တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ SSPP/SSA တို့ကြား တိုက်ပွဲများ
လျှော့ချနိုင်ရေး နှစ်ဖက်ပူးပေါင်းကော်မတီ ဖွဲ့စည်းရန်အတွက် ဆွေးနွေးခဲ့
=================================================
စိုင်းထွန်းအောင်လွင်၊ နန်းသီတာဝင်း
ရန်ကုန်၊ အောက်တိုဘာ ၃၁
ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC)နှင့်
SSPP/SSA တို့ အောက်တိုဘာ ၃၁ရက်က နေပြည်တော်တွင် တွေ့
ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် တပ်မတော် နှင့်
ရှမ်းပြည်တိုးတက်ရေးပါတီ၊ SSPP/SSA တို့ကြား တိုက်ပွဲများ လျှော့ချနိုင်ရေး
နှစ်ဖက်ပူးပေါင်း ကော်မတီဖွဲ့စည်းရန် အတွက် ဆွေး
နွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
ယင်းသို့
နှစ်ဖက်ပူးပေါင်းကော် မတီဖွဲ့စည်းရာတွင် ရှမ်းပြည်နယ်အ တွင်း
နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ
အင်အားစုများပါဝင်ရန် အဆိုပြုတင် ပြခဲ့ကြောင်း SSPP အတွင်းရေးမှူး က
ပြောသည်။
''သူတို့ဘက်ကတော့ နှစ်ဖွဲ့ပဲ ဖြစ်စေချင်တယ်ပြောတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မရဘဲ သူတို့ကလဲ အ ထက်တင်ပြမယ်။ ကျွန်တော်တို့ဘက် ကလဲ
ဗဟိုကော်မတီဝင်တွေကို တင်ပြရ မယ်။ ပြီးမှ အကြောင်းပြန်မယ်''ဟု SSPP အတွင်းရေးမှူး ဗိုလ်မှူးကြီး စဝ်ခွန်ဆိုင်းက ပြောသည်။
နေပြည်တော်တွင် ကျင်းပသော ယခုဆွေးနွေးပွဲသည် အဆိုပါအဖွဲ့ အား
မည်သို့ဖွဲ့စည်းမည်ဆိုပြီး အ သေးစိတ်ဖွဲ့စည်းမှုကို ဆွေးနွေးခြင်း
ဖြစ်ကြောင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟို ဌာနမှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
''ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖွဲ့ ဖို့ သဘောတူထားရာမှာ အစိုးရ
ဘက်ခြမ်းကပါမယ့်သူတွေမှာ ရှမ်း ပြည်နယ် နယ်/လုံဝန်ကြီး၊ သက် ဆိုင်ရာ
စစ်တိုင်းမှူးနဲ့ တပ်မတော် ဒါတွေပါမယ်လို့ ဒီဘက်ကတင်ပြ တယ်။ SSPP
ဘက်ကပါမယ့်သူ အသေးစိတ်ကိုတော့ ပြန်ဆွေးနွေး ရဦးမယ်''ဟု UPWC ဘက်မှ တက်
ရောက်သူ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
တိုက်ပွဲများ လျှော့ချရေးအ
တွက် နှစ်ဖက်တာဝန်ရှိသူများပါဝင် သည့် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့်
ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ကိုဖွဲ့စည်းရန် ပြီး
ခဲ့သည့် အောက်တိုဘာ ၁၈ရက်က သဘောတူခဲ့ကြခြင်းဖြစ်သည်။
ယခုဖွဲ့စည်းရန်
သဘောတူ ထားသည့် နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် ကချင်ပြည် နယ်တွင် ဖွဲ့စည်းခဲ့သည့်
ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ကဲ့သို့ပင်ဖြစ်ပြီး
ထိတွေ့မှုများဖြစ်ပွားလာပါက အ ဆိုပါအဖွဲ့အစည်းမှတစ်ဆင့် ညှိနှိုင်း
ဖြေရှင်းရန် ရည်ရွယ်ကြောင်း သိရ သည်။
ထို့ပြင် မည်သည့်အကြောင်း
ကိစ္စမဆို တိုင်းပြည်နှင့် မီဒီယာများ ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်
ပေးရန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော ပြည်ထောင်စု
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးတက္ကသိုလ်သို့ မိမိတို့ဒေသ
တွင်းမှ ကျောင်းသားများ တက် ရောက်ခွင့်ရရေးကိုလည်း တင်ပြခဲ့ ကြောင်း SSPP
အတွင်းရေးမှူးက ပြောသည်။
အလားတူပင် နေပြည်တော် တွင် အောက်တိုဘာ
၃၁ရက်က ကျင်းပသည့် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်
ဆန်းစုကြည်၊ သူရဦးရွှေမန်းအပါ အဝင် ခေါင်းဆောင်များ၏ဆွေးနွေး ပွဲတွင်လည်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဆိုပါ
ပူးပေါင်းကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍ တင်ပြခဲ့ကြောင်း ပါတီ
ပြောခွင့်ရဦးစိုင်းလိတ်က ပြောသည်။
''SSPP နဲ့ အစိုးရတို့ဖွဲ့မယ့်
ပူး ပေါင်းကော်မတီမှာ လူမှုရေးအဖွဲ့အ စည်းကြီးတစ်ခုနဲ့ နောက်တစ်ခါ နိုင်ငံ
ရေးပါတီကပုဂ္ဂိုလ်တွေ ဒါမှမဟုတ် တခြားလူရိုသေ၊ ရှင်ရိုသေရှိတဲ့ ရှမ်း
အမျိုးသားခေါင်းဆောင်ကြီး တစ် ယောက်လောက် ထည့်ပေးဖို့တောင်း ဆိုတယ်။
အဲဒါကိုပြောပေးပါဆိုလို့ ဒီနေ့ ကျွန်တော်တို့ပါတီက တင်ပြ တော့ သမ္မတကြီးက
မှတ်ထားလိုက် ပါတယ်''ဟု ဦးစိုင်းလိတ်က ပြောသည်။
SSPP/SSA ၏
ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီး မြို့နယ် ဝမ်ဟိုင်းတွင်
တည်ရှိပြီး ၂ဝ၁၂ခုနှစ် ဇန်နဝါရီလတွင် အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ
ညီချက်လက်မှတ်ရေးထိုးခဲ့သည်။
ထိုသို့အပစ်ရပ်သော်လည်း တပ်မ တော်နှင့် တိုက်ပွဲပေါင်း ၂ဝဝကျော် ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment