ဟိုတယ်များ
ယစ်မျိုး လိုင်စင်များရယူလိုပါက သက် ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့တို့ ၏
ထောက်ခံချက် နှစ်ခုရယူရုံဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု
ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယ၀န်ကြီးက လွှတ် တော်တွင် အောက်တိုဘာ
၂၈ ရက်၌ ဖြေဆိုသော်လည်း ဟိုတယ် များက လျှောက်ထားရာတွင် ရဲချုပ်ရုံး၏
ထောက်ခံချက်ကိုပါ တောင်းနေ၍ ကြန့်ကြာနေ ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ
ကဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းလိုင်စင်ရယူလျက်ရှိ သော ဟိုတယ်များအနေဖြင့် ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ ဟိုတယ်ဖွင့်လှစ်ခွင့်ပြု ထားကြောင်း ထောက်ခံချက်နှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်း၏ ထောက်ခံချက်ပါ ရှိပါက လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်တွင် အမျိုးသားလွှတ်တော် ၌ ပြောကြားခဲ့သည်။
‘‘ချပေးနေတယ်လို့ ပြော ထားပေမယ့် အခုမယကကို သွား တင်တဲ့အခါမှာ ဟိုတယ်ဝန်ကြီး ဌာနက ကန့်ကွက်ရန် မရှိဘူး။ ပါတယ်ဆိုရုံတင်မရဘူး။ ရဲချုပ် ရုံးက ထောက်ခံချက်ပါပါမှ ရ မယ်ဆိုပြီး ပြောလို့ အခုထိလိုင် စင်မရသေးဘူး’’ဟု City Star ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဟို တယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနမှ ဟိုတယ်ဖွင့်လှစ်ခွင့်လိုင်စင်ရယူထားသော ဟို တယ်ပေါင်း ၉၃၁ လုံးရှိသော် လည်း ဟိုတယ် ၂၁၃ လုံးသာ ယစ်မျိုးလိုင်စင်ရယူထားသည်။ ကျန်ဟိုတယ်ပေါင်း ၇၀၀ ကျော် မှာ လိုင်စင်ယူထားခြင်းမရှိ ကြောင်း သိရသည်။
‘‘အစ်မတို့ ဟိုတယ်မှာဆို ဘားတွေလည်း မထားတော့ ဟို တယ်ကကို ယစ်မျိုးမယူတာ။ နောက်ပိုင်းမဖြစ်မနေတင်ဖို့ လို လာမှပဲ တင်မယ်’’ဟု ဟိုတယ် မန်နေဂျာ တစ်ဦးကပြောသည်။
တိုးပွားလာသော ဟိုတယ် များကို အထက်ပါထောက်ခံချက် များဖြင့် ယစ်မျိုးလိုင်စင်များချ ထားပေးနေသော်လည်း အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနအ နေဖြင့် ယစ်မျိုးလိုင်စင်အရေ အတွက်များကို တစ်နှစ်ထက် တစ်နှစ်လျှော့ချပေးနေသည်ဟု ဒုတိ ယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံ မြင့်ကပြောသည်။
အထွေထွေအုပ်ချုပ်ရေးမှူး ဌာနအနေဖြင့် ယစ်မျိုးလိုင်စင်များ ကို လျှော့ချပေးနေသည်ဟု ဆို သော်လည်း မြန်မာနိုင်ငံ၏ မြို့ကြီးအသီးသီးတွင် ဘီယာဆိုင်အရေ အတွက်မှာ တစ်နှစ်ထက် တစ်နှစ် တိုးလာနေကြောင်း သတင်းရရှိ သည်။
မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သော ကမ္ဘာ့လှည့်ခရီး သွားများ တိုးတက်များပြားလာမှု နှင့် အညီ ဟိုတယ်များ များလာပြီး ဧည့်သည်များအား ၀န်ဆောင်မှု ပေးရန် ယမကာကောင်တာများ ထားရှိမှုလည်း များလာကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment