Friday, October 31, 2014

နိုဝင်ဘာကုန်ထိ မိုးကြိုးအန္တရာယ် အထူး သတိထားရမယ်

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ မိုးကြိုးအန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။ နိုဝင်ဘာလရဲ့ ရာသီဥတု အခြေအနေက ဘယ်လိုလဲ။

မိုးတိမ်တောင် ဖြစ်ပေါ်နိုင်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာလကုန်အထိ မိုးကြိုးအန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ သူက ရှင်းပြပါတယ်။


မိုးတိမ်တောင်တွေ ရွှေ့လျားရာ တစ်လျှောက်မှာ လေပြင်းနဲ့ အတူ မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်။ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပွားနိုင်တဲ့အပြင် နိုဝင်ဘာလဆန်းအထိ အခါလွန်မိုးတွေလည်း ရွာသွန်းဖွယ် ရှိတယ်လို့ သူက ခန့်မှန်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ နိုဝင်ဘာလကုန်အထိ မိုးတိမ်တောင်ဖြစ်ပေါ်မှု များနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း နိုဝင်ဘာလ အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေ ရံဖန်ရံခါ ဖြစ်ပေါ်နိုင်ပြီး မိုးရွာသွန်းမှု မှာလည်း ပုံမှန်ထက် ပိုနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

Credit - The Voice

No comments:

Post a Comment