ရန်ကုန်၊ အောက်တိုဘာ ၃ဝ
အခြေခံပညာပြီးဆုံးကြောင်း စစ် ဆေးသည့်
စာမေးပွဲနှင့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲများကို သီးခြားစီ ကျင်းပရန်
ဆွေးနွေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
ပညာရေးပြုပြင်ပြောင်းလဲမှု များ ကိုအမျိုးသားပညာရေး ဥပဒေ
ပြဋ္ဌာန်းချက်များနှင့်အညီ အခြေခံ ပညာရေးဖွဲ့စည်းပုံတွင် KG+ ၁၂ တန်း
ပညာရေးစနစ်ဖြင့် သူငယ် တန်းအပါအဝင် ပထမတန်းမှ ဒသမတန်းအထိ သင်ကြား နိုင်ရေးအ
တွက် ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အခြေခံပညာရေးပြီးဆုံးသည့် စာမေးပွဲကိုလည်းအစိုးရစစ်အ တိုင်းသာ
ထားရှိမည်ဖြစ်ပြီး တက္က သိုလ်ဝင်ခွင့်ကို အမှတ်ဖြင့်ဆုံးဖြတ် ခြင်း
မရှိပါကလည်း အခြေခံပညာပြီး ဆုံးကြောင်း စာမေးပွဲများနှင့် တက္က
သိုလ်ဝင်ခွင့် စာမေးပွဲများကိုသီးခြား စီကျင်းပရန် ဆွေးနွေးလျက်ရှိကြောင်း၊
တက္ကသိုလ်များမှလည်း ကျောင်း သားများကို ဝင်ခွင့်ပေးရာတွင် တက္က သိုလ်အလိုက်
အခြေအနေအမျိုး မျိုးဖြစ်နိုင်ကြောင်း ပညာရေးဝန် ကြီးဌာန
ဒုတိယဝန်ကြီးဦးသန့်ရှင်း ၏ပြောကြားချက်အရသိရသည်။
ယင်းကဲ့သို့ပြောကြားခြင်းကို အောက်တိုဘာ ၃ဝရက်ကကျင်းပ သည့် ပြည်သူ့လွှတ်တော်
ပုံမှန် အစည်းအဝေးတွင်ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်ဦးတင်မောင်၏ ''၂ဝ၁၅ ခုနှစ်နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့်
စာမေးပွဲများကို တက္ကသိုလ်အလိုက် စစ်ဆေးလျှင် ဒသမတန်းရမှတ်ကိုထည့်
သွင်းစဉ်းစားခြင်းရှိ၊ မရှိ''မေးခွန်းအ ပေါ် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
''တက္ကသိုလ်ဝင်ခွင့်တွေကို နောက်ပိုင်းဆုံးဖြတ်တဲ့အခါမှာ ဥပမာ-
အမှတ်နဲ့ခေါ်တဲ့တက္ကသိုလ်ရှိမယ်။ပြီးရင် ဝင်ခွင့်စာမေးပွဲတွေနဲ့ ခေါ်တဲ့
တက္ကသိုလ်ရှိမယ်။ နောက်တစ်ခုက ဘာသာရပ်အလိုက်အမှတ်မြှင့်ပြီး ခေါ်တဲ့
တက္ကသိုလ်တွေရှိလာမှာလို့ ဒုဝန်ကြီးကပြောတာ
ဖြစ်နိုင်တယ်။နောက်ပိုင်းတက္ကသိုလ်တွေကို ဝန် ကြီးဌာန၊ ဦးစီးဌာနက
ဝင်ရောက်စွက် ဖက်မှာမဟုတ်တော့ပါဘူး။ ကျောင်း သားတွေကလဲရွေးချယ်စရာ အခွင့်
အလမ်းတွေ ပိုရသွားမှာဖြစ်ပါတယ်'' ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်
ကြားရေးမှူးတစ်ဦးက ပြောသည်။
လက်ရှိတက္ကသိုလ်ဝင်ခွင့်များ ကို
တက္ကသိုလ်ဝင်တန်းစာမေးပွဲရ မှတ်များအပေါ် မူတည်၍အဆင့် မြင့် ပညာဦးစီးဌာန
(တက္ကသိုလ်ဝင် ခွင့်ရွေးချယ်ရေးအဖွဲ့)မှ တက္ကသိုလ် များ၏
ဝင်ဆံ့အင်အားပေါ်မူတည်၍ ရွေးချယ်နေသည့် စနစ်ဖြစ်ကြောင်း သိရသည်။
ATK, YM
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment