ဖက်ဒရယ်တပ်မတော်၊
နိုင်ငံရေးလမ်းစဉ်နှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုတို့တွင်
သဘောထားကွဲလွဲနေ၍ UNFC မှ ယာယီနုတ်ထွက်မှုကို KNU ဆက်လက်ထားရှိ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ဖက်ဒရယ်တပ်မတော် ကိစ္စရပ်များနှင့် KNU ၏ နိုင်ငံရေးလမ်း စဉ်နှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှု တို့တွင် သဘောထားကွဲလွဲမှုများ ရှိနေ၍ KNU အနေဖြင့် UNFC မှ ယာယီနုတ်ထွက်ခြင်းကို ဆက်လက်ရပ်ဆိုင်း ထားဦးမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။
““ရပ်ဆိုင်းထားတယ် ဆိုတာက ကျွန်တော်တို့ KNU ညီလာခံမှာတုန်းက အကြံပြုတဲ့စာတမ်းကို အလေးအနက် ထားပြီးတော့ သူတို့ သုံးသပ်ထားတာ မရှိဘူး။ အထူး သဖြင့် အခြေခံဖွဲ့စည်းပုံဟာ အဓိက ကတော့ သူတို့ဖွဲ့ စည်းပုံဟာ စစ်ရေးကို အဓိကရှေ့တန်းတင်ပြီး ဖွဲ့ စည်းထားတဲ့အခါကျတော့၊ အထူး သဖြင့် ဖက်ဒရယ် တပ်မ တော်တို့ အဲဒီလိုကိစ္စတွေမှာ၊ ဖက်ဒရယ် တပ်မတော်ရဲ့ အရှေ့ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း အဲဒီ လို စစ်ဒေသတွေ ခွဲခြားပြီးတော့ လုပ်တဲ့အခါကျတော့ KNU ရဲ့ ဒီနေ့ သွားနေတဲ့ နိုင်ငံရေးလမ်းစဉ် နဲ့ငြိမ်းချမ်း ရေး ဆောင်ရွက်မှုတွေနဲ့ ကွဲလွဲနေပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ (UNFC) ညီလာခံ ကနေ ယာယီနုတ် ထွက်ထားတယ်။ အခု ကရင်အရေးပေါ် ဗဟိုရဲ့ကော်မတီ အစည်းအဝေးမှာ ဒီဟာတွေ ကိုပြန်လည်သုံး သပ်ပြီး တော့ UNFC ရဲ့ ဖွဲ့စည်းပုံဟာ ဆက်လက်ပြီးတော့ ဒီအတိုင်းမပြင်နိုင်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ KNU အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ ပေါ်လစီနဲ့မကိုက်ညီတဲ့ အတွက်၊ ဒါကြောင့်မို့လို့ ယာယီ ရပ်ဆိုင်းတာကို ဆက်လက်ပြီးတော့ ရွှေ့ဆိုင်းထားပါတယ်””ဟု ပဒိုမန်း ငြိမ်းမောင်ကပြောသည်။…
ယာယီရပ်ဆိုင်းမှုကာလအ တွင်း UNFC အဖွဲ့နှင့် ဆက်လက် ညှိနှိုင်းသွားကာ လိုအပ်သလိုတိုင်း ရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့ချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ၊ တိုင်းရင်းသားတို့၏ နိုင်ငံရေးရည်မှန်းချက် အကောင်အထည် ဖော်ဆောင်နိုင်ရေးကို ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း KNU ဘက်က ထုတ်ပြန် ထားသည်။
ယခုရက်ပိုင်းအတွင်း KNU က UNFC မှ အပြီးအပိုင် နုတ်ထွက်ခဲ့သည်ဆိုသည့် သတင်းများပေါ် ထွက်ခဲ့ရာ အဆိုပါ သတင်းများမှာ ကောလာဟလသာဖြစ်ပြီး KNU ၏ တရားဝင် သတင်းထုတ်ပြန်ချက် မဟုတ်ကြောင်း၊ ယခု မိမိပြော ဆိုသည့် အကြောင်းအရာများက သာ KNU ၏ တရားဝင်သတင်း ထုတ်ပြန်ချက်ဖြစ်ကြောင်း လည်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။
““ကျွန်တော်တို့ အထူးပြောစရာတော့ မရှိပါဘူး။ ကျွန်တော် တို့အမြဲတမ်းကြိုဆိုနေတယ်။ ပြီး တော့ သူတို့ အနေအထား၊ တစ်ဖက်က သူတို့အတွင်းရေးမှာ တူညီတဲ့ နားလည်မှုတစ်ခုခုကို တည်ဆောက် နိုင်ဖို့ အတွက်ပေါ့လေ။ သူတို့ကချ မှတ်တဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ ဘာမှ ဝေဖန်စရာတော့မရှိ ဘူး””ဟု UNFC ဒုဥက္ကဋ္ဌ(၁) ဦးနိုင် ဟံသာက ပြောသည်။
KNU အနေဖြင့် UNFC မှအပြီး အပိုင်နုတ်ထွက်ကြောင်း သတင်း ထွက်ပေါ်မှုများနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် တိုင်းရင်းသား အသိုင်းအ၀ိုင်း တို့မှ ဝေဖန်သံများလည်း ပေါ် ထွက်ခဲ့ရာ အဆိုပါဝေဖန်ပြောဆိုမှု များကို စုစည်း၍ စာမျက်နှာ (၁၆) တွင်လည်း ဖော်ပြထားရာ အဆိုပါ ဖော်ပြမှုမှာ အချိန်ကာလအားဖြင့် အနည်းငယ်စော၍ ရေးသားဖော်ပြ ခဲ့ခြင်းဖြစ်ပါ၍ စာဖတ်သူများအနေဖြင့် ယခုသတင်းပါအချက်အလက် များကို ဖြည့်စွက်ဖတ် ရှုပေးပါရန် တင်ပြအပ်ပါသည်။
ရှိန်းဝေနောင်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:
Post a Comment