ရခိုင်ပြည်နယ်တွင် လူ့ အသိုင်းအ၀ိုင်းနှစ်ခုကြား ခွဲခြား
ဆက်ဆံနေမှုများနှင့် တိုင်းရင်း သားဒေသတွင်
တပ်မတော်ကသတ်ဖြတ်ဖမ်းဆီးမှုများအပါအ ၀င် နောက်ကြောင်းပြန်လှည့်နေ သည့်
ဖြစ်စဉ်များကို အစိုးရက ကောင်းမွန်စွာ ဖြေရှင်းပေးမှုမရှိ ခြင်းက
မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးအခြေအနေကို စိုးရိမ်ဖွယ်
အခြေအနေဖြစ်စေကြောင်း ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အ ခွင့်အရေး
အထူးကိုယ်စားလှယ် မစ္စရန်ဟီလီက ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်က (၆၉)ကြိမ်မြောက် ကုလသမဂ္ဂညီ လာခံ၏ တတိယကော်မတီသို့
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအ ခြေအနေဆိုင်ရာများ ပထမဆုံး အကြိမ်
အစီရင်ခံစာတင်သွင်းရာ တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။
မြန်မာနိုင်ငံ၏ တိုးတက်ဖြစ် ထွန်းမှုများကို အသိအမှတ်ပြု သော်လည်း
ရခိုင်ပြည်နယ်အ တွင်း
လူ့အသိုင်းအ၀ိုင်းနှစ်ခုကြားခွဲခြားဆက်ဆံမှုများရှိနေခြင်း၊ သ တင်းထောက်များ
ဖမ်းဆီးထောင် ချခံနေရခြင်း၊ လွတ်လပ်စွာစုဝေး ဆန္ဒဖော်ထုတ်ခြင်းများကို ကန့်
သတ်မှုများရှိနေခြင်းစသည့် နောက်ကြောင်းပြန်လှည့်သည့်
လက္ခဏာများဖြစ်ပေါ်နေပြီး ယင်းပြဿနာ များ မဖြေရှင်းနိုင်ပါက နိုင်ငံတ
ကာအသိုင်းအ၀ိုင်းတွင် မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုး ပမ်းမှုများ
ထိခိုက်လာမည်ဟု အစီရင်ခံစာ၌ အကြံပြုထားသည်။
ထို့ပြင် ၂၀၁၅ ရွေးကောက် ပွဲအတွက် စည်းရုံးလှုံ့ဆော်ရန်
ကန့်သတ်ချက်များကို ဖယ်ရှား ပေးရန်နှင့် ရွေးကောက်ပွဲကို နိုင်ငံ
တကာစံနှုန်းများနှင့်အညီ လွတ် လပ်ပြီး တရားမျှတရန် နိုင်ငံတ
ကာအသိုင်းအ၀ိုင်းကို စောင့်ကြည့်လေ့လာခွင့်ပေးရန်လိုကြောင်း ၎င်းက
တိုက်တွန်းထားသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် အစိုးရအပါအ ၀င် သက်ဆိုင်သည့်
အဖွဲ့အစည်း အားလုံးကြိုးပမ်းရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
အမျိုးသမီး များ ပိုမိုပါဝင်ရန်လည်း ၎င်းက အစီရင်ခံစာ၌ အကြံပြုထားသည်။
မစ္စရန်ဟီလီ၏ အစီရင်ခံစာ အပေါ် ကုလနှင့် နိုင်ငံတကာအ သိုင်းအ၀ိုင်းက
ထောက်ခံကြိုဆို လိုက်သော်လည်း မြန်မာအစိုးရ ကမူ ပြုပြင်ပြောင်းလဲရေးများကို
တစိုက်မတ်မတ် လုပ်နေသည့် အစိုးရ၏ ကြိုးပမ်းမှုများကို အသိ
အမှတ်မပြုရာရောက်ကြောင်း တုံ့ ပြန်ခဲ့သည်။
‘‘လေးနှစ်တစ်ကြိမ် နိုင်ငံ တိုင်းအစီရင်ခံရတဲ့ Universal Period Review
ရှိတယ်။ ဒါ့အပြင်Country Specific Resolution နဲ့ သီးသန့်ထပ်ပြီး
အစီရင်ခံစာတင် တာကို ကျွန်တော်တို့ တစိုက် မတ်မတ်ကန့်ကွက်ခဲ့တယ်။ ဒါ့အ
ပြင် အခု မြန်မာမှာ လူ့အခွင့်အ ရေးမဟာမင်းကြီးရုံးဖွင့်ဖို့ လုပ်နေ ပြီ။
လူ့အခွင့်အရေးကော်မရှင်ရှိ နေပြီ။ လူ့အခွင့်အရေးစာချုပ်တ ချို့
ကျွန်တော်တို့ လက်မှတ်ထိုးဖို့ လုပ်နေပြီ။ ဒီတော့ အခု သူပြော တဲ့
နောက်ကြောင်းပြန်လှည့်တယ် ဆိုတာကို ကျွန်တော်တို့ လက်မခံ ပါဘူး’’ဟု
မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာန အဆင့်မြင့်အရာရှိကြီး တစ်ဦးက
အီးမေးလ်မှတစ်ဆင့် ပြောကြားသည်။
မစ္စရန်ဟီလီ၏ အစီရင်ခံစာ တွင် မကြာသေးမီက တပ်မတော်မှ သတ်ဖြတ်ခဲ့သည့်
အလွတ်တန်းသတင်းထောက်ကိုပါကြီး ကိစ္စအ ပါအ၀င် ဥပဒေမဲ့သတ်ဖြတ်မှုများ
မြန်မာနိုင်ငံတွင် ရှိနေသေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ
ဖမ်းဆီးထားခြင်းအား လွှတ်ပေးရန် အစိုးရကို တိုက်တွန်းသွားသည်။
သမ္မတဦးသိန်းစိန်က မြန်မာ နိုင်ငံအပေါ် သီးခြားလူ့အခွင့်အ
ရေးအစီရင်ခံစာတင်သွင်းနေခြင်း ကို ရပ်တန့်ရန် ယခုလဆန်းပိုင်း က
အီတလီနိုင်ငံ မီလန်မြို့တွင် EU ထိပ်တန်းနိုင်ငံများနှင့် တွေ့ဆုံစဉ်
တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးဖြစ်ပေါ်
တိုးတက်မှုများကို နိုင်ငံတကာအ သိုင်းအ၀ိုင်းက အသိအမှတ်မပြု သည့်အတွက်
စိတ်မကောင်းဖြစ် ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မစ္စရန်ဟီလီသည် ပြီးခဲ့ သည့် ဇူလိုင်လ ဆယ်ရက်တာခရီး စဉ်အတွင်း
ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီး၊ ရခိုင်နှင့် ကချင်
ပြည်နယ်တို့သို့ သွားရောက်ခဲ့ပြီး နောက် ယခုအစီရင်ခံစာကို
တင်သွင်းခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၁၅ ဇန်န၀ါရီ တွင် စတင်မည်ဖြစ်ကြောင်း အစီရင်ခံ စာတင်သွင်းသည့်နေ့၌ ကြေညာခဲ့သည်။
Credit - 7DAY DAILY
No comments:
Post a Comment