Friday, October 31, 2014

အိုဘားမား ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းကြည်ကို တယ်လီဖုန်းနဲ့ ဘာပြောလိုက်တာလဲ

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံ သမ္မတ ဦးသိန်စိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည်တို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့တာလဲ။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့ အထိ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ-ယူအက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် အစီအစဉ်ကို အိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တင်းမာမှုများ လျော့ကျရေးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ သမ္မတ အိုဘားမားက ဦးသိန်းစိန်ကို ပြောဆိုခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆီကို ဆက်သွယ်ရာမှာလည်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ အိုဘားမားက ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်လက်ထောက်ပံ့မယ့် အကြောင်းကိုလည်း ယင်းအပြင် သမ္မတ ဘားရက် အိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကတိပြု ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားဟာ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလက ပထမအကြိမ် လာရောက်ခဲ့ပြီး လာမည့် နိုဝင်ဘာလ ခရီးစဉ်ဟာ သူ့အတွက် ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။

Credit - The Voice Weekly

 
 

No comments:

Post a Comment