ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိ သူများနှင့် မြို့နယ်အခြေ စိုက် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံ ပွဲကို အောက် တိုဘာ ၂၉ ရက် နံနက် (၁၀) နာရီက မြို့နယ်အထွေေ ထွ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကျိုက် လတ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်အခြေ စိုက် နိုင်ငံရေး ပါတီများမှ တာဝန်ရှိ သူ ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ အပြန် အလှန်ဆွေး နွေးခဲ့သည်။…
““ရွေးကောက်ပွဲကိစ္စတွေမှာ ကော်မရှင်က အသစ်တွေ ပါလာတယ်။ နိုင်ငံရေးပါတီတွေ က ခေါင်း ဆောင် ပိုင်း တွေလည်း သိအောင် ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်လုပ်ကိုင်လို့ ရအောင်ပါ။ အဓိကရည်ရွယ်ချက် က ဒါပါပဲ။ ကော်မရှင်မှာဌာနဆိုင်ရာကပြောင်း တယ်။ လူချင်းလည်း သိသွားတာ ပေါ့။ အခုလိုတွေ့ဆုံလိုက်တဲ့ အခါ သူတို့ဘက်ကလည်း ဆွေးနွေးလို တာလေးတွေလည်း ဆွေးနွေးလို့ရတာပေါ့။ ကျွန်တော်တို့ဘက်က လည်းလုပ်တဲ့ ဟာလေးတွေ သူတို့ သိအောင်ပါ။ မြို့နယ်ကော်မရှင် ဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်တဲ့ ညွှန်ကြားချက်ပေါ်မှာ လိုက်နာလုပ်ရတယ်။ တိုင်းတို့ ခရိုင်တို့ရဲ့ ကြီးကြပ်မှုအရ လုပ်ငန်းစဉ်တွေမှာ မြို့နယ်ကော်မ ရှင်သတ်သတ် လုပ်ရတဲ့ဟာရှိသလို နိုင်ငံရေးပါတီတွေဆီကနေ စာရင်းဘာညာယူပြီး လုပ်ရတာ တွေရှိတယ်။ ဒါတွေသိအောင်ပါ””ဟု ကျိုက်လတ်မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက်္ကဋ္ဌဖြစ်သူ ဦးသူရက မြန်မာသံ တော်ဆင့်သို့ ပြောသည်။
ဆွေးနွေးပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇေယျက ပြည်ထောင်စု ရွေးကောက် ပွဲမရှင်က ထုတ်ပြန် ထားသည့် ၁/၂၀၁၄ ပါ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာလကို ရက်ပေါင်း ၃၀ သတ် မှတ်ခြင်း နှင့်ယခုကြားသိနေရသည့် ကာလသတ်မှတ်ချက် ရက်ပေါင်း ၆၀ သို့ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရက်ပေါင်း ၆၀ သတ်မှတ်ချက်သည် ယခုအချိန်အထိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ညွှန် ကြား ချက်မရောက်ရှိကြောင်း ကော်မရှင်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောဆိုခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ၂၀၁၅ ရွေး ကောက် ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများအတိုင်း အရိုးသားဆုံး ပါဝင် ယှဉ်ပြိုင်သွား မည်ဟုဆွေးနွေးခဲ့ကာ တက်ရောက်လာသော နိုင်ငံရေးပါတီ များက လည်း ၂၀၁၀ ရွေး ကောက်ပွဲ ၌ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို အကြံပြု ဆွေးနွေးခဲ့သည်။
ယခုလပိုင်းအတွင်း ဖျာပုံခရိုင် အတွင်းရှိ အချို့သော မြို့နယ်များတွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန် ရှိသူများက NLD ပါတီဝင်အင်အား စာရင်းတောင်းယူမှုများ ရှိခဲ့သည့် အတွက် နိုင်ငံရေးပါတီဝင်များက သက်ဆိုင်ရာသို့ ကန့်ကွက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
အာဏာပိုင်များက ပါတီဝင်လူစာရင်းများ ကောက်ခံနေမှုနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ရွေး ကောက်ပွဲကာလတွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာ၌ ပါတီနိုင်ငံရေး ကင်း ရှင်းသူများကို စိစစ်၍ ဖွဲ့စည်းသွားမည်ဖြစ်ကာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ယူသူများ အနေဖြင့် နိုင်ငံ ရေးကင်းရှင်းကြောင်း စိစစ်နိုင်ရန် နိုင်ငံရေး ပါတီများထံမှ ပါတီဝင်အင် အားစာရင်း များ တောင်း ယူခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများမှ ပါတီ ၀င်အင်အားစာရင်းများကို ကော် မရှင်သို့ပေးပို့ရန် ညွှန်ကြားချက် များလည်း ရှိကြောင်း၊ ရွေးကောက် ပွဲကော်မရှင် ဥပဒေတွင်လည်း ပါဝင်ကြောင်းနှင့် ပါတီဝင်စာရင်းများ ရရှိပါက သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ကို စနစ်တကျဖြင့် ပါတီ နိုင်ငံရေး ကင်းရှင်းသူများနှင့် သေချာစွာ ဖွဲ့စည်းပေးနိုင် ကြောင်း မြို့ နယ်ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌဦးသူရက ပြောသည်။
““ကော်မရှင်ကနေ တိုက်ရိုက် တောင်းမှာပါ။ လောလောဆယ် ပါတီဝင်အင်အား စာရင်းမတောင်း သေးပါဘူး။ မြို့နယ် အလုပ်အမှု ဆောင်စာရင်း လောက်တော့ တောင်းတယ်။ နိုင်ငံရေးပါတီတွေက အင်အားသိပ်များေ တာ့ ပေးဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း သဘောပေါ့ဗျာ””ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်လတ်မြို့နယ်၌ တစ်သီး ပုဂ္ဂလအပါ အ၀င် နိုင်ငံရေးပါတီ အဖွဲ့အစည်း ၆ ဖွဲ့ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ယခုလာမည့် ၂၀၁၅ ခုနှစ် အထွေထွေေ ရွး ကောက်ပွဲတွင် ယင်းမြို့နယ်၌ နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်း ၁၀ပါတီခန့် ၀င်ရောက် ယှဉ်ပြိုင်ေ ရွးချယ်ခံမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဇော်နိုင်ဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment