ပုသိမ်၊ အောက်တိုဘာ၂၉
ပထမအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်
၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ တွင် ပြောကြားခဲ့သော
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဇေယျကျော်ထင်ဦးတင်စိုး၏ မိန့်
ခွန်းအပြည့် အစုံအား လွှတ်တော်ရုံး အကြီးအကဲမှ အောက်တိုဘာလ ၂၈ရက်တွင်
မီဒီယာများအား ဖိတ်ကြား၍သတင်း ထုတ်ပြန်ပေးခဲ့သည်။
““ကျွန်တော်တို့
လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ မိန့်ခွန်းနဲ့ပတ်သက် ပြီးတော့ အချို့သော သတင်းမီဒီ ယာ
တွေမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အနည်းငယ်လွဲမှားမှုမျိုး ရှိပါတယ်။
စကားရပ်တစ်မျိုးရှိပါတယ်။
ဓားသွားထက် ကလောင်သွားထက် ဆိုသလို
ကလောင်တစ်ချောင်းရဲ့ ရေးသားချက်ဟာ အကျိုးသက် ရောက်မှု အများကြီး ဖြစ်ပေါ်စေပါ
တယ်။ အချို့မီဒီယာတွေမှာ ဖော်ပြချက်အချို့က ကွဲလွဲမှုလေးတွေ ရှိတဲ့အတွက်
အားလုံးသိရှိ အောင် ယခုလို မီဒီယာသမားများကို ဖိတ် ကြားပြီး
လွှတ်တော်ဥက္ကဋ္ဌရဲ့မိန့်ခွန်း အပြည့်အစုံကို ထုတ်ပြန်ပေး ရခြင်း ဖြစ်ပါတယ်””ဟု
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးအကြီးအကဲ ညွှန်ကြားရေးမှူး
ဦးကျော်ခိုင်စိုးက ပြောကြားသည်။…
““လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို
ကျွန်တော်လေ့လာကြည့်တော့ စာမျက်နှာ(၁)နဲ့(၂)ဆိုပြီးရှိပါတယ်။ စာမျက်
နှာ(၁)က ဘာကိုဆိုလိုလဲ ဆိုတော့ ၀န်ကြီးချုပ်ဦးနုရဲ့ နိုင်ငံသားများ၏
ကောင်းကျိုးချမ်းသာမှု ဆိုတဲ့စာအုပ်ထဲ က ၁၉၄၈ ခုနှစ် မေလ ၂၇ရက်နေ့ ညနေ
၃နာရီမှာ မိန့်ကြားခဲ့တဲ့ ဦးနုရဲ့မိန့်ခွန်းပေါင်းချုပ်ဆိုတဲ့ စာအုပ်ထဲမှ
ကောက်နုတ် ထားတာဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးပြောကြားချင်တဲ့ အပိုင်းကတော့
စာမျက်နှာ(၂) မှာရှိပါ တယ်။ အဲဒီစာမျက်နှာမှာ ၅ ပိုဒ်ရှိပါတယ်။ ဒုတိယမြောက်
အပိုဒ်ကိုတင်ပြပါ မယ်။ (ဤနေရာမှာ ဖြည့်စွက်တင်ပြ လိုသည်မှာ
နိုင်ငံရေးသမားဖြစ်စေ၊ တပ်မတော်သားဖြစ်စေ၊ ပြည်သူ့ ၀န်ထမ်းဖြစ်စေ၊
ရှေ့နေရှေ့ရပ်ဖြစ် စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ၊ သာမန်ပြည်သူပြည်သား
ဖြစ်စေမည်သူမဆို အမှားမကင်းနိုင်ကြ သည်ဖြစ်ရာ မိမိတို့ အလုပ်တာဝန်ကို
ယောနိသော မနသီကာရဖြင့် အတ္တပရမျှတ စွာ တွေးခေါ်လုပ်ကိုင် သွားကြမှသာ
ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်မည်ဖြစ်ကြောင်း သတိပြု စေလိုပါတယ်) ဒါဟာ
ဒီမိုကရေစီ ကျင့်စဉ်နှင့် ပတ်သက်ပြီး ပြောတာ ပါ။ နောက်ဆုံးနိဂုံးပိုင်းမှာ
(နိဂုံး ချုပ်အားဖြင့် ဤတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင်
တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြေ သာ ပြည်သူလူထုအ ကျိုးစီးပွားနဲ့
နိုင်ငံတော်၏ ဘုံအကျိုးစီးပွားအတွက် နိုင်ငံရေးပါတီများ အချင်းချင်း
ပြန်လည်လေးစားမှု၊ အပေး အယူမျှတမှု၊ နားလည်ခွင် လွှတ်မှု၊
သဘောထားကြီးမှုများဖြင့် အမြော် အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်သွား ကြပါရန်
တိုက်တွန်းပါကြောင်း ပြော ကြားရင်း နိဂုံးချုပ်ပါတယ်)ဆိုပြီး ပြော
ကြားခဲ့တာပါ။ ပြောရရင်တော့ အဖွဲ့အစည်းအသီးသီးရှိပါတယ်။ အုပ်ချုပ်ရေး၊
တရားစီရင်ရေး၊ ဥပဒေ ပြုရေး၊ မီဒီယာမဏ္ဍိုင်ဆိုပြီး မဏ္ဍိုင် လေးခုရှိပါတယ်။
အချင်းချင်းအပြန် အလှန်လေးစားရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက်္ကဋ္ဌကြီးရဲ့
မိန့်ခွန်းမှာ ပထမဦးဆုံး သမိုင်းကိုကိုးကား ပြောဆို ခြင်းဖြစ်ပြီး
သမိုင်းမှတစ်ဆင့် ဖြစ်စဉ်ပေါ့။ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး
ကျန်တာကို နှိုင်းယှဉ် သုံးသပ်ပြီးတော့မှ တင်ပြထားတာဖြစ်ပါတယ်။ ဒီတော့
လွှတ်တော် ဥက္ကဋ္ဌရဲ့ မိန့်ခွန်းရဲ့ဆို လိုရင်းကို တိတိကျ ကျဖြစ်အောင်၊
ပွင့်လင်းမြင်သာအောင် ထုတ်ပြန် ကြေညာရခြင်း ပဲဖြစ်ပါတယ်””ဟု ဧရာဝတီတိုင်း
ဒေသကြီး လွှတ်တော် သတင်းပြန်ကြားရေး အဖွဲ့ ခေါင်းဆောင်ဦးစီးအရာရှိ
ဦးစိုးသက်ဆွေက မီဒီယာများသို့ပြောကြား သည်။
အဆိုပါ
လွှတ်တော်ဥက္ကဋ္ဌမိန့် ခွန်းနှင့် ပတ်သက်၍ မြန်မာသံတော် ဆင့်ဂျာနယ် အတွဲ(၃)၊
အမှတ်(၃၃)တွင် ““ဒီမိုကရေစီစနစ်အောင်မြင်ရေးမှာ စစ်ဘက်ဆိုင်ရာ
ပုဂ်္ဂိုလ်များပါဝင်မှု အချက်အချာကျကြောင်း နိုင်ငံရေး သမားများမှာ စိတ်ဖောက်
ပြန်တတ်သူများဖြစ်သည်ဟု ဧရာတိုင်းလွှတ်တော်ဥက္ကဋ္ဌပြော”” ခေါင်း စဉ်ဖြင့်ရေး
သားခဲ့ရာ နိုင်ငံရေးသမားများ၏ ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လာခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌ တစ်ဦး အနေဖြင့် အဆိုပါစကားအား ဦးနုစကားပဲဖြစ်စေ၊
မိမိကိုယ်တိုင်ပြောသည်ဖြင့် ဖြစ်စေ၊ မပြော သင့်ကြောင်း မည်သူပြောခဲ့သည့်
စကားကို ကိုးကားပြောဆိုသည် ဖြစ်စေ၊ မိမိပြန်လည်ပြောဆိုသည့် အတွက်
မိမိတွင်သာ တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့်ပတ်သက်၍
ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြားပုဂ်္ဂိုလ်များ ပြောဆိုခဲ့သော
ကမ္ဘာကျော်မိန့်ခွန်းများစွာထဲကမှ ဦးနု၏ ယခုမိန့်ခွန်းကို ဘာကြောင့်၊
ဘယ်လိုအဓိပ္ပာယ် နှင့်ဘာရည်ရွယ်ချက်ရှိလို့ ကိုးကား ပြောဆိုသည်ကို
မေးခွန်းထုတ်ရ မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသည့်
နိုင်ငံရေးသမားတစ်ဦး အနေဖြင့် အရာရာ ဆင်ခြင်ရမည်ဖြစ်ကြောင်း ပုသိမ် မြို့
နိုင်ငံရေး အသိုင်းအ၀န်းမှ ဝေဖန်သုံးသပ်လျက်ရှိသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment