လွှတ်တော်တွင် တပ်မ တော်မှ ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကို ပါတီအချို့က
ပယ်ဖျက်ပေး ရန် သဘောထားပေးသော်လည်း အဓိက အတိုက်အခံပါတီဖြစ် သော
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူတစ်ဆင့်ချင်း လျှော့ချပြင်
ဆင်သွားရန်အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်
နိုင်ရေးအကောင်အထည်ဖော်မှု အစီရင်ခံစာအရ သတင်းရရှိ သည်။
ပြည်သူ့လွှတ်တော်ဖွဲ့စည်း ခြင်း၌ တပ်မတော်မှ ပါဝင်ခြင်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၉ (ခ)တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များဟု ဖော် ပြထားသည်။
ယင်းအချက်သည် ဒီမိုကရေ စီစံနှုန်းနှင့် ဆန့်ကျင်နေကြောင်း၊ အထွေထွေသဟဇာတဖြစ်ရေးအ တွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန် ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုထားခြင်းဖြစ်သည်။
ယင်းပုဒ်မကို ရခိုင်အမျိုး သားပါတီက ပယ်ဖျက်ရန်နှင့် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြောင်းလဲရေးကာလလွန် မြောက်ပြီဖြစ်၍ ပုဒ်မ ၁၀၉ (ခ)ကို ဖြုတ်သင့်သည်ဟု အကြံပြုထား သည်။
ထို့အတူ အမျိုးသားလွှတ် တော်တွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၅၆ ဦးပါဝင် နိုင်မှုအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၁ (ခ)ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်ဆင့်ပြီး တစ်ဆင့်ပြင်ဆင်သွားရန်သဘောထားပေးထားသည်။
လွှတ်တော်တွင် တပ်မတော် မှ ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ချက်ချင်းလျှော့ချရန်မှာ ဖြစ် နိုင်ခြေနည်းသည့်အတွက် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ပြီး တစ်ဆင့် ချင်းလျှော့ချကာ နောက်ဆုံး၌ လွှတ်တော်တွင် တပ်မတော်မှ ကိုယ်စားလှယ်များမရှိအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ၎င်းတို့ပါတီ၏ အကြံပြုချက်နှင့် ပတ်သက်ပြီး ပြောသည်။
နိုင်ငံရေးပါတီများမှ လွှတ် တော်တွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ ပါဝင်နိုင်မှုကို လျှော့ချရန်နှင့် ပယ်ဖျက် နိုင်ရန် အကြံပြုချက်ပေးထား သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မူ လွှတ်တော်တွင် တပ်မတော်မှ ပါဝင်နိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ပုဒ်များကို မူလအတိုင်းထား ရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီအစီရင်ခံစာတွင် အကြံပြုထားသည်။
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သောလွှတ်တော်များတွင် တပ်မတော် မှ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များကို ထည့်သွင်းထားပြီး ယင်းတို့ပါဝင်နိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးသည် လည်း တပ်မတော်၏ တာဝန်များ ထဲတွင် ပါဝင်နေသည်။

Credit - 7DAY DAILY
No comments:
Post a Comment