Wednesday, October 29, 2014

နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မှ ''နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့် မြင့်မြင့်လုပ်ကြပါ၊ သိက္ခာမဲ့တဲ့ နိုင်ငံ ရေးမလုပ်နဲ့၊ ကိုယ်ကပြိုင်ဘက်က ပြိုင်ဘက်ပဲ၊ ပြိုင်ဘက်အကြောင်း ပြောတဲ့နေရာမှာတောင် အဆင့် မြင့်မြင့် ပြောရမယ်။ တချို့တွေက တခြားသူကို ရင့်ရင့်သီးသီးပြောလို့ ရှိရင် သူတို့နိုင်တယ်လို့ ထင်တယ်။ တကယ်တော့ သူတို့ရှုံးတာပဲ၊ ကိုယ့် ရဲ့ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံက မယဉ် ကျေးရင်၊ သိက္ခာမရှိလို့ရှိရင် ကိုယ် ရှုံးတာပဲ။ ဟိုဘက်က ရှုံးတာမဟုတ် ဘူး။ အဲ့တော့ နိုင်ငံရေးလုပ်တယ် ဆိုတာ အဆင့်မြင့်မြင့်လုပ်ရမယ်။ ဒီနိုင်ငံဟာ နိုင်ငံရေး အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံဆိုတာ ဖြစ် သွားအောင်လို့ အခုချိန်မှာ လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။ ဒီအခွင့် အရေးတွေကို အဟောသိကံ မဖြစ် ပါစေနဲ့'' ဟု ပြောကြားသွားခဲ့သည်။

MP

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit -  Yangon Media Group

 
 

No comments:

Post a Comment