နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
ယနေ့
(အောက်တိုဘာ ၃၁) နံနက် ၉ နာရီ ၃၀ ၌ နေပြည်တော်ရှိ သမ္မတအိမ်တော်
ငုရွှေဝါခန်းမတွင် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊
သူရဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အပါအဝင် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီတို့မှ
ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။ ယခုတွေ့ဆုံမှုတွင် သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊
ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဋ္ဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊
FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊
ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ တို့ပါဝင်တက်ရောက်ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment