကြာလေနာလေပါပဲ။ အချို့ပြည်သူတွေဟာ နေရာထိုင်ခင်း ကောင်းကောင်းမရှိကြဘဲ ချို့တဲ့စွာနဲ့ နေ ထိုင်ကြ ရတယ်။ နွမ်းပါးကြလို့ ပညာရေးတွေ၊ ကျန်းမာရေးတွေလည်း စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း မရှိဘဲဖြစ်နေ တာကို တွေ့ရတယ်။ ပြည်သူတွေ ဒီလိုဖြစ်နေကြရတာကို ဦးဆောင်သူအစိုးရ အဖွဲ့အစည်းတွေက ဘာကြောင့် မလုပ်ပေးနိုင်ကြပါသလဲ။ ဒီလိုလူမှုရေး ပညာရေးစတာတွေ ထိခိုက်နေတာကို ပစ်ပယ်မထားသင့်ပါဘူး။

● အခွင့်အရေးသမားအတွက်လား

အရှင်တို့ မြန်မာပြည်ဟာ အရင်က ရှေ့ဆောင်တိုင်းပြည်၊ ဦးဆောင်တိုင်းပြည် ဆိုပြီးတော့ကြွေးကြော်ခဲ့တယ်။ အာရှနိုင်ငံများရဲ့ အလင်းရောင် တိုင်းပြည်ဆိုပြီးတော့ တင်စားခေါ်ဆိုကြတယ်။ အဲဒီလို အလင်း ရောင်ပေးတဲ့ ဦးဆောင်တိုင်းပြည်ကနေ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားအောင် ဘယ်သူတွေက ဖျက်ဆီးပစ်ခဲ့ သလဲဆိုတာကို ပြည်သူတွေအားလုံး သိထားကြမယ် မထင်ပါ။ ယနေ့အရှင်တို့ ပြည်သူတွေဟာ လူတိုင်းသူတိုင်း လွတ်လပ်စွာ (စိတ်ကြိုက်) နေထိုင်ကြရတဲ့သူတွေ မဟုတ်ကြသေးပါ။ မြန်မာပြည်တွင်းမှာ ဘယ်နေရာေ ရာက် ရောက်၊ ဘယ် မှာပြောင်းရွှေ့ပြောင်းရွှေ့ ဒုက္ခပေးမယ့်သူတွေရဲ့လက်တွင်းနဲ့ မလွတ် ကင်းနိုင်ပါ။ ၀ဋ်ဆင်းရဲပေး ချင်တဲ့ သူတွေ ကပေါများနေတော့ အခွင့်အရေးတွေ ဆုံးရှုံးသထက်ဆုံးရှုံးနေကြတာပါပဲ။ လုံခြုံမှုမရှိဘဲ စိတ်ချရတာ လည်းမရှိ ပါ။ ကျေးကျွန်လို ဆက်ဆံ၊ အစေအပါးအဖြစ်ခိုင်း၊ နိုင်ထက် စီးနင်းပြုတဲ့ စစ်ဝါဒီစနစ်ကြမ်းကြီး ဟာ နေရာတိုင်း မှာလိုလိုမချုပ်ငြိမ်းသေးပါ။ ဥပဒေ ရဲ့အကာအကွယ်မတူညီတဲ့ မြန်မာပြည်ဟာ ပြည်သူတွေ ဘယ်နေရာ ဘယ် ဒေသမှာနေနေ ဥပဒေအကာအကွယ်ခြားနား နေတာကြောင့် ဥပဒေအရာမှာ တူညီ တဲ့ခံစားခွင့်တွေ ဘယ်တော့ မှ မရနိုင်ပါ။ ဒီလိုအကာအကွယ် ခြားနားကြရတာဟာ ဦးဆောင်သူအစိုးရကိုယ်တိုင်က ခွဲခြားဆက်ဆံနေလို့ပါ ပဲ။ ဥပဒေကပေးထားတဲ့ လူတိုင်းရဲ့အခွင့်အရေးကို ဘယ်အဖွဲ့အစည်းက ချိုးဖောက်ဖျက်ဆီးနေကြသလဲဆိုတာ ပြည်သူတွေ သိလောက်ပါပြီ။ နစ်နာချက်အတွက်နဲ့ နိုင်ငံဆိုင်ရာ တရားရုံးတော်မှာ ထိရောက်စွာ သက်သာခွင့် မရနိုင်ကြတဲ့ အရှင်တို့တွေဟာ လူတိုင်းအတွက်ပေးထားတဲ့ အခြေခံအခွင့် အရေးတွေကို ချိုးဖောက် ဖျက်ဆီး တဲ့သူတွေကပဲ အခွင့်အရေးသမား၊ အဂတိသမားများပီပီ ကျင့်သုံးဆောက် တည်နေကြတာကို ကြာလေ မြင်ရ လေပါပဲ။

● နားလည်ကြစေချင်

အခုဆိုရင် နေရာဒေသ အနှံ့အပြားကို လှည့်လည်ပြီး လိုက်ကြည့်ပါ။ မြေမှုကိစ္စမှာ (လယ်ယာမြေ၊ အိမ်ယာ မြေ) မြေလတ် ပိုင်းဒေသနဲ့(မြန်မာပြည်အလယ်ပိုင်း) မြေလတ်(ရှမ်းပြည်မြေလတ်နယ်)ပိုင်းနေရာ တွေမှာ မတရား သိမ်းဆည်းထားတဲ့ မြေတွေဟာ ဖြေရှင်းလို့ မကုန်နိုင်လောက် အောင်ပါပဲ။ သိမ်းဆည်းထားတဲ့ လယ် ယာ မြေတွေဟာ ပိုင်ရှင်ကို ပြန်ပေးမယ်ဆိုပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုအစိုးရက ဘာတစ်ခုမှ အကောင် အထည်မဖော်ပေး တော့ ပြန်ရနိုးနဲ့ဖြစ်ကြတဲ့ မူလမြေပိုင်ရှင် ဖြစ်တဲ့ လယ်သမားတွေဟာတွေ ဟာ ဒေါသတွေ ဖြစ် လာကြတယ်။ လက်နက်ကို ကြောက်လို့ လယ်ယာမြေသိမ်းဆည်း ခံရစဉ်က ခံစားနေရတဲ့ ဝေဒနာဟာ ထိလို့ ပိုတောင် သက်သာသေးလေ မလားတောင် ထင်မိပါလေရဲ့။ အခုတက်လာတဲ့ အစိုးရ ဟာ မကြာမီ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တော့ ခပ်ပေါ့ပေါ့လေးပဲ အလုပ်လုပ် နေတော့တာ ကိုတွေ့ရတယ်။ တတိယ လှိုင်းရဲ့ သက်တမ်းကာလဖြစ်လို့ အသက်ပုံ မှန်ရှူတဲ့သဘောမျိုးလားတော့ မဆိုနိုင်ပါ။ လိုင်းပြတာလား၊ လှိုင်း ထအောင်လုပ်နေ တာလားတော့ စဉ်းစားလို့ မရလောက် အောင် ပါပဲ။ ပြည်သူအပေါ်မှာ အခြေပြု မယ့်အစိုးရ တစ်ရပ်၊ ဖိနှိပ်မှုကို ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် အစိုးရတစ်ရပ် မဟုတ်တော့ကြောင်း သိသာထင်ရှား လာပါပြီ။ စစ်မှန်တဲ့ လွတ်လပ်မှုမရှိတဲ့ မြန်မာပြည်ဟာ ဥပဒေစည်းကမ်းတွေ၊ လိုက်နာနိုင်တဲ့ အစိုးရတွေ မပေါ် ပေါက်လေသမျှ ကာလပတ်လုံး ပြည်သူတွေဟာဘယ်တော့မှ ငြိမ်းချမ်းစွာ နေထိုင်ကြရမှာ မဟုတ်ပါ။ ခေတ် အဆက်ဆက်က အနိုင်ကျင့်မှုနဲ့ အကျင့်ပါတဲ့ စစ်အစိုးရအသိုင်းဝိုင်းဟာ အဂတိတရားတွေ နဲ့ပဲ နိုင်ငံရေးကို ဦးတည်ပြီး ကြီးစိုးကြ လိမ့်ဦးမယ်ဆိုတာကိုတော့ ပြည်သူတွေ သဘောပေါက်နား လည်ကြ စေချင်တယ်။

● မြန်မာ့အုပ်ချုပ်ရေး ကျင့်ထုံးလား

အရှင်တို့ တိုင်းပြည်က အာဏာအမြော်အမြင်ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အာဏာတည်မြဲရေး အတွက်ကို သို့မဟုတ် စစ်အုပ်စုဝင် တစ်သက်လုံး တရားဝင်မှု အာဏာခိုင်မြဲရေးအတွက်ကို လူထုအကြိုက်ဖြစ် တဲ့ ဘာသာရေးတွေ၊ သာသနာရေးတွေ အကြိုက်လုပ်ပြတယ်။ စိတ်ပါကိုယ်ပါ ဂရုစိုက်တဲ့ ပုံစံမျိုးနဲ့ စေတီ တည်၊ ကျောင်းေ တွဆောက်၊ ဘွဲ့တံဆိပ်တော် ချီးမြေဩှာက်တဲ့ အာဏာတည်မြဲရေး လုပ်ငန်းတွေကို လုပ်ပြနေ တာကို ပြည်သူ တွေအသိပါပဲ။ ၀ိနည်းဒေသနာတော်မြတ်ကို လေးစား တန်ဖိုးထားတဲ့ အရှင်သူမြတ်တွေက ဝေဖန် သုံးသပ်မိန့်ဆိုမှုများ ပြုမိရင် (ယခုအရှင်ရေးပြသလိုမျိုး ယခုလိုသုံး သပ်ပြနေတာကို မိန့်ဆိုမိရင်) သူ့နောက် မပါသူ သာသနာဖျက်ရဟန်း၊ အရည်း ကြီး၊ အဓမ္မ၀ါဒီ ပုဂိ္ဂုလ်ဆိုပြီးတော့ နှင် ထုတ်၊ ထောင်ချခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်ရှိ တောရဆောက် တည်ကြတဲ့ ရဟန္တာ အရှင်သူမြတ်တွေတောင်မှ မလွတ်ဘဲ ခံစားကြ ရတယ်။ မြန်မာဘုရင် အစဉ်အဆက်ရဲ့ အပြုအမူတွေကြောင့် မြန်မာ့ အုပ်ချုပ်ရေးကျင့်ထုံးတွေဟာလည်း ယနေ့ တိုင်ပဒေသရာဇ် ဆန်နေတုန်းပါပဲ။ စာရေးဆရာတစ်ဦးရဲ့ ဝေဖန်ထားပုံက

““အစိုးရက သြဇာရှိတဲ့ ဆရာတော်တွေကို ဘွဲ့တံဆိပ်အမည်ပေါင်းစုံ တီထွင် ဆက်ကပ်တယ်။ ကျောင်းဆောင် သစ်တွေ ဆောက်ပေးတယ်။ ကားပါမစ်တွေ ထုတ်ပေးသလို လိုင်စင်မလိုတဲ့ ကားတွေ စီးခွင့်ပေးတယ်။

အဲဒီလို အစိုးရက ပြည်သူ့ငွေနဲ့ ဆရာတော်တွေကို ဆန္ဒရှိလှူဒါန်းနေသလိုမျိုး သာမန်ပြည်သူတွေလည်း လှူ ဒါန်းချင် ကြမှာပါပဲ။ အုပ်ချုပ်သူက မိမိအာဏာ တည်မြဲရေးနဲ့တရားဝင်မှုအတွက် ပြည်သူ့ငွေကို ဘာသာရေးမှာ အသုံးချတယ်ဆိုရင် အခြား နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပြည်သူ တစ်ဦးချင်းကလည်း ပြည်သူ့ ဘဏ္ဍာကို သုံးပြီး သူ့လိုလှူဒါန်းခွင့် ရှိရမှာ ဖြစ်ပါတယ်။ အမှန်တော့ အဲဒီလို လှူဒါန်း ခြင်းဟာ ဒီမိုကရေစီအစိုးရတစ်ခု (တစ် ရပ်) အတွက် ကျင့်ဝတ်ဆိုင်ရာ မလျော်ညီပါဘူး။ အစိုးရက ပြည်သူ့ဘဏ္ဍာငွေကို ““ရွာသား ဘုရား သူကြီး ကောင်းမှု”” လုပ်ခြင်းဟာ ဒီမိုကရေစီအစိုးရအတွက် ဘယ်လိုနည်းနဲ့မှ တရားမ၀င်ပါဘူး။ အလားတူ လူ့အဖွဲ့ အစည်းအတွင်း တရားနည်းလမ်းမကျတဲ့ လှူဒါန်းမှုတွေကို လက်ခံကြတဲ့ သံဃာ(တော်)များအတွက်လည်း ၀ိနည်းသိက္ခာ (ကျင့်ဝတ်)နဲ့ လျော်ညီအပ်စပ်မှုမရှိသလို ဗုဒ္ဓသာသနာခြစားမှုကြီးကိုပဲ ဦးတည်စေ လိမ့်မယ်””—-

အတွဲ၅၊ အမှတ်၁၅ The Messenger ဂျာနယ် စာမျက်နှာ ၂၉) ဆိုပြီးတော့ တွေ့ရတယ်”။ စဉ်းစားကြည့် ကြပေါ့ ပြည်သူတို့ရဲ့။

● ပြည်သူတွေသိပါတယ်။

အခုဆိုရင် ပြည်သူတွေဟာ ဘာကို ဘာလုပ်ရမှန်း မသိကြတော့ဘဲ ကောင်း နိုးရာရာနဲ့ အဆင်ပြေတာတွေကို လိုက်ပြီး လုပ်ကိုင်နေကြရတော့ အရင်းပါးအနှီးပါ ပြုတ်ထွက်ကုန်တယ်။ အရင်းအနှီးမရှိကြ တော့ လွယ်ကူတဲ့ တရားမ၀င် ရင်းနှီးမှုတွေ လုပ်ကိုင်ကြရပြီး အဲဒီအလုပ်နဲ့ သာယာမိခဲ့ကြရတဲ့ အရှင်တို့ရဲ့ ပြည်သူတွေရဲ့ ဘ၀ကို တွေးမိလေတိုင်း မပျော်ရင်မှာ နာရတယ်။ ဒီ့ထက်အဆိုးဆုံးလုပ်ကိုင် စားသောက်ကြရတဲ့ ပြည်သူတွေ ဆိုရင်သူ တို့ရဲ့ မိသားစုဘ၀အတွက် အနာဂတ်ကာလ (အခြားမဲ့သော ဘ၀အတွက်) အကြောင်းမဲ့ အကျိုးမဲ့ဘ၀ပါပဲ။ မိမိ တို့ရဲ့ ပြည်သူတွေကို ဒီလိုဘ၀အကြောင်းတရားမျိုး မရောက် အောင် ကြင်နာတတ်သော အစိုးရတစ်ရပ် သို့မ ဟုတ် ခေါင်းဆောင်ကောင်း (တစ်ဦးတစ်ယောက်)တွေ ဖြစ်ပေါ်ဖို့ လိုပါတယ်။ အရှင်တို့ရဲ့ ပြည်သူတွေဟာ ပညာအရာ အားနည်းကြတာကြောင့် ထက်မြက်လုံ့လ အားကောင်း တဲ့ ခေါင်းဆောင်ကောင်းရှိဖို့ လိုပါ တယ်။ ခေါင်းဆောင်ကောင်း ရင် အရှင်တို့ရဲ့ ပြည်သူတွေက နောက်လိုက်ကောင်း များဖြစ်ဖို့ အရန်သင့် ပါပဲ။ နောက် လိုက် သူတွေ ဘယ်လိုကောင်းကောင်း၊ တော် တော် ညံ့တဲ့ ခေါင်းဆောင်တွေ များနေရင် ကျော်မကောင်း ကြား မကောင်းလောက် အောင် ဖြစ်နေမှာပါပဲ။ အခုလည်း ကြည့်ပါ။ လွှတ်တော်နေရာ အများစုရထား တဲ့ အာဏာ ရပါတီထဲက ထိပ်ပိုင်းပုဂိ္ဂုလ် အချို့ဟာ နိုင်ငံရေးအာဏာကို လှည့် ကွက်၊ ဖျက်ကွက်တွေဆင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်ဖို့ ကြိုးစားအားထုတ်နေကြတယ်။ ရာခိုင်နှုန်းအပြည့်အ၀ပိုင်ဆိုင်ဖို့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ လုပ်ပေးရမှာ ကိုမလုပ်ပေးတော့ဘဲ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် က စက်တင်ဘာ ၇ ရက်က ပြောင်ပြောင်တင်းတင်း ရှင်းလင်းပြ လိုက်တော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ရဲ့ ဂုဏ်သိက္ခာက ဘယ်လိုများ ဖြစ်သွားသလဲဆိုတာ စဉ်းစားကြည့်ပေါ့ ပြည်သူတို့ရဲ့။ ပြည်သူကို ကိုယ်စား ပြုတဲ့ ရွေးကောက်ပွဲကော်မရှင် ဟုတ်, မဟုတ်ဆိုတာ ပြည်သူတွေသိလောက်ပြီပေါ့။

● ကော်မရှင် စကားလား

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆိုသူက ““ကြားဖြတ်ရွေးကောက် ပွဲနဲ့ပတ်သက်ပြီး လုပ်ဖို့မရှိတော့ ပါဘူး။ မလုပ်တာကလည်း အကြောင်းအမျိုးမျိုး ကြောင့်မလုပ်တာဖြစ်ပါတယ်””ဆိုပြီး ပြောလိုက်တော့ ပြည်သူ တစ်ရပ်လုံးက အံ့သြလို့ မဆုံးလောက်အောင်ပါပဲ။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် န၀မပုံမှန်အစည်းအဝေး မှာ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက ကြယ်ပွင့်ပြ မေးခွန်းအဖြစ်နဲ့ မေးမြန်းခဲ့စဉ် က ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင်-

ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက် ပွဲကျင်းပပေးရန် အစီအစဉ်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည့်နေ့ကို အနည်းဆုံးသုံးလ ကြိုတင်ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံးတို့ရဲ့ ရှေ့မှောက်မှာ ဖြေကြားခဲ့တာကို အခုတော့ ““အကြောင်း အမျိုးမျိုးကြောင့် မလုပ်တာဖြစ် ပါတယ် ””ဆိုပြီး မုသာဝါဒသိက္ခာပုဒ်ကို မစောင့်ထိန်း၊ မရိုသေဘဲ ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်နေတာ ကို တွေ့ရ တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့စကားဟာ အခြေအမြစ်မဲ့ လွန်းလှပါတယ်။ ဒီ့ထက် ဆိုးတာက““ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ ပြီးသွားလို့ရှိရင်လည်း ဒီရဲ့ရလဒ်ရဲ့အနိုင်အရှုံးသည် လွှတ်တော်မဲခွဲ ဆုံးဖြတ်တဲ့နေရာမှာ ထိခိုက်မှုမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီဟာ အသာစီး ရ နေတဲ့ပါတီပဲ ဖြစ်မယ့် သဘော ဖြစ်ပါတယ်””ဆိုတဲ့ သတင်းစာရှင်းလင်းပွဲထဲက ပြောကြားခဲ့တဲ့ သူ့ရဲ့စကား အာဘော်ဟာ ဘယ်လောက်များ ဘက်တစ်ခုကို အစွန်းထွက်သလဲဆိုတာ ပြည်သူတွေ အသိပါေ နာ်။ ရွေး ကောက်ပွဲကော်မရှင်ဆိုတာ ဘက်ကင်းသူ၊ ဘက်ရှင်းသူဖြစ်ရမှာပါ။ ဘက်မကင်းသူ၊ ဘက်မရှင်းသူတွေ ကို ကော်မရှင်အရာမှာ တင်ထားပြီး လူဦး ရေပျောက်အောင်လုပ်တဲ့ ၀န်ကြီးနဲ့ ပေါင်းကြရင်တော့ ၂၀၁၀ တုန်းကလို ဘာမှန်း မသိဘဲ ရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေပဲ တွေ့ရတော့မယ်ေ နာ်။ ပြည်သူ တွေသတိထား နိုင်ကြ ပါစေ။

● အပေါ်မဖြူးပါနှင့်

မြန်မာပြည်ဟာ အရပ်သတင်း၊ အွန်လိုင်းပေါ်က သတင်းတွေကိုကြည့်လိုက်ရင် သတင်းအစုံအလင်မြင်ရမှာပါပဲ။ လူမှုဆက်သွယ်မှု သတင်းတွေဟာ မြန်ဆန်လာတာနဲ့ အမျှ လူမှုဖြစ်စဉ်ဖြစ်ရပ် အကြောင်းတွေလည်း လျင်လျင် မြန်မြန် သိလာကြရတဲ့ အချိန်အခါမှာ သတင်းအမှောင်ကြိုက်တဲ့ အစိုးရကတော့ ယနေ့တိုင် ကျင့်သုံးနေ တုန်းပါ ပဲ။ အမှောင်ကြိုက်တဲ့ အစိုးရဖြစ် တော့လည်း အလင်းတိုက်ထဲကို ဘယ်လိုပဲ တွန်းပို့ တွန်းပို့ စရိုက်ကမကြိုက် တော့အမိုက်မခြွေ၊ အလိုက်နေ၍ ၊အခြေမကြီး၊ အချည်းနှီးလျှင်၊ ရီးတီးယောင်တောင်၊ ခုတိုင်အောင်ပါပဲ။ ကျေး ဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီးက ““သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံး သည့်၊ မိုးလုံးတိမ်တိုက်၊ လျှပ်မ ကြိုက်သား၊ အမိုက်အပြား၊ အင် လေး ပါးထက်၊ နင်ကားရာထောင်၊ မကမှောင် ၏။””ဆိုတဲ့ ဆုံးမချက်ကိုလည်း သတိမ ထား မဆင်ခြင်ကြလေတော့ ““နင့်ဉာဏ် မစူး၊ အပေါ်ဖြူးဩ၍၊ မူးမူးမေ့ မေ့”” ဖြစ်နေ ကြတယ်။ ပြည်သူတွေ၊ ရဟန်းသံဃာ တော်တွေဟာ ဒီတိုင်းပြည်မှာ ရှိနေကြပါ တယ်ဆိုတာကို တောင်မြင်ဖို့၊ သိဖို့တော့ လိုပါလိမ့်မယ်။ ကိုယ်တွင်းစိတ်ခံစားနေကြ ရတဲ့ ပြည်သူတွေဟာ ပြည်သူ့အစိုးရ တစ်ရပ်အဖြစ် ခံယူတယ်လို့ ဆုံးဖြတ်ရင် အတိုင်းအရှည်မရှိ လုပ်ကျွေးပါ။ ပြည်သူကို အလုပ်အကျွေးပြုနေသော အစိုးရတစ်ရပ် မြန်မာပြည်သူပြည်သားတွေ က မြင်ချင်ကြမှာ ပါပဲ။ ဒါကြောင့် အပေါ်ဖြူးပြီး မူးမူးမေ့ မေ့အလေ့ မသန့်တာတွေမလုပ်ကြဖို့ လက်ရှိနေပြည်တော်အစိုးရကို တိုက်တွန်းပါတယ်။

● မူလအခွင့်အရေးရှိရမယ်

အရှင်က ဤသို့တိုက်တွန်းပြောဆို ဆုံးမမှုပြုတာကို စရိုက်အကြိုက်မိုက်တဲ့ အချို့သောပြည်သူ့ဝန်ထမ်းတွေက အရှင့် ကို မကောင်းတာဘက်ကို မြင်ပြီး “အစိုးရ ကို နှုတ်လှန်ပြောဆိုခြင်း”ဆိုပြီးတော့ ဆိုကြသူများကတစ်စု၊ ““အစိုးရကို မကောင်း ကြံစည်ခြင်း””ဆိုသူတစ်သိုက်က တစ်နယ်နဲ့ အမျိုးမျိုးကြားလေမိရုံသာမက အွန်လိုင်း ပေါ်မှာလည်း အပြစ်ဖြစ်သတင်းအဓမ္မတွေ ချေမှုန်းကြပြုကြတာလည်း တွေ့ရပါတယ်။ အရှင်ဟာ မြန်မာပြည် ဖွား မြန်မာရဟန်းတော်တစ်ပါးပါ။ မြန်မာတိုင်းရင်းသား (ပြည်ထောင်စုတိုင်းရင်းသား) လူမျိုးထဲက တိုင်းရင်း သား မိဘနှစ်ပါးမှမွေးဖွားတဲ့ နိုင်ငံသားပါ။ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ မဟုတ်ပါ) တန်းတူညီမျှအခွင့်အရေးနဲ့ ရပိုင်ခွင့်ထိုက်တဲ့သူပါ။ ဆင်းရဲချမ်းသာတွေ ကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာမျိုး မကြိုက်ပါ။ တူညီတဲ့ အကျိုးခံစားခွင့်ရှိတာကို လိုလားတယ်။ ဥပဒေအရ သတ်မှတ် ထားတဲ့ အခွင့်အရေးဆုံးရှုံးတာတွေ၊ ခံစားရတာ တွေကို မလိုလားပါ။ အခွင့်အလမ်းနဲ့ ပတ်သက်တာတွေလည်း ခွဲခြားတာ မကြိုက်ပါ။ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု လုပ်တာကိုလည်းမကြိုက်ပါ။ မိမိအသက် ကို ဖြစ်စေ၊ မိမိရဲ့ အခွင့် အရေးဆိုင်ရာ (ပုဂ္ဂိုလ်ဆိုင်ရာ) လွတ်လပ်မှုကိုဖြစ်စေ နစ် နာဆုံးရှုံးရတာတွေကိုမလိုလားပါ။ မိမိယုံ ကြည်ချက်၊ မိမိရဲ့ထင်မြင်ချက်၊ ယူဆချက် တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ခွင့်၊ ဖြန့်ဝေ ခွင့်၊ ဆောင်ရွက် ပိုင် ခွင့်ရှိရမယ်။ နောက်ဆုံးအရှင်တို့ဟာ နိုင်ငံ တော်ထဲမှာ ဘယ်အရပ်ဒေသ၌မဆို ဥပဒေ နဲ့အညီ အခြေစိုက် နေထိုင်ခွင့်ရှိရမယ် ဆိုတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး လေးစား တန်ဖိုးထားတာကို ကြိုက်နှစ်သက်တယ်။

● အခြေခံဥပဒေကို မလိုက်နာတာ ဘယ်သူတွေလဲ

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)ပုဒ်မ ၃၄၇၊ ၃၄၈၊ ၃၄၉၊၃၅၀၊ ၃၅၁၊ ၃၅၂၊ ၃၅၃၊ ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇၊ ၃၅၈၊ ၃၅၉တွေဟာ နိုင်ငံသားတိုင်း ကို ခံစားထိုက်တဲ့ မူလအခွင့်အရေးတွေ ပါပဲ။ ဒီအခွင့်အရေး တွေ အားလုံးဟာ နိုင်ငံသားတိုင်း ခံစားကြရလို့လား။ ဒီအခွင့်အရေးကို အတိအလင်း ပေးထားနေပါရဲ့နဲ့။ အဲဒီ အခွင့်အရေးတွေကို ဆုံးရှုံး နစ်နာမှုရှိအောင် (ဖြစ်အောင်) ဟန့်တား၊ နှောင့်ယှက်ပြုမူတာ ဘယ်သူတွေပါလဲ။ အခြေအနေနဲ့ အချိန်အခါမှတစ်ပါး နိုင်ငံ သားတွေရဲ့ တရားဝင်ရပိုင်ခွင့်ရှိတဲ့ နစ်နာ ချက်များအတွက် ဥပဒေနဲ့ သတ်မှတ်ထားတဲ့ ရယူပိုင်ခွင့်တွေကို ငြင်းပယ်ခြင်း မပြု ရဆိုတဲ့ ဥပဒေပုဒ်မ ၃၈၁ကို လိုက်နာဖို့ နိုင်ငံသား တိုင်း မှာတာဝန်ရှိကြတယ်ဆိုတာကို ဘယ်သူမှ မငြင်းပယ်ကြပါဘူး။ လိုက်နာရန်၊ စောင့်ထိန်းရန်၊ ကြိုးပမ်းအား ထုတ် ဆောင်ရွက်ရန်၊ ပေးဆောင်ရန်၊ ကူညီရန် တာဝန်ဝတ်္တရားများကျေပွန်ကြတဲ့ ပြည်သူတွေကို (ဥပဒေအရ) လွတ် လွတ်လပ်လပ် နေထိုင်ခွင့်မရတာဟာ ဘယ်အဖွဲ့အစည်း တွေက အခြေခံဥပဒေကို မလိုက်နာကြ သလဲဆိုတာ ပြည်သူတွေ သိနေကြပါတယ်။

ပြည်သူတွေဟာ (၁) မိမိတို့ရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်နေတာကို ဘာဖြစ်လို့ အစိုးရတွေက လိုက်ပြီး ထိန်းသိမ်းစောင့်ရှောက် မှုကို ကန့်သတ်ချုပ်ချယ်နေကြရပါသလဲ

(၂) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတာကို ဘာဖြစ်လို့ အစိုးရတွေက လိုက်နာပြီး ဟန့်တား နှောင့်ယှက်နေတာလဲ။

(၃) လူ့စွမ်းအားအရင်းအမြစ်(ပညာ သင်ကြားမှု)ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြင့်မား စေရေးအတွက် ကြိုးပမ်းအား ထုတ်ဆောင် ရွက်နေချင်တာကို ဘာဖြစ်လို့ အစိုးရတွေ ကကိုယ်ပိုင်မူ၊ကိုယ်ပိုင်ဟန်နဲ့ အရင်းအမြစ် မဖွံ့ဖြိုးအောင် တားဆီးကန့်သတ်ပိတ်ပင် နေကြတာလဲ။

(၄)အစိုးရအဖွဲ့အစည်းတွေ မပိုင်ဆိုင် ရတဲ့အများပြည်သူပိုင်ပစ်္စည်းတွေကို ထိန်း သိမ်းစောင့်ရှောက်ကြတဲ့ ပြည် သူတွေက ဘာဖြစ်လို့ ပြည်သူပိုင်ပစ္စည်းတွေကို ခရို နီတွေကို ရောင်းစားပစ်ကြရပါသလဲ-ဆို တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၀ (က၊ခ၊ဂ၊ဃ) ကို ဘယ်သူတွေက လိုက်နာ ခြင်းမရှိသလဲဆိုတာ ပြည်သူတွေ သိကြပါ လိမ့်မယ်။

● သူတို့အတွက်နဲ့ အရှက်ရမိ

အရှင်တို့ တိုင်းပြည်ဟာ အမှုထမ်း အရာထမ်း (ပြည်သူ့ဝန်ထမ်း)တွေဟာ အရည်အချင်း ပြည့်ပြည့်စုံစုံနဲ့ တိုင်း ပြည်ကို အမှုထမ်းအရာထမ်းနေကြတယ်။ အမှုထမ်း အရာထမ်းတွေကို အုပ်ချုပ်ရေးအဖွဲ့ အစည်းအစိုးရ အဖွဲ့ အစည်းတွေက သူတို့ရဲ့ အပေါ်မှာ အုပ်ချုပ်ကွပ်ကဲရေးပြုမူတာတွေ ဟာ စနစ်မကျတာတွေတွေ့ရတယ်။ ပုဒ်မ ၂၉၀ အတိုင်းကို မဆောင်ရွက်ဘဲ ကြိုက်သူကို ခန့်အပ်၊ လာဘ်ပေးနိုင်သူတွေကို ရာထူးလိုက်ပေး၊ တာဝန် ၀တ္တ ရား စနစ်ကျ တဲ့သူတွေကို အငြိမ်းစား ပေးပစ်တာတွေ၊ စည်းကမ်းထိန်းသိမ်း အားကောင်းတဲ့ ၀န်ထမ်းရှင်တွေ ကို မိမိရဲ့ဌာနနေရာ မဟုတ်တဲ့ နေရာတွေကို အမှုထမ်းစေတာတွေ၊ အဂတိ အထင်အရှားရှိတဲ့ အုပ်ချုပ်ရေး အကြီး အကဲတွေကို ဥပဒေနဲ့အညီ အရေးမယူတာတွေဟာ ဘယ်အဖွဲ့အစည်းတွေက စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ဖောက်ဖျက် နေသလဲဆိုတာ ပြည်သူတွေအသိပါပဲ။

အခုဆိုရင် ပြည်သူ့ဝန်ထမ်းလစာ (နိုင်ငံ့ဝန်ထမ်း လစာ)ပေးတာ ကို လေ့လာပါ။ နိုင်ငံ့ဝန်ထမ်း(အမှုထမ်း၊ အရာ ထမ်း) သူ

Credit - Myanmartandawsint Newspaper


No comments:

Post a Comment