မုံရွာ၊ အောက်တိုဘာ ၂၉
လွတ်တော်ကအတည်ပြုပြီး နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော အမျိုးသားပညာရေး ဥပဒေကို အဓိကထား ဆွေးနွေးမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကြီးကို တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကာ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ရန်ကုန်မြို့တော် ခဝဲခြံမျက်မမြင်ကျောင်းတွင် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။
“ကျွန်တော်တို့ အခုကတည်းက ချိတ်ဆက်ပြီး ဖိတ်နေပါပြီ။ တိုင်းရင်းသား ကျောင်းသားတွေကိုလည်း ဖိတ်နေပါတယ်။
အဓိက ကတော့ အတည်ပြုထားပြီးဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားထုအနေနဲ့ ဘာတွေ ဆက်လုပ်မလဲ။ ဘာတွေ ဆုံးဖြတ်ချက် ချမလဲ ဆိုတာတွေကို ဆွေးနွေးမှာပါ” ဟု တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(မုံရွာ) အဖွဲ့ဝင် ကိုဝေမိုးနိုင်က ပြောဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကြီး ဖြစ်ပေါ်လာစေရန် နိုင်ငံအတွင်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုနှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ စီစဉ်နေခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ ပါဝင်မထားသည့် ကျောင်းသားကျောင်းသူ များလည်း ယင်းပွဲသို့ တက်ရောက်နိုင်ကြောင်း ၎င်းကဆိုသည်။
Credit - The Voice
No comments:
Post a Comment