ဘုန်းကြီးဆိုတာ ခက်တယ်ကွ။ အခု ကပ်တဲ့ စားဖွယ်သောက်ဖွယ်တွေကို အခု ကုန်အောင်စား တယ်ကွ နောက် သံယောဇဉ် မဖြစ်နဲ့တဲ့။ မင်းဆန်အိတ်ကြီးတွေ၊ ဆီပုံးတွေတို့ ဘယ်လိုစား မတုန်း။ ဆန်တွေ ကို နို့ဆီဘူးတစ်လုံး လောက် ပလတ်စတစ် အိတ်နဲ့ထည့်၊ ဆီတွေကို ပုလင်းထဲ ထည့် ရှေ့ချကပ်။ အဲဒါနဲ့ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူး ကြီး)က ဒီကိုယ်တော် တော်တော်မှန်တယ်ကွတဲ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေးမြို့တွင် သီတင်းသုံးလျက်ရှိသော နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသာသနာ ဘိဝံသ မြတောင်ဆရာတော် ဘုရားကြီးကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်များ၊ ပြည်သူ များ၏ တိုင်ကြားစာဌာနမှူး တာဝန်ခံအယ်ဒီတာ၊ အထွေထွေမန်နေဂျာ၊ အမှုဆောင်အယ်ဒီတာ၊ ရုံးအဖွဲ့မှူး၊ ဖြန့်ချိရေး မန်နေဂျာ၊ သတင်း အဖွဲ့ဝင်များသွားရောက် ၍ဖူးမြော်ပြီး မြတောင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို ခံယူခဲ့ကြ ရသည်။ မြန်မာ သံတော်ဆင့် တာဝန်ရှိသူများ၏ လျှောက်ထားမေးမြန်းမှုများကိ
ယခင်အပတ်မှအဆက်-
● ဘုန်းဘုန်းက သံဃနာယက လုပ်ခဲ့တော့ သာသနာရေးဝန်ကြီးဌာနက သံဃနာယက ဆရာတော်တွေ အပေါ် လွှမ်းမိုးထားတဲ့ သဘောကို သိနေတာလားဘုရား။
ပထမတုန်းက ခန့်ခန့်ချင်း စာချပျက်တယ်၊ မလုပ်ချင်ဘူး။ ၅ နှစ်သက်တမ်း တော်ပြီ။ တိုင်းအကျိုးဆောင် ကျ တော့တို့ အဖွဲ့ အလွန်ကံကောင်းတာကွ။ လူမှန်နေ ရာမှန်ရတာ။ ၀န်ကြီးဌာနရော မဟနရော သွားပြီးတော့ နောက်ထပ်ဆက်ပြီးတော့ လုပ်ပါဦးတောင်းပန်တာ။ ဒီဗိမာန်ထဲမှာ ဘုန်းကြီးကပြောတာ တိုင်းဝန်ဆောင် ၁၂၀ နဲ့။ တပည့်တော် အသက်အရွယ်ကြီးပြီ။ ပင်ပန်းပြီ မလုပ်နိုင်တော့ဘူး။ ကိုယ်တော်တို့ထဲက ၁၂၀ထဲက ဘယ်သူ ဥက္ကဋ္ဌလုပ်မလဲပြော။ ဘုန်းကြီးကို ဆန့်ကျင်ဘက်လုပ်နေတဲ့ ကိုယ်တော်တွေ က နောက်ကနေဆရာ တော်တဲ့။ မန္တလေးတိုင်းကြီး ဂျွမ်းထိုးမှောက် ခုံဖြစ်ချင်လို့လား။ မဖြစ်ဘူး ဆရာတော်ဆို ဘယ်သူမှ မလုပ်နိုင်ဘူး။ ရဲမှူးတွေ ဆို ခုထိပြောတာ ဆရာတော့် ကျေးဇူးကြောင့်တဲ့ သံဃာတွေနဲ့။ အစည်းအဝေးကျတော့ ပြောတယ် အစည်း အဝေးဆင်းလာတော့ ရဲကြီးကပြောတယ်၊ ဟေ့လူတွေ မန္တလေးမှာ ငါကြောက်ရတဲ့ ပုဂိ္ဂုလ်တစ်ပါးတည်း ရှိ တယ်။ ငါဘယ်သူ့မှ မကြောက်ဘူး ငါလုပ်ရဲတယ် သတ်္တိရှိတယ်။
● ရဲကြီးက မဟာမုနိ ဗိုက်ဖောက်တယ် မဟုတ်လား။
ထွန်းကြည် ကိုယ်တိုင်လုပ်တာ။ ပထမဆုံး တိုင်းမှူးထွန်းကြည်။ သံဃာတွေအုပ်စိုး နေတာ မဟာမုနိဆိုတာ ရွှေ အပေါများဆုံး ဘုရား။ န၀တအစိုးရတည်းက စခဲ့တာ။ သံဃာတစ်ထောင်က တောင်ဘက်ကအရှေ့ မုခ်။ ထွန်း ကြည်တို့ တပ်ငါးရာက အနောက်ဘက်က။ လက်နက်လည်း ချပြီးပြီ။ ရှစ်နာရီ လောက်ကျတော့ဆရာတော် တပည့်တော် တို့ကိုကယ်ပါဦး။ မင်းတို့ ဘာဖြစ်လို့လဲ။ သံဃာနဲ့ ရင်ဆိုင်နေကြပြီ။ တပည့်တော် တို့ကလျှော့မှာ မဟုတ်ဘူး။ စစ်တပ်က သေနတ်နဲ့ပစ်မှာ သံဃာကလည်းတက်မယ် လုပ်နေတယ်။ ငါလုပ်ဦးမယ် ဆိုပြီးတော့ တောင်ပြင်က ဦးဉာဏ၀ံသ၊ ပြီးတော့ ဓမ္မာလင်္ကာရ ဘုရား ကြီးတိုက်က ပြီးတော့ တစ်ပါးပါသေးတယ်။ အဲဒီ သုံးပါး ဖုန်းဆက်ပြီးတော့ သွားလိုက် စစ်တပ်နဲ့ သံဃာကြားကို သွားပြီးတော့ မတ်တတ်ရပ်လိုက်။ သံဃာကို တောင်းပန်လိုက်၊ ဘုရားကြီး အရေးကိစ္စဆိုတာ မင်းတို့က အခုမှလုပ်တာ။ တို့က လုပ်လာတာ ကြာလှပြီ။ မင်းတို့ အေးအေးဆေးဆေး ကိုယ့်ကျောင်းကိုယ်ပြန်။ ဟေ့ပြန်တော့ တဲ့ ဟေ့ဆ ရာတော်ကြီး တွေကတာဝန် ယူတယ် သူတို့လုပ်မယ်ဆိုပြီးတော့ ကိုယ့်ကျောင်း ကိုယ်ပြန်။ အဲဒီကျတော့မှ ထွန်းကြည်က ဖုန်းဆက်တယ်။ ဆရာတော် ဘုရား ကျေးဇူးတင်လှပါပြီ။ တပည့်တော် တို့တပ်တွေ လည်းဆုတ်သွားပါပြီ။ ဘယ်လောက်ခက်ခဲ သလဲ။ —- မှာ ဖြစ်တာကြားလား။ ကားတွေနဲ့ သွားလိုက်ကြတာ။ လူတွေကလည်း တော်တော် အံ့သြနေကြတယ်။ ဟို ဘက်က ဂန္ဓာရုံ၊ ဒီဘက်က မန္တလေးသံဃာ အလယ်မှာ စစ်တပ်။ တင်အုန်းက အဲဒီမှာ ထိတာ။ တင်အုန်းကြီးကို ခဲနဲ့ထုတာကျော မှန်သေးတာ။ အဲဒီမှာ ဥူးကုဏ္ဍလဆရာတော် တပည့်တော် အခက်အခဲတွေ့နေလို့ ကယ်ပါ ဦး။ ဟာ ကိုယ်တော်က ကိုယ်တော်ကိုယ်တိုင် မလုပ်ဘဲနဲ့။ ဘာဖြစ်လို့သံဃာထိန်းသိမ်း စောင့်ရှောက်ရေး သံဃာကိုကိုယ်တော် ပဋိပက္ခလုပ်တာလဲ။ သူတို့ တိုက်လာခဲနဲ့ ထုလွှတ်တာ။ ဒဏ်ရာရသေးတာ။ အဲဒီလိုဖြစ် နေတုန်းဘုန်းကြီးဆီ ဖုန်းဆက်တယ်။ ကိုယ်တော် မစိုးရိမ်တိုက်သစ်ဦး ပြေငြိမ်းနဲ့ ဆွေးနွေးလိုက်။ ဦးပြေငြိမ်းက ဦးရာဇနဲ့သူနဲ့ တစ်နှစ်တည်း ကျမ်းပြီးတယ်ဆိုပြီးတော့ ဆွေးနွေးကြတာ။ အဲဒါနဲ့ ဂန္ဓာရုံသံဃာကလည်း ကိုယ့် ကျောင်းတိုက် ကိုယ့်ဘာသာဝင်၊ မန္တလေးသံဃာကလည်း ဆုတ်ပြီးတော့ နေရာကျပြီ အဲလိုပြောလိုက်တော့ မစိုးရိမ်တိုက်က ကိုယ်တော်တွေက အရှင်ဘုရားမှားကုန်ပြီ ဟိုကဂန္ဓာရုံက ခဲနဲ့ပစ်လို့ ခဲမှန်တဲ့ကိုယ်တော်တွေ ဆေးရုံရောက်နေပြီ။ အဲဒါဘယ်ကတုန်း။ အဲဒါကိုယ့်တော့် ကျောင်းက။ ပြီးပြီဆိုတာနဲ့ တိုင်းမှူးတွေ ရော အကုန် လုံးဆေးရုံပြေးရတာ။ ဆေးကုရတာ။ ဘုန်းကြီးကည ၁၂နာရီ တစ်ချက် ဒီက တယ်လီဖုန်းနဲ့။ အဲဒီလို စစ်တပ်နဲ့ ဖြစ်တဲ့ကိစ္စတွေကို။ အဆိုးဆုံးက ၀ီရသူ။ ၀ီရသူကတော့ သူ့အတွက်က ယ်တင်ရတာ သုံးကြိမ်။ သူ့ကိုဖမ်းမယ် ထောင်ထဲ သွင်းမယ်လုပ်တော့ မလုပ်နဲ့။ ၀န်ကြီးတွေရော၊ ရဲတွေရော၊ ညွှန်မှူးတွေရော။ သွားလျှောက် မင်းတို့ ရဲတွေ မလုပ်နဲ့ဦးရာဇသွားလျှောက်။
● ဆရာတော် သမ္မတကြီး ဦးသိန်းစိန်ကို သြ၀ါဒပေးသေးလားဘုရား။
ဘာမှမပေးဘူး။
● ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ဟုတ်တယ်။ န၀တအစိုးရတက်လာ တာတွေသိမှာပေါ့။ သံဃာတော်တွေ ချဉ်းကပ်တဲ့အခါ ဆန်အိတ်ကြီးတွေနဲ့ ကပ်၊ ဆီပုံးကြီးတွေနဲ့ကပ်။ အဲလိုကပ်နေတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့အရပ်က ကျောက်ဆည်မှာ။ ရွှေ စည်းခုံ ဘုရားကြီး ထီးတင်ပွဲ။ ဟေ့ဆရာတော်ကြီး ကျောင်းကို သွားပေးကွ။ ဆန်အိတ်ကြီးတွေ ဆီပုံးကြီး တွေ ကပ်ချင်တယ်ကွ။ အဲဒါနဲ့ ရဲမှူးကြီးဆီဗျူဟာမှူးက ဒီလိုအမိန့်ထုတ်နေတယ်တဲ့။ ဘယ်နှယ့် လုပ်ရမလဲတဲ့ ငါမ တတ်နိုင်ဘူးကွ တိုင်းဥက္ကဋ္ဌဆီမင်းဘာသာ မင်းသွားလျှောက်ချေ။ ဘုန်းကြီးဆိုတာ ခက်တယ်ကွ။ အခု ကပ်တဲ့ စားဖွယ် သောက်ဖွယ်တွေကို အခု ကုန်အောင်စားတယ်ကွ နောက်သံယောဇဉ် မဖြစ်နဲ့တဲ့။ မင်းဆန်အိတ်ကြီး တွေ၊ ဆီပုံးတွေတို့ ဘယ်လိုစားမတုန်း။ ဆန်တွေကို နို့ဆီဘူးတစ်လုံးလောက် ပလတ်စတစ် အိတ်နဲ့ထည့်၊ ဆီ တွေကို ပုလင်းထဲထည့် ရှေ့ချကပ်။ အဲဒါနဲ့ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)က ဒီကိုယ်တော် တော်တော်မှန် တယ်ကွတဲ့။ ပြီးတော့ ရှင်ပြုပွဲမှာကိုရင်အဖြစ် ရောက် သွားတာ ဘယ်လောက် ထိုက်တန်လဲ ရှင်ဘုရင်မင်းမြတ် တောင်မှ ရှိခိုးထိုက်တယ်လို့ ဘုန်းကြီးကပါဠိလို သြ၀ါဒပေးလိုက်တာ မဏ္ဍပ်ကနေထွက်ပြီးရော ဟေ့သာမဏေ တွေ ဘယ်မလဲကွ ဟိုဘက်မှာမဏ္ဍပ်ထဲမှာ ဆိုတော့ လာသွားကြစို့ကွ ဆရာတော် ကြီးက သာမဏေရဲ့ တန်ဖိုး ဟောလိုက်ပြီကွ ဆိုပြီးတော့။
ဦးသန်းရွှေက မဆိုးဘူး။ အစိုးရအဖွဲ့က သင်္ဂါယနာတင်ချင်တယ်။ မင်းတို့က သင်္ဂါယနာ တင်ချင်တယ် ပြော တယ်။ မင်းတို့ပါဠိတော် ဘယ်နှအုပ်ဖတ်သလဲ။ ပါဠိတော် မြန်မာပြန်တွေရှိတာ နေ့ပြီး ညကျရင် ဖတ်၊ ဘုန်းကြီး လူထွက်တွေ အနားခေါ်ဖတ်။ ဗိုလ်ချုပ်မှူးကြီးဦးသန်းေ
တို့သာသနာမှာ အားနည်းမှုရှိတာ တော့ တို့ဘုန်းကြီးက သူတို့အကြီးအကဲတွေ ပြောင်းလဲလို့မရတာ ဒီနေရာထီးတင်တယ် ဆို ထီးအကြောင်းဟောတယ်။ ဘာလို့ ထီးတင်တာတုန်း ဘုရားကခွင့်ပြုလို့လား။ ခွင့်ပြုရင် ဘယ်တုန်းက ခွင့်ပြုတာလဲ။ ပါဠိ မှာ ဥပဒေတွေဆိုတာ နည်းတာမဟုတ်ဘူး။
● တပည့်တော်တို့ မြန်မာသံတော်ဆင့်ကို ဆရာတော်ဘုရားသြ၀ါဒ ချီးမြှင့်ပါဦးဘုရား။
သက်တော်ရှည်အကြောင်းလေးပေါ့
● ဆရာတော်ဘုရားကို တပည့်တော်တို့ ဦးတင်ပါတယ် ဘုရား။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment