DKBA ထိန်းချုပ်နယ်မြေတွင် ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ
"... အခုအခါမှာတော့ ကရင်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့အတွက် ကော်သူးလေတပ်မတော်ကို ပြန်လည်ဖွဲ့ စည်းရမှာဖြစ်တယ်..."
==== ==== ====
မြ၀တီမြို့နယ်၊ ဝေါလေဒေသ၊ ဆုံဆည်းမြိုင်(ကော်သူမွဲခီး)ကျေးရွာတွင် အောက်တိုဘာလ(၂၉) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်က ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေး တရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၊
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မိုရှေးနှင့် DKBA အရာရှိကြီးများ၊ KNU မှ
ဗိုလ်မှူးကြီး စောဖောဒိုနှင့်အဖွဲ့ဝင်များ၊ KNLA မှ ဗိုလ်မှူးကြီးစောနေရှေးနှင့်
အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဇွဲကပင်တောင် ဆရာ တော်နှင့် ဆရာတော်၊
သံဃာတော်များ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ မြ၀တီ၊
ဘားအံမြို့များမှ ကရင်တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကာကွယ်ရေးတပ်မတော်မှ စစ်ဦးစီးချုပ် ထင်ကျော်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ပါဝင်၍ ပြည်တွင်းသတင်းမီဒီယာများနှင့် ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဗိုလ်ချုပ်ကြီးစောလားပွယ်က ““နှစ်ပေါင်း(၆၀)ကျော်ကတည်းက
ကော်သူးလေတပ်မတော်ဆိုတာ တည်ရှိခဲ့တယ်။ အခုအခါမှာတော့ ကရင်တိုင်းရင်းသားတွေ
စည်းလုံးညီညွတ်ဖို့အတွက် ကော်သူးလေတပ်မတော်ကို ပြန်လည်ဖွဲ့
စည်းရမှာဖြစ်တယ်။ ကော်သူးလေတပ်မတော်ကို ထိုင်းနိုင်ငံအတွင်းပြုလုပ်တဲ့
(၁၅) ကြိမ်မြောက်ညီလာခံမှာ တရားဝင် အတည်မပြုခဲ့ပေမယ့် (၁၆)ကြိမ်မြောက်
ညီလာခံမှာတော့ အတည်ပြုဖို့ တင်ပြသွားမှာဖြစ်တယ်။ ကော်သူးလေတပ်မတော်
ဖွဲ့စည်းဖို့ လူထုရဲ့ထောက်ခံအားပေးမှု လည်း လိုအပ်ပါတယ်””ဟု ထည့်သွင်း
ပြောကြားသည်။
ထို့နောက် DKBA မှ ဗိုလ်မှူးစောလုံလုံက ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာ
အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ပြီးနောက်
အစည်း အဝေးသို့တက်ရောက်လာသော ဒေသဆိုင်ရာကိုယ်စားလှယ်များက
၎င်းတို့၏ သဘောထားအမြင်များကို တင်ပြဆွေးနွေးကြပြီး ပထမနေ့အစည်းအဝေးကို
ညနေ(၄း၀၀)နာရီအချိန်တွင် ရပ်နားလိုက်သည်။ အဆိုပါအစည်းအဝေးကို
အောက်တိုဘာလ(၂၉)ရက်မှ (၃၁)ရက်နေ့ အထိ (၃)ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဦးနိုင်(မြ၀တီ)
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment