Friday, October 31, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ဦးနှင့် မြန်မာသံရုံးအထူးအဖွဲ့ တတိယအကြိမ် တွေ့ဆုံမည်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူးအဖွဲ့မှ အောက်တိုဘာ ၃၀ ရက်တွင် ကော့စဖွီအကျဉ်းထောင် ရှိ တရားခံ အဖြစ် စွပ်စွဲခံရသူမြန်မာ လုပ်သား(၂)ဦးအား အမှုနှင့်ပတ် သက်သည့် လိုအပ်သော အချက် အလက်များ ကို မေးမြ န်းနိုင်ရန် တတိယအကြိမ် သွားရောက်တွေ့ ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများ အသင်းအမှု ဆောင်ဒါရိုက်တာ ဦးကျော်သောင်းက အောက်တိုဘာ ၃၀ရက်တွင်မြန်မာသံတော်ဆင့် သို့ ပြောသည်။
““မြန်မာသံရုံးအထူးအဖွဲ့က (၅)ယောက်သွားတွေ့မှာပါ။ ထိုင်းရှေ့နေများ ကောင်စီတော့ မပါပါ ဘူး။ သူတို့ သိချင်တဲ့ အချက်တွေရော။ ကျွန်တော်တို့မေးချင်တဲ့ အကြောင်းအရာတွေကိုပါ မေးဖို့ တတိယအကြိမ် မြောက်အနေနဲ့ သွားမှာပါ””ဟု ၎င်းကပြောသည်။…

အောက်တိုဘာ ၂၉ ရက်တွင် မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ဦးဆောင်ပြီး သံရုံးအထူးအဖွဲ့မှ အဆိုပါအမှုကို ဆောင်ရွက်ပေးရန် ထိုင်းရှေ့နေကောင်စီထံ သွားရောက် အပ်နှံခဲ့ရာ ၎င်းတို့ဘက်မှလည်း ကြည်ဖြူစွာ လက်ခ ခဲ့ပြီး ထိုင်းနိုင်ငံ၏ တရားရေးမဏ္ဍိုင် မယိမ်းယိုင်ကြောင်းကို သက်သေပြသည့် အနေဖြင့် ရဲရင့်စွာလုပ် ဆောင် သွားမည် ဖြစ်ကြောင်း ထိုင်းရှေ့နေ များကောင်စီက ကတိပေးပြောဆိုခဲ့သည်။
““သံရုံးအထူးအဖွဲ့နဲ့ ရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းပြီး ဒီအမှုကို ဆက်လက်ဆောင်ရွက်သွားမယ်ဆို တာညှိ နှိုင်းကြပါတယ်။ တရားခံလို့ စွပ်စွဲခံရသူ မြန်မာလုပ်သား(၂)ဦးရဲ့ မိဘတွေကတော့ နိုဝင်ဘာ ၃ ရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီးမှ ပြန်ဖို့စီစဉ်မှာပါ။ ရှေ့နေများ ကောင်စီရုံးမှာ လုပ်မှာပါ။ ရှေ့နေ များကောင်စီက ကျွမ်းကျင်တဲ့ရှေ့နေ အယောက်(၂၀)နဲ့ အကြံပေးပုဂိ္ဂုလ်များနဲ့ အစည်းအဝေးလုပ်ပြီးသွားပါ ပြီ””ဟု မြန်မာ နိုင်ငံသား များအသင်း စောင့်ရှောက်ရေးကော်မတီမှ ဥပဒေ အကြံပေးဦးအောင်မျိုးသန့်က ပြော သည်။
ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ အောက်တိုဘာ ၂၈ ရက်တွင် မြန်မာသံရုံးအဖွဲ့၊ ရှေ့နေ များကောင်စီ နှင့် စွပ်စွဲခံရသူ မြန်မာလုပ်သား(၂)ဦး၏ မိဘများက မြန်မာနိုင်ငံသား(၂)ဦး မတရားညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတို့ကို သွားရောက်တင် ပြခဲ့ပြီး ထိုင်းအစိုးရရှေ့နေချုပ်ရုံး ထံသို့လည်း အဆိုပါ အမှုကို သေချာမှန်ကန်စွာ စိစစ်ပြီးမှ အရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသည်။
အဆိုပါအမှုအား နိုဝင်ဘာလ ပထမပတ်(သို့) ဒုတိယပတ်တွင် အမှုစွဲတင်မည်ဟု သိရပြီး နိုဝင် ဘာလပထမ ပတ်တွင် အခင်းဖြစ် ပွားရာနေရာသို့ မြန်မာသံရုံးအထူး အဖွဲ့ဝင်အားလုံး၊ ထိုင်းရှေ့နေ များကောင်စီမှ ရှေ့နေ အယောက် (၂၀) နှင့်နာယက (၅)ဦး အဖွဲ့တို့ သွားရောက်မည်ဖြစ်သည်။
လတ်တလောတွင် လူသတ် တရားခံများအဖြစ် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား(၂)ဦးကို ကော့စဖွီ အကျဉ်း ထောင်တွင်သာ ထားရှိဆဲ ဖြစ်သည်။

သဉ္ဇာဆွေ
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment