Saturday, November 1, 2014

အမျိုးသားပညာရေးဥပဒေမူကြမ်းကို မန္တလေးခရိုင်ဗကသများ အဖွဲ့ချုပ်က ကန့်ကွက်ဆန္ဒထုတ်ဖော်

မန္တလေး၊ အောက်တိုဘာ ၃၁

အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၃၁ရက်က အတည်ပြုလိုက်ခြင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (မန္တလေးခရိုင်) မှ ကျောင်းသား၊ ကျောင်းသူအဖွဲ့ဝင် များက အောက်တိုဘာ ၃၁ရက် နံနက် ၉နာရီတွင် မန္တလေးမြို့ ၃၁လမ်း၊ ၈၄ လမ်းထောင့်ရှိ ဓမ္မသာလခန်းမရှေ့၌ စုဝေး၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။


''အမျိုးသားပညာရေးဥပဒေမူ ကြမ်းအတွင်းမှ အချက်ကိုးချက်ကို ကန့်ကွက်ခြင်းဖြစ်ပါတယ်။ အခုရေး ဆွဲနေတဲ့ဥပဒေမူကြမ်းကို လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီဥပဒေမူကြမ်းက လူတိုင်း အကျုံးဝင်ပညာရေးနဲ့ ဆန့် ကျင်တဲ့အချက်တွေ ပါဝင်နေတဲ့အ တွက် ပြန်လည်ပြင်ဆင်သင့်ပါတယ်။ တိုင်းရင်းသားဘာသာစကားတစ်ခုခု ကို သင်ကြားရေးမဏ္ဍိုင်အဖြစ်သတ် မှတ်ပေးသင့်ပါတယ်''ဟု မန္တလေး ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြော သည်။

ယခုလို အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဗက သများအဖွဲ့ချုပ်မှ မန္တလေးခရိုင်အ တွင်း ရတနာပုံကျောင်းဝင်းအတွင်း နှင့်အနီးဝန်းကျင်တွင် နှစ်ကြိမ်ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး မန္တလေးမြို့ပေါ် တွင် ဆန္ဒထုတ်ဖော်ခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်သည်။ မန္တလေးမြို့ တွင် အဆိုပါဆန္ဒပြခြင်းသည် ခွင့်ပြု ချက်တောင်းခံခဲ့ခြင်းမရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် သက်ဆိုင် ရာမှ လာရောက်ညှိနှိုင်းခဲ့သော် လည်း ဆက်လက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက်နေ့က ရန်ကုန်မြို့တွင်လည်း နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ်အ စည်းအဝေးကျင်းပခဲ့ပြီး သဘော ထားတစ်ရပ် ထုတ်ပြန်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် မန္တလေး မြို့ ၈၄လမ်း၊ ၃၁လမ်းထောင့်ရှိ ဓမ္မ သာလခန်းမရှေ့၌ နံနက် ၉နာရီတွင် စုဝေးခဲ့ကာ ၈၄လမ်းအတိုင်း ၂၆လမ်း ထိ၊ ၂၆လမ်းမှ ၈၃လမ်း၊ ၈၃လမ်းမှ ၃၁လမ်းမှ ဓမ္မသာလခန်းမထိ လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

AXE

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group


No comments:

Post a Comment