ဖားကန့်ဒေသတွင် ကျောက်တူးနေသူများ(ဓာတ်ပုံ−အောင်ခိုင်)
ကချင်ပြည်နယ် ဖား ကန့်မြို့ရှိ ဒေသခံပြည်သူလူထု များက ကုမ္ပဏီများ
ကျောက်စိမ်း ပြန်လည် တူးဖော်လာခြင်းကို မလိုလားသည့်အတွက် နိုင်ငံ တော်
သမ္မတထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။
ဒေသခံများမှာ ကုမ္ပဏီများ ယခုလို လုပ်ငန်းပြန်လည်စတင် လာခြင်းကြောင့်
၎င်းတို့နေထိုင် သည့် ရပ်ကွက်၊ ကျေးရွာများကို စက်ယန္တရားများဖြင့် တူးဖော်လုပ်
ကိုင်ခြင်းကြောင့် လျင်မြန်စွာ ပျက်စီးယိုယွင်းလာခြင်းနှင့် သဘာဝ
ပတ်ဝန်းကျင်ပျက်စီးခြင်းတို့ဖြစ် ပေါ်လာမှုကြောင့် ယခုလိုစာတင်
ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘ကုမ္ပဏီတွေပဲ လုပ်သွား တော့ ဒေသခံတွေအတွက် အကျိုးခံစားမှုဘာမှမရှိဘူး။ အိမ်တွေ၊ ရွာတွေလည်း ပျက်ကုန်ပြီ။ တောင်တွေလည်းမရှိတော့ဘူး။ စိုက်ပျိုးစားသောက်စရာမြေတွေ လည်း ကုန်ပြီ’’ဟု ကန့်ကွက် လက်မှတ်ရေးထိုးရာတွင် ဦး ဆောင်ပါဝင်သူ ဦးမရန်ဂျာလက ပြောသည်။
အဆိုပါစာတွင် ကုမ္ပဏီများ မှ တူးဖော်ထားပြီးသော ကျင်းကြီး များကို ရေလှောင်ကန်လုပ်ကြပြီး စနစ်တကျထိန်းသိမ်းခြင်းမရှိဘဲ မိုးကြီးရေကြီးရာသီဥတုပြင်းထန် ချိန်တွင် ရေကန်၊ တာတမံကျိုး ပေါက်ခြင်းကြောင့် ရေကြီးရေလျှံ မှုတို့ဖြစ်ပေါ်ခြင်းတို့ ပါရှိသည်။
ထိုကန့်ကွက်စာအား ကန့် ကွက်လက်မှတ်ရေးထိုးသူ ၄၉၂၃ ဦးလက်မှတ်ရေးထိုးရပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ရက်တွင် အမျိုးသားလွှတ်တော်မှတစ်ဆင့် တင်ပြလိုက်ပြီဖြစ်ကြောင်းလည်း သတင်းရရှိသည်။
Credit - 7DAY DAILY

No comments:
Post a Comment